
ရန်ကုန် ဩဂုတ် ၂၄
၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၉) စတုတ္ထနေ့အဖြစ် ရန်ကုန်အသင်းနှင့် GFA အသင်းတို့ သြဂုတ် ၂၄ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ ရန်ကုန်အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ယာယီနည်းပြချုပ် ဦးကျော်ဒွန်း ပထမဆုံးကိုင်တွယ်သည့်ပွဲတွင် ရန်ကုန်ယူနိုက် တက်အသင်းက ပထမပိုင်းသွင်းဂိုးများဖြင့် အနိုင်ရပြီး အမှတ်ပေးဇယား ဒုတိယနေရာ တွင် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။ ရန်ကုန်အသင်းသည် ယခုပွဲတွင် အသစ်ခေါ်ယူထား သည့် ကစားသမားသစ်အချို့ အသုံးပြုခဲ့ပြီး ဘရာဇီးတိုက်စစ်မှူး ဂျူနီယာ က တစ်ဂိုးသွင်းယူနိုင်ခဲ့သည်။ GFA အသင်းမှာမူ ယခုရှုံးပွဲကြောင့် တန်းဆင်းဇုန်အတွင်း ဆက်ရှိနေပြီး ဒုတိယအကျော့တွင် ရုန်းကန် ရတော့မည်ဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် အသစ်ခေါ်ယူထားသည့် ဘရာဇီး တိုက်စစ်မှူး ဂျူနီယာကို ပွဲထွက်လူစာရင်းတွင် အသုံးပြုကာ ပြည်တွင်း အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့သည်။ GFA အသင်းမှာမူ နိုင်ငံခြားသားကစားသမားများကို အမာခံထားကာ ပြည်တွင်းကစား သမားများ အပြောင်းအလဲပြုလုပ်ခဲ့သည်။ ရန်ကုန်အသင်းသည် ပွဲစ ကတည်းက တိုက်စစ်မြှင့်ခဲ့ပြီး ပွဲအစ ၁၅ မိနစ်မပြည့်မီမှာပင် အနိုင်ဂိုး နှစ်ဂိုးရရှိခဲ့သည်။ ရန်ကုန်အသင်းအတွက် ဂိုးများကို ၈ မိနစ်တွင် ကျော်ဖြိုးဝေနှင့် ၁၄ မိနစ်တွင် ဂျူနီယာတို့က သွင်းယူခဲ့သည်။ ဂျူနီယာ သည် ပထမဆုံးပွဲမှာပင် ဂိုးသွင်းယူနိုင်သော်လည်း အခွင့်အရေးများစွာ အသုံးမချနိုင်ခဲ့ပေ။ GFA အသင်းသည် ချေပဂိုးရနိုင်သည့် အခွင့်အရေး ပြန်ရသော်လည်း အသုံးမချနိုင်သဖြင့် ပထမပိုင်းအပြီးတွင် ရန်ကုန် အသင်းက နှစ်ဂိုးအသာဖြင့် ဦးဆောင်နေသည်။ ဒုတိယပိုင်းတွင်လည်း ရန်ကုန်အသင်းက ပိုမိုဖိကစားနိုင်ခဲ့ပြီး ဂိုးထပ်မံရနိုင်မည့် အခွင့်အရေးကို ဂျူနီယာ၊ စအောင်ပြည့်ကိုတို့ အသုံးမချနိုင်ခဲ့ပေ။ GFA အသင်းသည် ချေပဂိုးပြန်လည်မသွင်းယူနိုင်သဖြင့် ပထမပိုင်းရလဒ်အတိုင်း ပြီးဆုံးခဲ့ သည်။ ပထမအကျော့ပွဲအားလုံး ကစားအပြီးတွင် ရန်ကုန်အသင်းက ခြောက်ပွဲနိုင်၊ တစ်ပွဲသရေ၊ နှစ်ပွဲရှုံး ရမှတ် ၁၉ မှတ်၊ GFA အသင်းက နှစ်ပွဲနိုင်၊ ခုနစ်ပွဲရှုံး ရမှတ် ခြောက်မှတ် ရရှိထားသည်။
ပထမအကျော့နောက်ဆုံးပွဲအဖြစ် ရတနာပုံအသင်းနှင့် အား/ကာ သိပ္ပံအသင်းတို့ သြဂုတ် ၂၅ ရက် (ယနေ့) ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း ၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ရဲရင့်လွင်