မြန်မာ ယူ-၁၈ ဖူဆယ်အသင်း ထိုင်းနိုင်ငံ၌ ခြေစမ်းပွဲ သွားရောက်ကစားရန် စီစဉ်ထား

 

ရန်ကုန်   ဒီဇင်ဘာ   ၁


မြန်မာ ယူ-၁၈ လူငယ်လက်ရွေးစင် ဖူဆယ်အသင်းသည်   ဒီဇင်ဘာ ပထမပတ်နှင့်    ဒုတိယပတ်တွင် ထိုင်းနိုင်ငံသို့    သွားရောက်ကာ ခြေစမ်းပွဲကစားရန်    စီစဉ်လျက်ရှိ သည်။

 


မြန်မာ  ယူ-၁၈  အသင်းသည် ဒီဇင်ဘာ ၂ ရက်မှ ၁၂ ရက်အထိ ထိုင်းနိုင်ငံ၌   သွားရောက်လေ့ကျင့် မည်ဖြစ်ပြီး   ခြေစမ်းပွဲ  ခြောက်ပွဲ ကစားသွားမည်ဖြစ်သည်။ 

 


မြန်မာလူငယ်ဖူဆယ်အသင်းသည်   ထိုင်းလူငယ် All Star အသင်း၊ ထိုင်းကလပ်၊ ထိုင်းတက္ကသိုလ်အသင်းများနှင့်   ခြေစမ်းကစားမည်ဖြစ်ပြီး  လက်ရှိမြန်မာအသင်းနည်းပြချုပ်ဖြစ်သူ  ထိုင်းနိုင်ငံသား  ဘန်လက်ချာ ယိုဝန်က ခြေစမ်းပွဲကစားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။  

 


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည်   ယင်းအသင်းကို   လူငယ်ကစား သမားများ  ထွက်ပေါ်လာစေရန်နှင့်    အတွေ့အကြုံရစေရန်   ဖွဲ့စည်း ထားခြင်းဖြစ်ပြီး  စက်တင်ဘာလကတည်းက    စခန်းဝင်လေ့ကျင့်နေခြင်း ဖြစ်သည်။   ယင်းအသင်းကို    မြန်မာ့လက်ရွေးစင်   ဖူဆယ်အသင်း နည်းပြချုပ်ဖြစ်သူ ထိုင်းနိုင်ငံသား ဘန်လက်ချာယိုဝန်က ပူးတွဲတာဝန်ယူ ကိုင်တွယ်လျက် ရှိပြီး ကစားသမား ၂၄ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

 


ဝင်ရောက်ယှဉ်ပြိုင်မည်


မြန်မာ ယူ-၁၈ အသင်းသည် ပြိုင်ပွဲအတွေ့အကြုံရစေရန် ပြည်တွင်း ပြိုင်ပွဲများတွင်  ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး   ပထမဆုံးပြိုင်ပွဲအဖြစ် နိုဝင်ဘာလကကျင်းပသည့် MFF Futsal Championships 2022 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။     မြန်မာ ယူ-၁၈   အသင်းသည် ပြည်ပအတွေ့အကြုံရစေရန် ထိုင်းနိုင်ငံ၌ ခြေစမ်းပွဲသွားရောက်ကစားခြင်းဖြစ်ပြီး    ယင်းခရီးစဉ်အပြီးတွင်   ပြည်တွင်းလိဂ်ဖြစ်သော MFF ဖူဆယ်လိဂ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။  

  
ရဲရင့်လွင်
ဓာတ်ပုံ - MFF