မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန် ONE FIGHT NIGHT 6 ပြိုင်ပွဲတွင် ထိုးသတ်ရန် ထိုင်းနိုင်ငံ၌ အပြီးသတ်လေ့ကျင့်ပြင်ဆင်နေ

 

ရန်ကုန်  ဇန်နဝါရီ  ၁၁


မြန်မာ  MMA  ဖိုက်တာ   အောင်လ အန်ဆန်သည်    မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၄ ရက်  နံနက်ပိုင်းတွင် ကျင်းပမည့်   ONE FIGHT NIGHT 6 ပြိုင်ပွဲတွင်         Catchweight စိန်ခေါ်ပွဲထိုးသတ်ရန်  ထိုင်းနိုင်ငံ သို့   ရောက်ရှိနေပြီး   အပြီးသတ် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။

 


ONE FIGHT NIGHT 6  ပြိုင်ပွဲ တွင်    တွဲဆိုင်းကိုးပွဲ    ပါဝင်မည် ဖြစ်ပြီး       အဓိကတွဲဆိုင်းအဖြစ် ကစ်ဘောင်ဆင် ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ်    ထိုင်း နိုင်ငံသား ဆူပါဘွန်နှင့် အဇာဘိုင် ဂျန်/ ဘီလာရုစ်နိုင်ငံသား အယ်လာ ဇော့ဗ်တို့   ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်သည်။   အောင်လအန်ဆန်သည် ယင်းပြိုင်ပွဲတွင်     Catchweight စိန်ခေါ်ပွဲအဖြစ်  ဘရာဇီးနိုင်ငံသား ဂယ်လ်ဗိုနှင့်     ယှဉ်ပြိုင်ထိုးသတ် မည်ဖြစ်ပြီး   အနိုင်ရပါက  မစ်ဒယ် ဝိတ်တန်း       ကမ္ဘာ့ချန်ပီယံဆု ပြန်လည်စိန်ခေါ်နိုင်ရန်     အခွင့် အရေး        ရလာဖွယ်ရှိနေသည်။ အောင်လအန်ဆန်သည်        ပြီးခဲ့ သည့်ရက်ပိုင်းက    ထိုင်းနိုင်ငံသို့ ရောက်ရှိလာကာ   အပြီးသတ် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။   

 


အောင်လအန်ဆန်   သည်  ယခင်က  တရုတ်နိုင်ငံသား  ဖန်ယုံ နှင့် ထိုးသတ်ရမည်ဖြစ်သော်လည်း ပြိုင်ဘက်ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး ဂယ်လ်ဗိုနှင့်   ယှဉ်ပြိုင်ထိုးသတ် ရမည်ဖြစ်သည်။   ဂယ်လ်ဗိုသည် ပြိုင်ပွဲများနှင့် နှစ်အနည်းငယ်ကြာ ဝေးကွာနေသူ   ဖြစ်သော်လည်း အတွေ့အကြုံရှိသူ      ဖြစ်သော ကြောင့်    အောင်လအန်ဆန် အတွက်   ခက်ခဲသည့်   ပြိုင်ဘက် ဖြစ်လာနိုင်သည်။ အောင်လအန် ဆန်အတွက် ယခုပွဲမှာ ၂၀၂၃ ခုနှစ် အတွင်း ပထမဆုံးထိုးသတ်ရသည့် ပွဲဖြစ်ပြီး   နောက်ဆုံးထိုးသတ်ခဲ့ သည့်ပွဲနှင့်   နှစ်လဝန်းကျင်သာ ကြာမြင့်ခဲ့သည်။

 


ယင်းပြိုင်ပွဲကို အမေရိကန်နှင့် ကနေဒါနိုင်ငံတို့မှ ပရိသတ်များ အတွက် ကျင်းပခြင်းဖြစ်ပြီး ယင်း နိုင်ငံများတွင် ဇန်နဝါရီ ၁၃ ရက် ညပိုင်းကြည့်ရှုနိုင်ရန်       မြန်မာ စံတော်ချိန် ဇန်နဝါရီ ၁၄ ရက် နံနက် ၇ နာရီခွဲတွင်  ထိုင်းနိုင်ငံ၌ ကျင်းပခြင်းဖြစ်သည်။  

ရဲရင့်လွင်
ဓာတ်ပုံ - အောင်လအန်ဆန် Facebook