မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် တရုတ်အမျိုးသမီးကလပ် ဂိုးမရှိသရေကျ

 

ရန်ကုန်   မတ်   ၂၂


၂၀၂၄  ပါရီအိုလံပစ်ခြေစစ်ပွဲ   ပထမ အဆင့်အတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် တရုတ်နိုင်ငံ၌လေ့ကျင့်ခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း သည် နောက်ဆုံးခြေစမ်းပွဲအဖြစ် မတ် ၂၂ ရက်က  တရုတ်အမျိုးသမီးကလပ် Changchan   အသင်းနှင့်   ယှဉ်ပြိုင် ကစားရာ ဂိုးမရှိ သရေကျခဲ့သည်။

 


မြန်မာ့လက်ရွေးစင်   အမျိုးသမီး အသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်း သည်   ခင်မာလာထွန်း၊   မျိုးမြမြငြိမ်း (ဂိုး)၊ ဖြူဖြူဝင်း၊ မိုးမမစိုး၊ ဇွန်ယုယဦး၊ ရူပါခိုင်၊ ခင်မိုမိုထွန်း၊ နော်ထက်ထက်ဝေ၊ ဂျူလိုင်ကျော်၊ စန်းသော်သော်၊ မြတ်နိုး ခင်တို့ဖြင့် ပွဲထွက်ခဲ့သည်။ Changchan အသင်းသည်    တရုတ်အမျိုးသမီး စူပါလိဂ်၏    ထိပ်သီးကလပ်အသင်း တစ်သင်းဖြစ်ပြီး ပြည်တွင်းကစားသမား များသာမက နိုင်ငံခြားသားကစားသမား များ  ခေါ်ယူအသုံးပြုနေသည့်  အသင်း လည်းဖြစ်သည်။ နှစ်သင်းစလုံး ဂိုးသွင်း ခွင့်များရသော်လည်း   အသုံးမချနိုင် သဖြင့် သရေရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်း ဖြစ်သည်။

 


မြန်မာ့လက်ရွေးစင်   အမျိုးသမီး အသင်းသည်    ဧပြီလပထမပတ်တွင် ယှဉ်ပြိုင်ရမည့်   ၂၀၂၄   ပါရီအိုလံပစ် ပထမအဆင့်ခြေစစ်ပွဲအတွက် ကြိုတင် ပြင်ဆင်သည့်အနေဖြင့်   တရုတ်နိုင်ငံ ကူမင်းမြို့၌  မတ် ၁၄ ရက်မှ  ၂၃ ရက် အထိ လေ့ကျင့်ခြင်းဖြစ်သည်။ မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းသည် တရုတ်အမျိုးသမီးကလပ်၊    ကမ္ဘော ဒီးယားလက်ရွေးစင်အသင်း   တို့နှင့် ခြေစမ်းပွဲ သုံးပွဲကစားခဲ့ရာ တစ်ပွဲနိုင်၊ နှစ်ပွဲ    သရေကျခဲ့သည်။   မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းသည် ကမ္ဘောဒီးယားလက်ရွေးစင်အသင်းကို လေးဂိုးပြတ်  အနိုင်ရပြီး   တရုတ်အမျိုး သမီးကလပ်များဖြစ်သည့်   Sichuan အသင်းနှင့် တစ်ဂိုးစီသရေ၊  Changchan အသင်းနှင့် ဂိုးမရှိသရေကျခဲ့သည်။


ရဲရင့်လွင်၊ ဓာတ်ပုံ-MFF