MNL ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက် နိုင်ပွဲဆက်ပြီး အား/ကာသိပ္ပံ ဂိုးပြတ်နိုင်ပွဲရရှိ

ရန်ကုန်  ဇူလိုင်  ၁၃
၂၀၂၄-၂၀၂၅ ရာသီ  MNL  အမှတ် ပေးပြိုင်ပွဲ ပွဲစဉ် (၃) တတိယနေ့ကို ဇူလိုင် ၁၃  ရက်က  ဆက်လက် ကျင်းပရာ ရန်ကုန်ယူနိုက်တက်နှင့် အား/ကာသိပ္ပံအသင်း   ဂိုးပြတ် အနိုင်ရခဲ့သည်။
YUSC ကွင်း၌  ကျင်းပသည့်ပွဲ တွင် ရန်ကုန်ယူနိုက်တက်အသင်း က   မြဝတီအသင်းကို  ငါးဂိုးပြတ် အနိုင်ရခဲ့သည်။   ရန်ကုန်ယူနိုက် တက်အသင်းကို   တစ်ကျော့ပြန် ကိုင်တွယ်နေသည့်   နည်းပြချုပ် ဦးကျော်ဒွန်း      လက်ထက်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် နှစ်ပွဲဆက်အနိုင်ရခဲ့ပြီး   ဂိုးပြတ် နိုင်ပွဲနှင့်အတူ   ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။   မြဝတီ အသင်းသည်  ရာသီအဖွင့်ပွဲတွင် ရှမ်းယူနိုက်တက်ကို အဝေးကွင်း၌ တစ်ဂိုးဖြင့်သာ အရေးနိမ့်ခဲ့သော် လည်း   ယခုပွဲတွင်    ဂိုးပြတ် အရေးနိမ့်ခဲ့သည်။
နှစ်သင်းစလုံး  အမာခံကစား သမားအစုံအလင်  အသုံးပြုခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲအစ  ၁၆  မိနစ်အတွင်း   နှစ်ဂိုး သွင်းယူနိုင်သဖြင့်   ပွဲကိုထိန်းချုပ် နိုင်သလို  ဂိုးပြတ်သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။   ရန်ကုန်ယူနိုက်တက် အသင်းအတွက်  အနိုင်ဂိုးများကို ၁၂၊ ၄၅+၂ မိနစ်တွင် လမင်းထွေး၊ ၁၆ မိနစ်တွင် ရန်နိုင်ဦး၊ ၅၂ မိနစ် တွင် လှိုင်းဘိုဘိုနှင့် ၈၄ မိနစ်တွင် ဥက္ကာနိုင်တို့က  သွင်းယူခဲ့သည်။ ယခုပွဲအတွက်  အကောင်းဆုံးဆု ကို ရန်ကုန်ယူနိုက်တက်အသင်းမှ ဥက္ကာနိုင်က   ရရှိသည်။   ယခုပွဲ အပြီးတွင်   ရန်ကုန်ယူနိုက်တက် အသင်းက  နှစ်ပွဲကစား   ခြောက် မှတ်၊   မြဝတီအသင်းက   နှစ်ပွဲ ကစား  အမှတ်မရသေးပေ။
သုဝဏ္ဏကွင်း၌ ကျင်းပသည့် ပွဲတွင်   အား/ကာသိပ္ပံအသင်းက ရခိုင်ယူနိုက်တက်   အသင်းကို ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရာသီအစ   အဖွင့်ပွဲတွင်   ရှုံးပွဲ ကြုံတွေ့ထားသည့်      နှစ်သင်း ထိပ်တိုက်      တွေ့ဆုံခြင်းဖြစ်ပြီး အား/ကာသိပ္ပံအသင်းက ဂိုးပြတ် အနိုင်ရခဲ့သည်။  အား/ကာသိပ္ပံ အသင်းအတွက် ဂိုးများကို ၁၂၊ ၂၉ မိနစ်တွင် နိုင်နိုင်ကျော်၊ ၃၀၊ ၄၈၊ ၆၂ မိနစ်တွင် သိန်းဇော်သီဟတို့က သွင်းယူပြီး        ရခိုင်ယူနိုက်တက် အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၇၆ မိနစ်တွင် ဂျိုးဇက်က သွင်းယူခဲ့ သည်။ ယခုပွဲအတွက် အကောင်း ဆုံးဆုကို   ဟက်ထရစ်သွင်းယူခဲ့ သည့်   အား/ကာသိပ္ပံအသင်းမှ သိန်းဇော်သီဟက ရရှိသည်။ ယခု ပွဲအပြီးတွင် အား/ကာသိပ္ပံအသင်း က နှစ်ပွဲကစား သုံးမှတ်၊ ရခိုင် ယူနိုက်တက်အသင်းက   နှစ်ပွဲ ကစား အမှတ်မရသေးပေ။
ပွဲစဉ် (၂) နောက်ဆုံးနေ့အဖြစ် ဇူလိုင်  ၁၄ ရက်  (ယနေ့)  တွင် သုဝဏ္ဏကွင်း၌ ဟံသာဝတီအသင်း နှင့် သစ္စာအားမာန်အသင်း၊ ပုသိမ် ကွင်း၌           ဧရာဝတီအသင်းနှင့် Dagon Port အသင်း  ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။
ရဲရင့်လွင်
ဓာတ်ပုံ-MNL