
ရန်ကုန် ဇူလိုင် ၉
၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၃) ပထမနေ့ကို ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ ကျင်းပရာ အား/ကာသိပ္ပံ အသင်းက ဟံသာဝတီအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့ သည်။ ဟံသာဝတီအသင်းအတွက် ဖိအားဝင်စေသည့် နောက်ထပ်ရှုံးပွဲဖြစ်ခဲ့ပြီး ပွဲစဉ် (၁) တွင် ဧရာဝတီကို အနိုင်ရ သော်လည်း မဟာယူနိုက်တက်နှင့် အား/ကာသိပ္ပံတို့ကို အရှုံး ပေးခဲ့ရခြင်းဖြစ်သည်။ နှစ်သင်းစလုံး ပြည်တွင်းကစား သမားများဖြင့် ဖွဲ့စည်းထားသည့်အပြင် နိုင်ပွဲပြန်လည်ရယူ နိုင်ရေးအတွက် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့သည်။
ကစားအားကောင်းသည့် အား/ကာသိပ္ပံအသင်းသည် ဟံသာဝတီခံစစ်ကို အခက်တွေ့အောင်လုပ်နိုင်ခဲ့ပြီး ၃၈ မိနစ် တွင် လင်းထက်စိုးက တစ်လုံးတည်းသော အနိုင်ဂိုးသွင်း ယူခဲ့သည်။ အား/ကာသိပ္ပံသည် သုံးပွဲကစား ခြောက်မှတ်ရ ထားပြီး ဟံသာဝတီက သုံးပွဲကစား သုံးမှတ်ရရှိထားသည်။
ပွဲစဉ် (၃) ဒုတိယနေ့ကို ဇူလိုင် ၁၀ ရက် (ယနေ့) ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး မဟာယူနိုက်တက်အသင်းနှင့် ဧရာဝတီအသင်းယှဉ်ပြိုင် ကစားမည်ဖြစ်သည်။
ရဲရင့်လွင်