
၂၀၂၃ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၃) ပထမနေ့ကို မတ် ၃ ရက်က ကျင်းပရာ ဒဂုံစတားအသင်း ဂိုးပြတ်နိုင်ပြီး လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း သုံးပွဲဆက် အနိုင်ရခဲ့သည်။
YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ဒဂုံစတားအသင်းက မဟာယူနိုက်တက် အသင်းကို လေးဂိုးပြတ်အနိုင်ရခဲ့သည်။ ပွဲစဉ်(၂) အပြီးတွင် လေးမှတ်စီရထားသည့် နှစ်သင်း တွေ့ဆုံခြင်းဖြစ်ပြီး ဒဂုံစတားအသင်းက မထင်မှတ်ဘဲ ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ သည်။ နှစ်သင်းစလုံး နိုင်ငံခြားသားကစားသမား မပါဝင်ဘဲ ပြည်တွင်းကစားသမားများဖြင့် ပွဲထွက်လာပြီး ပွဲမှာအပြန်အလှန်ရှိခဲ့သော်လည်း ဒဂုံစတားအသင်းက အခွင့်အရေးများ အသုံးချနိုင် သဖြင့် ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ ၁၅ မိနစ်တွင် ညီညီအောင်က ခေါင်းတိုက်ပြီး ဒဂုံစတားအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ မိနစ် ၆၀ တွင် ဇော်လင်းဦး က ဒဂုံစတားအသင်းအတွက် ဒုတိယဂိုးသွင်းယူခဲ့သည်။ ၇၁ မိနစ်တွင် မဟာယူနိုက်တက်အသင်း ပယ်နယ်တီ ကန်ခွင့်ရသော်လည်း သက်နိုင်၏ကန်သွင်းချက်ကို ဒဂုံစတားဂိုးသမား ဇင်ညီညီအောင် ကာကွယ် နိုင်ခဲ့သည်။
ဒဂုံစတားအသင်းအတွက် နောက်ထပ် အနိုင်ဂိုး များကို ၈၅၊ ၉၀ မိနစ်တွင် မင်းမြတ်စိုးတို့က သွင်းယူခဲ့သည်။ သုံးပွဲစီကစားအပြီးတွင် ဒဂုံစတား အသင်းက ခုနစ်မှတ်၊ မဟာယူနိုက်တက်အသင်းက လေးမှတ်ရရှိထားသည်။
အနိုင်ရခဲ့
သုဝဏ္ဏကွင်း၌ကျင်းပသည့်ပွဲတွင် လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက ဧရာဝတီအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ သုံးပွဲစီ ကစားအပြီးတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အသင်းက ကိုးမှတ်၊ ဧရာဝတီအသင်းက တစ်မှတ်ရရှိ ထားသည်။
ယှဉ်ပြိုင်ကစား
ပွဲစဉ် (၃) ဒုတိယနေ့အဖြစ် မတ် ၄ ရက် (ယနေ့)တွင် သုဝဏ္ဏကွင်း၌ အား/ကာသိပ္ပံနှင့် မြဝတီအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ရဲရင့်လွင်
ဓာတ်ပုံ-MNL