မြန်မာ ယူ-၁၈ အမျိုးသမီးအသင်း အာဆီယံ ယူ-၁၈ အမျိုးသမီးပြိုင်ပွဲယှဉ်ပြိုင်ရန် ထွက်ခွာ

 

ရန်ကုန်  ဇူလိုင်  ၂၁


အင်ဒိုနီးရှားနိုင်ငံ၌  ဇူလိုင်  ၂၂ ရက်မှ  သြဂုတ်   ၄   ရက်အထိ ကျင်းပမည့် ၂၀၂၂ အာဆီယံ ယူ-၁၈ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၈ အမျိုး သမီးအသင်းသည်   ဇူလိုင်   ၂၁ ရက်  ညနေပိုင်းက  ရန်ကုန်မြို့မှ ထွက်ခွာသွားသည်။

 


ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၁၈ အမျိုးသမီးအသင်းတွင် အုပ်ချုပ် သူ- ဒေါ်မြတ်မြတ်ဦး၊   နည်းပြ ချုပ် -  ဒေါ်သက်သက်ဝင်း၊  လက် ထောက်နည်းပြ - ဒေါ်စန်းယုနိုင်၊ ဒေါ်စိန်စီစီလှိုင်၊ ဒေါ်သူဇာထွေး၊ ဂိုးနည်းပြ- ဦးဇော်လင်းအောင်၊ ကစား သမားများအဖြစ် ဂိုးသမား- မေဦးခင်၊ လူဆီးယာ၊ ဖြီးဗေ၊ နောက်တန်း- ဖြုဖြူဝင်း၊   မေသက်မွန်မြင့်၊  မိုးပြည့်ပြည့်မောင်၊ ကြယ်စင်၊ နွယ်မိုး၊ ဖြူဖွေး၊  နန်းရွှေသင်း၊ ခင်ဌေးကြိုင်၊ ရွှန်းလဲ့ခိုင်၊ အလယ်တန်း-  ဂျူးထက် ဝေ၊ ဟေမာန်စိုး၊ ခင်စန်းလွင်၊ ဒေစီအောင်၊ နှင်းပွင့်အေး၊ ဝေဖူးအိမ်၊ ဝေဟင်ဖြိုး၊ ထက်ထက်ဝင်း၊  အေးထက်ထက်ပိုင်၊ နန်းချိုမွှေး၊  ရှေ့တန်း-ယဉ်လွန်းအိမ်၊ သိင်္ဂီထွေး၊ ဖျားမြာမို့မို့ အေး၊ ဇင်မိုးပြည့်၊ ဒီဇင်ဘာနှင်း၊ ဆုမြတ်နိုးတို့ လိုက်ပါသွားသည်။

 


အာဆီယံ ယူ-၁၈ အမျိုးသမီးပြိုင်ပွဲ အုပ်စု(က)တွင် ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ အုပ်စု(ခ)တွင် သြစတြေး လျ၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် မလေးရှားအသင်းတို့ ပါဝင်နေသည်။  ပွဲစဉ် ရေးဆွဲထားမှုအရ မြန်မာအသင်းသည် အုပ်စုပွဲစဉ်များအဖြစ် ဇူလိုင် ၂၅ ရက်တွင် မလေးရှားအသင်း၊ ဇူလိုင် ၂၇ ရက်တွင် ဖိလစ်ပိုင်အသင်း၊ ဇူလိုင် ၂၉ ရက်တွင် သြစတြေးလျအသင်းတို့နှင့် ကစားရမည်ဖြစ်သည်။ 


ရဲရင့်လွင်