မြန်မာအသင်းများယှဉ်ပြိုင်နေသည့် အာဆီယံအဆင့် ဖူဆယ်ပြိုင်ပွဲနှစ်ခုစလုံး ယခုနှစ်တွင်ကျင်းပမည်

 

ရန်ကုန်   ဇန်နဝါရီ   ၅


မြန်မာ့လက်ရွေးစင်     ဖူဆယ် အသင်းနှင့်   မြန်မာကလပ်များ ဝင်ရောက်    ယှဉ်ပြိုင်နေသည့် အာဆီယံအဆင့်  ဖူဆယ်ပြိုင်ပွဲ နှစ်ခုစလုံးကို အာဆီယံဘောလုံး အဖွဲ့ချုပ်က ယခုနှစ်တွင် ပြုလုပ် မည်ဖြစ်သည်။

 


အာဆီယံဘောလုံးအဖွဲ့ချုပ် သည်   အာဆီယံဖူဆယ်ချန်ပီယံ ရှစ် ပြိုင်ပွဲကို ဧပြီလနှင့် အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲကို သြဂုတ် လတို့တွင် ကျင်းပရန် စီစဉ်ထားပြီး ပြိုင်ပွဲနှစ်ခုစလုံးကို ထိုင်းနိုင်ငံ၌ ပြုလုပ်မည်ဖြစ်သည်။    ကျင်းပ မည့်ရက်ကို အာဆီယံဘောလုံး အဖွဲ့ချုပ်နှင့် ထိုင်းဘောလုံးအဖွဲ့ ချုပ်တို့ ပြန်လည်ညှိနှိုင်းပြီး အတည် ပြုမည်ဖြစ်သည်။    အာဆီယံ ဘောလုံးအဖွဲ့ချုပ်သည် အဖွဲ့ဝင် နိုင်ငံများ၏  လက်ရွေးစင်အသင်း များအတွက် အာဆီယံ   ဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲနှင့်   ကလပ် အသင်းများအတွက် အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲတို့    ပြုလုပ် လျက်ရှိသည်။  

 


အာဆီယံ       ဖူဆယ်ကလပ် ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်တွင် စတင် ကျင်းပခဲ့ပြီး   မြန်မာကလပ်များ အနေဖြင့် ၂၀၂၁   ပြိုင်ပွဲမှလွဲ၍ ကျန်အကြိမ်များတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။     ကျင်းပပြီးစီး ခဲ့သည့် ခြောက်ကြိမ်စလုံး ထိုင်း ကလပ်များသာ   ဗိုလ်စွဲထားပြီး မြန်မာကလပ်များအနေဖြင့် MIU အသင်း (ယခင် MIC) က ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၈ နှင့် ၂၀၁၉ ပြိုင်ပွဲ တို့တွင် တတိယဆုများရရှိခဲ့သည်။ ၂၀၁၇ ပြိုင်ပွဲတွင်    ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် PU အသင်းမှာမူ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ ကို ၂၀၀၁ ခုနှစ်တွင် စတင်ကျင်းပ ခဲ့ပြီး     မြန်မာအသင်းအနေဖြင့် ၂၀၀၆ ခုနှစ်တွင် စတင်ယှဉ်ပြိုင် ခြင်းဖြစ်သည်။     

 


 ယခုနှစ်တွင် ၁၇ ကြိမ်မြောက် အဖြစ်  ကျင်းပမည်ဖြစ်ပြီး      ထိုင်း အသင်းက ၁၅  ကြိမ်နှင့်   အင်ဒို နီးရှားအသင်းက တစ်ကြိမ်  ဗိုလ်စွဲ ထားသည်။  မြန်မာအသင်းမှာမူ       ဒုတိယတစ်ကြိမ်နှင့်    တတိယ နှစ်ကြိမ် ရရှိထားပြီး ၂၀၁၆   ပြိုင်ပွဲ တွင် ဗိုလ်လုပွဲအဆင့်သို့      ပထမ ဆုံး အကြိမ်   တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။                  

ရဲရင့်လွင်