မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များနှင့် နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို နှစ်ဖက်ဆွေးနွေး

 

နေပြည်တော်   ဒီဇင်ဘာ   ၇


နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလွင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အကြိမ်    (၂၀)  မြောက်    မြန်မာ-အိန္ဒိယ   နှစ်နိုင်ငံ     နိုင်ငံခြားရေး ဝန်ကြီးဌာနများအကြား     မူဝါဒ ရေးရာ       ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ရန် အိန္ဒိယသမ္မတ နိုင်ငံ နယူးဒေလီမြို့သို့ ဒီဇင်ဘာ ၄ ရက်မှ ၆ ရက်အထိ သွားရောက် ခဲ့ပြီး   ယနေ့တွင်    ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။


ဒုတိယဝန်ကြီးသည် ဒီဇင်ဘာ ၆ ရက် ဒေသစံတော်ချိန် မွန်းတည့် ၁၂    နာရီတွင်    နယူးဒေလီမြို့ရှိ ဟိုက်ဒြာဘတ် အစိုးရဧည့်ဂေဟာ ၌    ကျင်းပသည့်   အကြိမ်   (၂၀) မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ  နိုင်ငံခြားရေး    ဝန်ကြီးဌာနများ အကြား   မူဝါဒရေးရာ    ညှိနှိုင်း ဆွေးနွေးပွဲသို့    တက်ရောက်ပြီး ဆွေးနွေးပွဲတွင်     အိန္ဒိယပြည်ပ ရေးရာဝန်ကြီးဌာန နိုင်ငံခြားရေး အတွင်းဝန် မစ္စတာ ဗီနေး မိုဟန် ကွာထရာနှင့်အတူ    ပူးတွဲသဘာ ပတိအဖြစ် ဆောင်ရွက်သည်။


ဆွေးနွေးပွဲတွင်       မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာ ကိစ္စရပ် များနှင့်   နယ်စပ်ဒေသ    ပူးပေါင်း ဆောင်ရွက်ရေး၊      လုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍ      ပူးပေါင်း ဆောင်ရွက်မှုများ၊ အိန္ဒိယနိုင်ငံ၏  အကူအညီဖြင့် ဆောင်ရွက်လျက် ရှိသည့် စီမံကိန်းများ၏ ဖြစ်ပေါ် တိုးတက်မှု       အခြေအနေများ၊ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုများ၊ ကောင်စစ်ဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ        ပူးပေါင်း ဆောင်ရွက်မှုများ၊ အနာဂတ်တွင် ပူးပေါင်း     ဆောင်ရွက်နိုင်မည့် ကဏ္ဍများအပါအဝင်    နှစ်နိုင်ငံ အကြား ကဏ္ဍစုံပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ     ကိစ္စရပ်များကို နှစ်ဖက်          ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။


အဆိုပါ ဆွေးနွေးပွဲသို့ အိန္ဒိယ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး  ဦးမိုးကျော်အောင်၊ မြန်မာနိုင်ငံ ဆိုင်ရာ     အိန္ဒိယသံအမတ်ကြီး  မစ္စတာ ဗီနေးကူမား၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာ သံရုံး၊ နယူးဒေလီမြို့နှင့် အိန္ဒိယ နိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန တို့မှ    တာဝန်ရှိသူများ    တက် ရောက်ကြသည်။ 


ထို့နောက်     နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာ ဝန်ကြီး  ဒေါက်တာ   အက်စ်ဂျိုင် ရှန်ကာအား    ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် ပြည်ပရေးရာ ဝန်ကြီး၏    ဧည့်ခန်းမ၌      သွား ရောက်တွေ့ဆုံပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံ ရေး    ပိုမိုတိုးမြှင့်ရေး၊    နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားရေး၊ ပေါင်းစည်းချိတ်ဆက်မှု  ကဏ္ဍအပါအဝင်        အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ      ပိုမို မြှင့်တင်ရေး   ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ     အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း      သတင်း ရရှိသည်။                  

သတင်းစဉ်