
ရန်ကုန် မတ် ၂၄
မြန်မာ ယူ-၂၀ အမျိုးသမီး လက်ရွေးစင်အသင်း ယှဉ်ပြိုင်ခွင့်ရထားသည့် ၂၀၂၄ အာရှဖလား ယူ-၂၀ အမျိုးသမီး ခြေစစ်ပွဲဒုတိယအဆင့်အတွက် အုပ်စုမဲခွဲပွဲကို မတ် ၂၃ ရက်က ကျင်းပသည်။
ဒုတိယအဆင့် ခြေစစ်ပွဲတွင် ပထမအဆင့်မှ တက်ရောက်လာသည့် ရှစ်သင်းအား အုပ်စုနှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်သည်။ ပထမအဆင့် ခြေစစ်ပွဲကို ယခုလအတွင်း ကျင်းပခဲ့ပြီး မြန်မာအသင်းနှင့်အတူ သြစတြေးလျ၊ တရုတ်၊ ဗီယက်နမ်၊ အီရန်၊ နီပေါ၊ လက်ဘနွန်နှင့် တရုတ် (တိုင်ပေ)အသင်းတို့ တက်ရောက်လာခြင်းဖြစ်သည်။ အုပ်စုမဲခွဲမှုအရ အုပ်စု(က)တွင် သြစတြေးလျ၊ ဗီယက်နမ်၊ အီရန်၊ လက်ဘနွန်၊ အုပ်စု (ခ) တွင် တရုတ်၊ မြန်မာ၊ နီပေါနှင့် တရုတ်(တိုင်ပေ)အသင်းတို့ ပါဝင်နေ ပြီး ဒုတိယအဆင့်ခြေစစ်ပွဲကို ဇွန် ၃ ရက်မှ ၁၁ ရက်အထိ ကျင်းပမည် ဖြစ်ကာ အုပ်စုတစ်ခုစီမှ အမှတ်အများဆုံးရရှိသည့် ထိပ်ဆုံး နှစ်သင်းစီ မှာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MFF