မြန်မာ ယူ-၁၉ အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း ခြေစမ်းပွဲကစား

ရန်ကုန်  မတ်  ၂၈


နိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ကျင့်ပြင်ဆင်နေ သည့် မြန်မာ ယူ-၁၉ အမျိုးသားအသင်းသည် မတ် ၂၇ ရက် ညနေပိုင်းက MNL ကလပ် ရှမ်းယူနိုက် တက်အသင်းနှင့် သုဝဏ္ဏကွင်း၌ ခြေစမ်းကစားရာ နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
ယခုနှစ်အတွင်း   ယှဉ်ပြိုင်ရမည့်   အာဆီယံ ယူ-၁၉ ပြိုင်ပွဲနှင့် အာရှဖလား ယူ-၂၀  ခြေစစ်ပွဲ အတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၉ အသင်းသည် ပြည်တွင်းခြေစမ်းပွဲများ ဆက်တိုက် ကစားနေပြီး နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည်  MNL ကလပ်များဖြစ်သော ဟံသာဝတီယူနိုက်တက်အသင်း၊ ရန်ကုန်ယူနိုက် တက်အသင်းတို့နှင့် ခြေစမ်းပြီးနောက် ရှမ်းယူနိုက် တက်အသင်းနှင့်   ထပ်မံခြေစမ်းခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် ဟံသာဝတီအသင်း ကို    နှစ်ဂိုး-တစ်ဂိုး၊    ရှမ်းယူနိုက်တက်အသင်းကို  နှစ်ဂိုး-တစ်ဂိုးဖြင့်   အနိုင်ရခဲ့ပြီး ရန်ကုန်ယူနိုက်တက် အသင်းကို နှစ်ဂိုး - တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ရှမ်းယူနိုက်တက်   အသင်း သည် မြန်မာ့လက်ရွေးစင်အသင်း နှင့် ပါဝင်သွားသည့် ကစားသမား အချို့မှလွဲ၍ ကျန်ကစားသမားများ ဖြင့် ယှဉ်ပြိုင်ခဲ့ပြီး     မိနစ်    ၃၀  တွင်   ကောင်းမြတ်သူ၏ဂိုးဖြင့်  ဦးဆောင်နိုင်ခဲ့သည်။ ၃၃  မိနစ် တွင်  ရှိုင်းဝဏ္ဏအောင်က   မြန်မာ ယူ-၁၉ အသင်းအတွက် ချေပဂိုး ပြန်သွင်းခဲ့ပြီး   အနိုင်ဂိုးကို   ၆၄ မိနစ်တွင်  စောစေးကပေါ်စေးက သွင်းယူခဲ့သည်။   ရှမ်းယူနိုက်တက် အသင်းသည် မတ်လ နိုင်ငံတကာ  ရက်သတ္တပတ်ကြောင့် ပြည်တွင်း ပြိုင်ပွဲ   ရပ်နားထားသည့်ကာလ အတွင်း     မြန်မာ့လက်ရွေးစင် အသင်း၊ မြန်မာ ယူ-၁၉ အသင်းတို့ နှင့်    ဆက်တိုက်ခြေစမ်းကစား ခဲ့ခြင်းဖြစ်သည်။     

ရဲရင့်လွင်ဓာတ်ပုံ-MFF