
ရန်ကုန် ဩဂုတ် ၂၂
၂၀၂၄ ရာသီ MNL ယူ-၂၀ လူငယ် လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၂) ကို သြဂုတ် ၂၁၊ ၂၂ ရက်က ဆက်လက်ကျင်းပ ရာ သစ္စာအားမာန်၊ အား/ကာသိပ္ပံ နှင့် ရန်ကုန်ယူနိုက်တက်အသင်း တို့ နိုင်ပွဲရရှိသည်။
ပွဲစဉ် (၁၂) ပထမနှင့် ဒုတိယ နေ့တွင် ဇယားအပေါ်ပိုင်းမှ အသင်းများသာ နိုင်ပွဲရရှိပြီး ဇယားအောက်ပိုင်းမှ အသင်းများ နိုင်ပွဲပျောက်ဆုံးခဲ့သည်။ ရန်ကုန် ယူနိုက်တက်အသင်းက ဟံသာဝတီ ယူနိုက်တက် အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ အား / ကာသိပ္ပံအသင်း က ရတနာပုံအသင်းကို နှစ်ဂိုး-တစ်ဂိုး၊ သစ္စာအားမာန်အသင်းက မဟာယူနိုက်တက်အသင်းကို သုံးဂိုးပြတ်ဖြင့် အနိုင်ရပြီး မြဝတီအသင်း နှင့် ရခိုင်ယူနိုက်တက်အသင်း ဂိုးမရှိသရေကျခဲ့သည်။ ယခုပွဲအပြီးတွင် အား/ကာသိပ္ပံအသင်းက ၁၁ ပွဲကစား ၂၃ မှတ်၊ ရန်ကုန်ယူနိုက်တက် အသင်းက ၁၁ ပွဲကစား ၁၇ မှတ်၊ သစ္စာအားမာန်အသင်းက ၁၁ ပွဲကစား ၁၄ မှတ်၊ ရတနာပုံအသင်းက ၁၁ ပွဲကစား ၁၂ မှတ်၊ ရခိုင်ယူနိုက်တက် အသင်းက ၁၁ ပွဲကစား ၁၀ မှတ်၊ မြတီအသင်းနှင့် ဟံသာဝတီယူနိုက်တက် အသင်းက ၁၁ ပွဲကစား ခြောက်မှတ်စီ၊ မဟာယူနိုက်တက်အသင်းက ၁၁ ပွဲကစား ငါးမှတ် ရရှိထားသည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MNL