
နေပြည်တော် ဩဂုတ် ၁၂
မြန်မာစီးပွားရေး ကော်ပိုရေး ရှင်း၊ သတင်းစာ စက္ကူစက်ရုံ (သာပေါင်း) စတင်ဖွင့်လှစ် လည် ပတ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ် ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ပေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့် အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဧရာ ဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် တာဝန်ရှိသူများလိုက်ပါ၍ စက်ရုံနေရာသို့ ရောက်ရှိကြရာ အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း) နှင့် သတင်းစာ စက္ကူစက်ရုံ(သာပေါင်း)တို့မှ ဝန်ထမ်းများ၊ စက်မှု ဝန်ကြီးဌာနမှ ဝန်ထမ်းများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် စက်ရုံအစည်းအဝေးခန်းမတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သာပေါင်းစက္ကူစက်ရုံအတွက် ကုန်ကြမ်းရရှိနိုင်မှု၊ လေ့လာဆန်းစစ်ချက်များအရ ဝါးအမျိုးမျိုးမှ ပျော့ဖတ်ရရှိနိုင်မှုနှင့် စက္ကူပျော့ဖတ်ထုတ်လုပ်နိုင်ရေး စိုက်ပျိုးသင့်သည့် ဝါးများနှင့် သစ်မျိုးများအား ဆန်းစစ်ဆောင်ရွက်ခဲ့မှု၊ ပုဂ္ဂလိက သစ်မာစိုက်ခင်းများ မှ စက္ကူပျော့ဖတ်ကုန်ကြမ်းရရှိနိုင်မှု၊ စက်ရုံအတွက် ပျော့ဖတ်ကုန်ကြမ်းရရှိနိုင်ရေး ဝါးနှင့် သစ်မာစိုက်ခင်း တည်ထောင်ရန် မြေနေရာ ခွင့်ပြုပေးထားမှုအခြေ အနေများကို လည်းကောင်း။
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က သတင်းစာစက္ကူစက်ရုံ(သာပေါင်း)လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့်ဓာတ်ငွေ့များ ပို့လွှတ်နိုင်ရေး ကန်ကြီးထောင့် - သာပေါင်း သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းများ စစ်ဆေးပြုပြင်ခြင်း ဆောင် ရွက်ခဲ့မှုနှင့် ပိုက်လိုင်းအစားထိုးလဲလှယ်ခြင်းများ ဆောင်ရွက်ခဲ့မှု၊ သဘာဝဓာတ်ငွေ့ ထိန်းချုပ်ဖြန့်ဖြူး ရေးစနစ်များကို အဆင့်မြှင့်တင်ခဲ့မှု၊ စက်ရုံအတွက် ဓာတ်ငွေ့လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိသည့်အခြေအနေများကို လည်းကောင်း။
ရှင်းလင်းတင်ပြ
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း) ဆိုင်ရာ အချက်အလက်များ၊ မြန်မာစီးပွားရေးကော်ပို ရေးရှင်းသို့ စက်ရုံလုပ်ငန်းများအား လွှဲပြောင်းပေးအပ် နိုင်ရေး မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့မှုနှင့် လွှဲပြောင်းပေးအပ်ခဲ့မှု၊ စက်ရုံ၌ ဝန်ထမ်းများ တာဝန် ထမ်းဆောင်လျက်ရှိသည့်အခြေအနေများနှင့် စက်ရုံ ပြန်လည် လည်ပတ်နိုင်ခြင်းအတွက် အကျိုးကျေးဇူး များစွာရရှိနိုင်သည့်အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော က အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)နှင့် သတင်းစာ စက္ကူစက်ရုံ(သာပေါင်း)တို့ကို စက်မှုဝန်ကြီးဌာနမှ မြန်မာစီးပွားရေးကော်ပိုရေးရှင်းသို့ လွှဲပြောင်းရယူ ဆောင်ရွက်ခဲ့မှု၊ စက်ရုံအတွက်လိုအပ်သည့် ဝါးနှင့် သစ်မာစိုက်ခင်းများ လိုအပ်လျက်ရှိမှုနှင့် စိုက်ပျိုး ထားရှိမှု၊ သတင်းစာစက္ကူစက်ရုံ(သာပေါင်း) ပြန်လည် လည်ပတ်နိုင်ရေး စက်ပစ္စည်းများ၊ လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ခဲ့မှုနှင့် စက်ကိရိယာများ တပ်ဆင်ထားရှိမှု၊ မူလစက်တပ်ဆင်သည့် ကုမ္ပဏီမှ ပညာရှင်များဖြင့် စက်ကိရိယာများအားလုံး နေရာ တကျဖြစ်စေရေး ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်း တင်ပြသည်။
လမ်းညွှန်အမှာစကားပြောကြား
ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က လမ်းညွှန်အမှာစကား ပြောကြားရာတွင် ယနေ့သည် နိုင်ငံ၏ စက္ကူလိုအပ်ချက်ကို ဖြည့်ဆည်း ပေးမည့် သတင်းစာစက္ကူစက်ရုံ (သာပေါင်း) ကို ပြန်လည်လည်ပတ်နိုင်ခဲ့သည့်နေ့ဖြစ်၍ ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့်နေ့ဖြစ်ပါကြောင်း၊ အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)နှင့် သတင်းစာ စက္ကူစက်ရုံ (သာပေါင်း) တို့အနေဖြင့် ယခင်က လုပ်ငန်းလည်ပတ်ခဲ့ပြီးဖြစ်သည့် စက်ရုံများဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းလည်ပတ်မှု များ ရပ်တန့်ခဲ့ရကြောင်း၊ နေ့စဉ်အသုံးပြုနေရသည့် ရုံးသုံး၊ ကျောင်းသုံး၊ သတင်းစာ စသည့်စက္ကူလိုအပ် ချက်များစွာကို နှစ်စဉ်ပြည်ပမှ တင်သွင်းအသုံးပြု နေရသည့်အတွက် နိုင်ငံခြားငွေများစွာ သုံးစွဲကုန်ကျရ လျက်ရှိကြောင်း၊ ယခင်က စစ်တောင်းစက္ကူစက်ရုံ၊ ရေနီစက္ကူစက်ရုံနှင့် သာပေါင်းစက္ကူစက်ရုံတို့ကို ဆောင်ရွက်ခဲ့ပြီး စစ်တောင်းစက္ကူစက်ရုံမှာ သက်တမ်း ကြာမြင့်ပြီဖြစ်သဖြင့် ဖျက်သိမ်းပြီးဖြစ်ကြောင်း၊ ယခုစက်ရုံစုသည် စွမ်းအားပြည့်လည်ပတ်နိုင်ပါက သတင်းစာစက္ကူအပြင် အခြားစက္ကူအမျိုးအစားများ ကိုလည်း ထုတ်လုပ်နိုင်ကြောင်း၊ ခေတ်ကာလ၏ အခြေအနေအရ Online မီဒီယာအသုံးပြုမှု ပိုမို များပြားလာပြီး Printed မီဒီယာပိုင်း အားနည်းချက် ရှိလာသည်ကို တွေ့ရှိရကြောင်း၊ သတင်းစာစက္ကူ လိုအပ်ချက်များမှာ ယခင်ကထက် လျော့နည်းလာ သည်ကို တွေ့ရှိရသော်လည်း နေ့စဉ်ထုတ်သတင်းစာ များသည် သမိုင်းကို ဖော်ပြနေခြင်းဖြစ်သဖြင့် နိုင်ငံ တိုင်းတွင် သတင်းစာများကို နေ့စဉ်ရိုက်နှိပ်ထုတ်ဝေ နေရဆဲဖြစ်ပြီး သတင်းစာစက္ကူ လိုအပ်ချက်သည် လည်း အမြဲမပြတ်ရှိနေမည်ဖြစ်ကြောင်း။
ကြိုးပမ်းဆောင်ရွက်ပေးရန်လို
သတင်းစာစက္ကူစက်ရုံ (သာပေါင်း) အနေဖြင့် သစ်၊ ဝါး ကုန်ကြမ်းများစွာ လိုအပ်မည်ဖြစ်သဖြင့် စဉ်ဆက်မပြတ်ရရှိရေး ဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ကြမ်းများ ရယူရာတွင် စက်ရုံအနီးဝန်းကျင်မှ ရရှိရန်လိုပြီး အဝေးမှသယ်ယူရမည်ဆိုပါက သယ်ယူ ပို့ဆောင်မှုကုန်ကျစရိတ်များ များပြားမည်ဖြစ်သဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်သည်လည်း မြင့်မားလာ မည်ဖြစ်ကြောင်း၊ စီးပွားရေးအရ တွက်ခြေကိုက်သည့် သစ်တောစိုက်ခင်း၊ ဝါးစိုက်ခင်းများ ရရှိရန်လို ကြောင်း၊ သွင်းအားစုများအနက် အဓိက လိုအပ်ချက် ဖြစ်သည့် သဘာဝဓာတ်ငွေ့ စဉ်ဆက်မပြတ်ရရှိရေး အတွက်လည်း စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးရန်လိုကြောင်း။
ပြည်ပသွင်းကုန်များကို အစားထိုးနိုင်မည်
စက်ရုံရပ်နားထားသည့် အချိန်အတွင်း လာရောက် ကြည့်ရှုစစ်ဆေးစဉ် ယခင်က ထုတ်လုပ်ခဲ့သည့် သတင်းစာစက္ကူများကို ကြည့်ရှုစစ်ဆေးခဲ့ရာ အရည် အသွေးများစွာ ကောင်းမွန်မှုရှိသည်ကို တွေ့ရှိရ ကြောင်း၊ သတင်းစာထုတ်လုပ်ခြင်း၌သာမက ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်မှုများအတွက်လည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ စက္ကူလိုအပ် ချက်ကို ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင် မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲနေရမှုကို များစွာ လျော့နည်းသွားစေမည်ဖြစ်ကြောင်း၊ အလားတူ အခြားသွင်းကုန်ပစ္စည်းများဖြစ်သည့် ရော်ဘာ ထုတ်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်မည် ဆိုပါက ပြည်ပသွင်းကုန်များကို အစားထိုးနိုင်မည် ဖြစ်ကြောင်း။
