
ရန်ကုန် ဒီဇင်ဘာ ၁၀
TGL#2 The Great Lethwei ရိုးရာလက်ဝှေ့ ပြိုင်ပွဲကို CANAL+ က ကြီးမှူးပြုလုပ်မည့် မြန်မာ့ရိုးရာ ပထမတန်းလက်ဝှေ့ကျော် ယျှူးခလိန်းမီးနှင့် ထိုင်းနိုင်ငံမှ မွေထိုင်း အကျော်အမော် တိုတို တို့ ယှဉ်ပြိုင်ထိုးသတ် ကြမည်ဖြစ်သည်။
ယှဉ်ပြိုင်ထိုးသတ်ကြမည်
အဆိုပါ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ တွင် တွဲဆိုင်း ရှစ်တွဲပါဝင်ပြီး ၇၁-၇၅ ကီလို (မစ်ဒယ်ဝိတ်တန်း) တွင် ယျှူးခလိန်းမီး (မြန်မာ)နှင့် တိုတို(ထိုင်း)၊ ဒုတိယခေါင် တွဲဆိုင်းအဖြစ် ၆၃ ဒသမ ၅ - ၆၇ ကီလို (ဝယ်လ်တာဝိတ်တန်း)တွင် ပတ်ကျောလင်း နိုင်နှင့် သက်ဝင်းအောင်တို့ ယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်သည်။
ထို့အတူ ၅၄-၅၇ ကီလို(ဖယ်သာဝိတ် တန်း)တွင် စောကဲဒိုနှင့် သားသား၊ နာဂမင်း နှင့် အောင်ထက်ဦး၊ ၅၇-၆၀ ကီလို (လိုက် ဝိတ်တန်း)တွင် နိုင်အောင်ရှင်နှင့် စော ငမောက်၊ ၆၃ ဒသမ ၅-၆၇ ကီလို(ဝယ်လ်တာ ဝိတ်တန်း)တွင် ကြယ်စင်ထွန်းနှင့် အောင် ကြီး၊ ၅၇-၆၀ ကီလို(လိုက်ဝိတ်တန်း)တွင် ရွှေထွန်းယုံနှင့်အောင်ပိုင်၊ ၆၃ ဒသမ ၅-၆၇ ကီလို(ဝယ်လ်တာဝိတ်တန်း)တွင် အဖိုးသွေး နှင့် ထက်နိုင်အောင်တို့ ယှဉ်ပြိုင်ထိုးသတ် ကြမည်ဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်ပြသမည်
အဆိုပါ ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီတွင် ကျင်းပမည်ဖြစ်ပြီး CANAL+ Sports 1 ရုပ်သံလိုင်းနှင့် CANAL+ အပလီကေးရှင်း တို့မှ တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဖြစ် ကြောင်း သိရသည်။
အာကာစိုး