
ရန်ကုန် မတ် ၁
မြန်မာ ယူ - ၂၀ အမျိုးသမီး လက်ရွေးစင်အသင်းသည် မတ် ၈ ရက်မှ ၁၂ ရက်အထိ ကျင်းပ မည့် ၂၀၂၄ အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲ ပထမအဆင့် ဝင်ရောက်ယှဉ်ပြိုင်ရန် အပြီးသတ် ကစားသမား ၂၃ ဦး ရွေးချယ်လိုက် ပြီဖြစ်သည်။
အာရှဖလား ယူ - ၂၀ အမျိုးသမီးခြေစစ်ပွဲကို အုပ်စု ရှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီးမြန်မာအသင်းသည် အုပ်စု (G) တွင် ကမ္ဘောဒီးယား၊ မလေးရှား အသင်းတို့နှင့် ကျရောက်နေသည်။ မြန်မာအသင်းသည် အုပ်စုပွဲ များအဖြစ် အာရှဖလား ယူ - ၂၀ အမျိုးသမီးခြေစစ်ပွဲကို အုပ်စုရှစ်ခု ခွဲ၍ ကျင်းပမည်ဖြစ်ပြီး မြန်မာ အသင်းသည် အုပ်စု (G) တွင် ကမ္ဘောဒီးယား၊ မလေးရှားအသင်း တို့နှင့် ကျရောက်နေသည်။ မြန်မာ အသင်းသည် အုပ်စုပွဲများအဖြစ် မတ် ၈ ရက်တွင် ကမ္ဘောဒီးယား အသင်း၊ မတ် ၁၂ ရက်တွင် မလေးရှားအသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ ခြေစစ်ပွဲ ကျင်းပမည့်ပုံစံအရ အုပ်စုတစ်ခု စီမှ ထိပ်ဆုံးတစ်သင်းစီသာ ဒုတိယအဆင့် တက်ရောက်ခွင့်ရ မည်ဖြစ်သည်။ မြန်မာ ယူ - ၂၀ အမျိုးသမီးအသင်းကို နည်းပြချုပ် အဖြစ် ဒေါ်စန်းစန်းသိန်းက တာဝန်ယူ ကိုင်တွယ်လျက်ရှိပြီး ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကတည်း က စတင်လေ့ကျင့်နေခြင်းဖြစ်သည်။
ခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ - ၂၀ အမျိုးသမီးအသင်းတွင် နည်းပြချုပ် – ဒေါ်စန်းစန်းသိန်း လက်ထောက် နည်းပြများ – ဒေါ်နွယ်နွယ်တိုး၊ ဒေါ်စန်းယုနိုင်၊ ဂိုးနည်းပြ – ဒေါ်မေခင်ယမင်း ၊ အားကစား သမားများအဖြစ် ဂိုးသမား – မေဦးခင် (ISPE FC)၊ ဖီးဗေ (Y.R.E.O FC)၊ သူဇာအောင် (ဧရာဝတီတိုင်း ဒေသကြီး)၊ နောက်တန်း – ဖြူဖွေး၊ ယုယုနိုင် (Y.R.E.O FC)၊ ခင်ဌေးကြိုင် (Sports and Education FC)၊ ဒီဇင်ဘာနှင်း (သစ္စာအားမာန် အက်ဖ်စီ)၊ ကြယ်စင် (ISPE FC)၊ ဖြူဖြူဝင်း (မြဝတီအက်ဖ်စီ)၊ ဝေဖူး အိမ် (သစ္စာအားမာန်အက်ဖ်စီ)၊ အလယ်တန်း – ဒေစီအောင်၊ နန်းချိုမွှေး (Y.R.E.O FC)၊ နှင်းပွင့် အေး၊ ဟေမာန်စိုး (ISPE FC)၊ ဇခါရိုရ်စီ (ကချင်ပြည်နယ်)၊ ကေသွယ်ဖြိုးဦး (အား/ကာသိပ္ပံ ရန်ကုန်)၊ ဝေဟင်ဖြိုး (Sports and Education FC)၊ စန္ဒာလင်း (အား/ကာသိပ္ပံ မန္တလေး)၊ မေသက် မွန်မြင့် (သစ္စာအားမာန်အက်ဖ်စီ)၊ ရှေ့တန်း – ဇင်မိုးပြည့်၊ ယုယနိုင် (Y.R.E.O FC)၊ ယဉ်လွန်းအိမ် (ISPE FC)၊ ယွန်းဝတီလှိုင် (အား/ကာ သိပ္ပံမန္တလေး) တို့ ပါဝင်သည်။
မြန်မာ ယူ - ၂၀ အမျိုးသမီး အသင်းသည် ပဏာမကစားသမား ၃၀ မှ ခုနစ်ဦးလျှော့ချကာ အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ရဲရင့်လွင်
ဓာတ်ပုံ-MFF