ထို့ကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများ မြှင့်တင်နိုင်ရေးအတွက် အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ထားရသည့် စက်ရုံ၊ အလုပ်ရုံများ ပြန်လည် လည်ပတ်နိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင် ရွက်နေခြင်းဖြစ်ကြောင်း၊ ယခုစက်ရုံမှ စက္ကူထုတ်လုပ် မှုများ ဆက်လက်တိုးတက်စေရေး ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်း အဖြစ် သဘာဝဓာတ်ငွေ့ပို့လွှတ်မှု Gas Station ဖွင့်ပွဲ ကို သာပေါင်းသဘာဝဓာတ်ငွေ့ ထိန်းသိမ်းဖြန့်ဖြူးရေး စခန်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဓာတ်ငွေ့ ပိုက်လိုင်းဘားကိုလှည့်၍ သဘာဝဓာတ်ငွေ့ပို့လွှတ်မှု Gas Station ကို ဖွင့်လှစ်ပေးသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သဘာဝဓာတ်ငွေ့ ထိန်းသိမ်းဖြန့်ဖြူးရေးစခန်းအတွင်း လှည့်လည်၍ Filtration System ၊ Pressure Regulation System ၊ Metering System တို့ဖြင့် ထိန်းသိမ်းဖြန့်ဖြူးနေမှုများ ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ မှာကြားသည်။
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်
ဆက်လက်၍ သတင်းစာစက္ကူစက်ရုံ(သာပေါင်း) စတင်လည်ပတ်ခြင်းအခမ်းအနားကို စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် မြန်မာစီးပွားရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြ သည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သတင်းစာစက္ကူ စက်ရုံ(သာပေါင်း) ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး စက်ရုံပြန်လည်လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ စက်ရုံမှူးက လက်ခံရယူသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် Chip Preparation Plant ၌ နေရာယူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က Chip Preparation Plant အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး ပြီး သတင်းစာစက္ကူစက်ရုံ (သာပေါင်း) ကို စတင် လည်ပတ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း လှည့်လည်၍ Chip Preparation Plant ၊ Paper Making Plant ၊ Finishing Section တို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေး ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ လမ်းညွှန်မှာကြားသည်။
မှတ်တမ်းတင် လက်မှတ်ရေးထိုး
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်း အနား တက်ရောက်လာကြသူများသည် သတင်းစာ စက္ကူစက်ရုံ (သာပေါင်း)မှ ပထမဦးဆုံးထွက်ရှိလာ သည့် သတင်းစာစက္ကူပေါ်၌ မှတ်တမ်းတင်လက်မှတ် ရေးထိုးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သတင်းစာစက္ကူ စက်ရုံ(သာပေါင်း) ပြန်လည်လည်ပတ်နိုင်ရေးတွင် ပါဝင်ခဲ့ကြသည့် ပြည်ပနည်းပညာရှင်များအား ဂုဏ်ပြု သစ်သီးခြင်းလက်ဆောင် ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)အတွင်းလှည့်လည် ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် စက်ရုံပြန်လည်လည်ပတ်နိုင်ရေး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)နှင့် သတင်းစာ စက္ကူစက်ရုံ (သာပေါင်း) တို့မှ ဝန်ထမ်းများနှင့်အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ကြပြီး နေ့လယ်စာ မသုံးဆောင်မီ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခု စက်ရုံသည် နိုင်ငံတော်အတွက် အရေးကြီးသည့် စက်ရုံတစ်ခုဖြစ်ပါကြောင်း၊ ယခင်က အကြောင်း အမျိုးမျိုးကြောင့် ရပ်နားခဲ့ရပြီး ယခုအချိန်တိုအတွင်း လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ခြင်းသည် မူလ ဝန်ထမ်းများ၏ ထိန်းသိမ်းထားရှိမှု အရည်အချင်း ကောင်းများကြောင့်ပင်ဖြစ်ကြောင်း၊ နိုင်ငံတော် အတွက် အကျိုးရှိသည့် လုပ်ငန်းလည်ပတ်မှုဖြစ်ပြီး
များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်သဖြင့် ယခုကဲ့သို့ ပြန်လည်ပြုပြင်မှုအနည်းဆုံးဖြစ်အောင် ထိန်းသိမ်း ထားရှိမှုများကို ကျေးဇူးတင် အသိအမှတ်ပြု ပါကြောင်း။
“စာအုပ် စာပေ လူ့မိတ်ဆွေ” ဆိုသည့် ဆိုရိုး စကားနှင့်အညီ စာပေသည် လူ့ဘဝတိုးတက်ရေး အတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေ ကြောင်း၊ စာပေများကို ဖတ်ရှုနိုင်ရေးအတွက် စာများ ပုံနှိပ်ထုတ်ဝေရန် စက္ကူများသည် မဖြစ်မနေလိုအပ် ကြောင်း၊ မိမိတို့နိုင်ငံ၌ စက္ကူထုတ်လုပ်နိုင်သည့် ကုန်ကြမ်းပစ္စည်းများစွာရှိပြီး ဖြစ်သည့်အတွက် စက္ကူထုတ်လုပ်ခြင်းကို ဆောင်ရွက်နိုင်ရေး ယခု စက်ရုံကို ပြန်လည်လည်ပတ်နိုင်ရန် ကြိုးပမ်းဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
ရင်းရင်းနှီးနှီးနှုတ်ဆက်
အလားတူ နိုင်ငံတစ်ခု တိုးတက်ရေးအတွက် စက်မှုကဏ္ဍသည် အလွန်အရေးပါကြောင်း၊ “စက်မှု စွမ်းအား ခေတ်ကျော်လွှား” ဆိုသည့်အတိုင်း စက်မှု ကဏ္ဍတိုးတက်မှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်မှုများကို ထုတ်လုပ်၍ ပြည်တွင်းအတွက် လိုအပ်သည့်ပစ္စည်း များကို ထုတ်လုပ်နိုင်ခြင်းကြောင့် ပြည်ပသွင်းကုန် များကို လျှော့ချနိုင်သဖြင့် နိုင်ငံခြားငွေသုံးစွဲမှုများ များစွာလျော့နည်းလာမည်ဖြစ်ကြောင်း၊ နိုင်ငံတွင် ရှိပြီးဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများဖြင့် ပြည်တွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများကိုအသုံးပြု၍ ကုန်ထုတ် လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်သဖြင့် အခြားစက်ရုံ၊ အလုပ်ရုံများ လည်ပတ်နိုင်ရေးအတွက် လည်း မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ စက်မှုလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုတိုးတက်လာမည်ဖြစ် ကြောင်း၊ ယခုသတင်းစာစက္ကူစက်ရုံ(သာပေါင်း)ကို ပြန်လည်လည်ပတ်နိုင်ခြင်းသည် နိုင်ငံ၏ စက်မှုကဏ္ဍ ကို အသစ်တစ်ဖန်ဆန်းသစ်နိုင်ခဲ့ခြင်းပင် ဖြစ်ကြောင်း၊ ထို့ကြောင့် စက်ရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိ သည့် ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် မိမိတို့တာဝန်များကို ကျေပွန် စွာ ထမ်းဆောင်၍ တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
နေ့လယ်စာသုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် စက်ရုံဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
အဆိုပါ သတင်းစာစက္ကူစက်ရုံ(သာပေါင်း)ကို အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားခဲ့ရပြီး ယခုအခါ ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်၍ စက္ကူများ ထုတ်လုပ်နိုင်ခဲ့ခြင်းကြောင့် နိုင်ငံတော် အတွက် လိုအပ်သည့် စက္ကူလိုအပ်ချက်များကို များစွာဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည့်အတွက် နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချနိုင်မည်ဖြစ် သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများစွာကို လည်း ပြန်လည်ဖော်ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်