
ရန်ကုန် မတ် ၇
မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းသည် နိုင်ငံတကာခြေစမ်း ပွဲများ ယှဉ်ပြိုင်ကစားရန် မတ် ၄ ရက်မှစ၍ စခန်းဝင်လေ့ကျင့်မှု များ ပြုလုပ်လျက်ရှိသည်။
မြန်မာ့လက်ရွေးစင် အမျိုး သမီးအသင်းသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလက ယှဉ်ပြိုင် သည့် အာရှအားကစားပြိုင်ပွဲ ပြီးကတည်းက လေ့ကျင့်မှု ရပ်နားထားခြင်းဖြစ်ပြီး နိုင်ငံ တကာခြေစမ်းပွဲများ ကစားရန် စခန်းဝင် လေ့ကျင့်ခြင်းဖြစ် သည်။
မြန်မာ့လက်ရွေးစင် အမျိုး သမီးအသင်းကို နည်းပြချုပ်အဖြစ် ဂျပန်နိုင်ငံသား ယုကီတက်ဆုရို က ဆက်လက်ကိုင်တွယ်လျက် ရှိပြီး ပဏာမကစားသမား ၃၀ ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
ပြည်ပကလပ်များတွင် သွား ရောက်ကစားနေသည့် ခင်မာလာ ထွန်းနှင့် ဝင်းသိင်္ဂီထွန်းတို့ ပါဝင် လာခြင်းမရှိပေ။ ယခု ရွေးချယ် ထားသည့် ပဏာမလူစာရင်းတွင် လူငယ်ကစားသမား အများစု ပါဝင်လာသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် သည် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ခြေစမ်းပွဲ ကစားနိုင်ရန် အာရှဒေသတွင်းမှ အသင်းများအား ဖိတ်ကြားလျက်ရှိ သည်။
မြန်မာ့လက်ရွေးစင် အမျိုး သမီးအသင်းကို နည်းပြချုပ်အဖြစ် ယုကီတက်ဆုရို၊ လက်ထောက် နည်းပြများအဖြစ် ဦးစထက်နိုင် ဝင်း၊ ဒေါ်စန်းစန်းမော်၊ ဂိုးနည်းပြ အဖြစ် ဦးစိန်အေးတို့က တာဝန်ယူ ဆောင်ရွက်နေပြီး ကစားသမား များအဖြစ် ဂိုး-မေဇင်နွယ်၊ မေဦး ခင်၊ မျိုးမြမြငြိမ်း၊ ထက်အိန္ဒြာလင်း၊ အိစန္ဒာဇော်၊ နောက်တန်း - ဇွန် ယုယဦး၊ အိအိကျော်၊ ယုယုနိုင်၊ မိုးမမစိုး၊ ဖြူဖွေး၊ မေသက်မွန်မြင့်၊ ခိုင်သဇင်၊ လင်းလဲ့ဦး၊ ဖြူဖြူဝင်း၊ အလယ်တန်း- နော်ထက်ထက်ဝေ၊ ဆွေမာအောင်၊ ခင်မိုမိုထွန်း၊ မိုးမိုးသန်း၊ ဝင်းဝင်း၊ပုံပုံပြည့်မောင်၊ ဝေဖူးအိမ်၊ ရှေ့တန်း - ရူပါခိုင်၊ ဂျူလိုင်ကျော်၊ ရွှေရည်ထွန်း၊ ဟေမာန်စိုး၊ စန်းသော်သော်၊ ဇင်မိုးပြည့်၊ မြတ်နိုးခင်၊ ယဉ်လွန်း အိမ်၊ ယွန်းဝတီလှိုင်၊ စန္ဒာလင်းတို့ ပါဝင်ကြသည်။
ရဲရင့်လွင်
ဓာတ်ပုံ - MFF