မြန်မာ ယူ - ၂၃ အသင်းနှင့် ယူအေအီး  ပထမတန်းကလပ်အသင်း ခြေစမ်းပွဲကစား

 

ရန်ကုန် အောက်တိုဘာ ၂၅


မြန်မာ ယူ-၂၃  အသင်းသည်   ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲအကြို ပြင်ဆင်မှုအဖြစ် အောက်တိုဘာ ၂၄ ရက်  ညပိုင်းက   ယူအေအီးပထမတန်း  ကလပ် Al Jazeera Al Hamra အသင်းနှင့် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၌ ခြေစမ်းပွဲ ကစားရာ နှစ်ဂိုးစီသရေကျခဲ့သည်။
မြန်မာ ယူ-၂၃ အသင်းသည် အာရှဖလားခြေစစ်ပွဲအကြို ပြင်ဆင်မှုအဖြစ် အောက်တိုဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ဒူဘိုင်းမြို့၌ လေ့ကျင့်ခဲ့ပြီး ခြေစမ်းပွဲ တစ်ပွဲကစားခဲ့ခြင်းဖြစ် သည်။ ခြေစစ်ပွဲမတိုင်မီ   နောက်ဆုံး ပြင်ဆင်မှုဖြစ်သောကြောင့်  မြန်မာယူ-၂၃ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် အမာခံကစား သမားများကိုအသုံးပြုကာ ကစားသမားများလဲလှယ် အသုံး ပြုခဲ့သည်။ မြန်မာ ယူ-၂၃ အတွက်  ပထမဆုံးကစားသည့် နိုင်ငံတကာခြေစမ်းပွဲဖြစ်ကာ သရေရလဒ်ရယူနိုင်သည်။
မြန်မာအသင်းယှဉ်ပြိုင်မည့် အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ (I) ပွဲစဉ်များကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၂ ရက် အထိ ကာဂျစ္စတန်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး ဗီယက်နမ်၊ မြန်မာနှင့် တရုတ်(တိုင်ပေ)အသင်းတို့ ပါဝင်နေသည်။ မြန်မာ အသင်းသည် အောက်တိုဘာ ၃၀ ရက်တွင် တရုတ် (တိုင်ပေ) အသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။             ရဲရင့်လွင်