မြန်မာ့လက်ရွေးစင်အသင်း ကစားသမား ၂၅ ဦး ရွေးချယ်

 

နေပြည်တော်   နိုဝင်ဘာ  ၂၅


မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်  အန်တွမ်နီဟေးသည်   ၂၀၂၂ AFF Cup ပြိုင်ပွဲအကြို    သွားရောက်မည့်    ထိုင်း ခြေစမ်းခရီးစဉ်အတွက်   ကစားသမား   ၂၅  ဦး  ရွေးချယ်လိုက်ပြီဖြစ်သည်။

 


အန်တွမ်နီဟေး  ရွေးချယ်ထားသည့်    ကစားသမား ၂၅  ဦးတွင်   ဂိုးသမား-  ကျော်ဇင်ဖြိုး       (ရှမ်းယူနိုက်တက်)၊  ဆန်းဆက်နိုင် (ရန်ကုန်)၊  ထွန်းနန္ဒဦး (မြဝတီ)၊ နောက်တန်း  -  ကျော်ဇင်လွင်၊  နန္ဒကျော်၊  ရဲမင်းသူ (ရှမ်းယူနိုက် တက်)၊ ဒေးဗစ်ထန်၊ သီဟထက်အောင်၊       ဟိန်း ဇေယျာလင်း (ရန်ကုန်)၊   ဝင်းမိုးကျော် (ဟံသာဝတီ)၊     ဇော်ရဲထွန်း   (ရတနာပုံ)၊  ဝေယံဦး၊  သက်ဝေမိုး  (မြဝတီ)၊ အလယ် တန်း - ကျော်မင်းဦး၊ ရန်နိုင်ဦး (ရန်ကုန်)၊ မြတ်ကောင်းခန့်  (ရှမ်းယူနိုက်တက်)၊ လှိုင်းဘိုဘို၊  ရဲရင့်အောင်  (ရတနာပုံ)၊ အောင်နိုင်ဝင်း (ဧရာဝတီ)၊  လင်းထက်စိုး၊ ဝေလင်းအောင်     (အား/ကာသိပ္ပံ)၊ ရှေ့တန်း-  ဝင်းနိုင်ထွန်း   (ရန်ကုန်)၊     နိုင်ဇင်ထက် (မြဝတီ)၊   ရန်ကျော်ထွေး (ဧရာဝတီ) နှင့်   အီစိုးတို့  ပါဝင်သည်။ 

 


မြန်မာ့လက်ရွေးစင်  အသင်းသည် ပြည်တွင်းလိဂ်တွင်    ခြေစွမ်းပြခဲ့သည့်   ကစားသမား ၄၀  ကျော်ကို    ပဏာမ အဆင့်     ရွေးချယ်ကာ      ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားစေခဲ့ပြီး နိုဝင်ဘာ ၂၄ ရက်တွင်    ကစားသမား  ၂၅   ဦး ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ 

 


ယင်းကစားသမားများကို ထိုင်းခြေ စမ်းခရီးစဉ်သို့      ခေါ်ဆောင်သွားပြီး   ပြည်ပကလပ်များတွင် ကစားနေသူများ ဖြင့်  ပေါင်းစပ်ကာ ၂၀၂၂  AFF  Cup   ပြိုင်ပွဲအတွက်   ပြင်ဆင်သွားမည်ဖြစ် သည်။

 


မြန်မာ့လက်ရွေးစင်အသင်း နည်းပြ ချုပ်အန်တွမ်နီဟေးသည် ပြည်ပကလပ် များတွင်        ကစားနေသူများအနက်    လက်ရွေးစင်အသင်း၌ ရွေးချယ်ထားသူ စာရင်းကို ထုတ်ပြန်ခြင်းမရှိသေးပေ။

 


မြန်မာ့   လက်ရွေးစင်အသင်း သည်  ထိုင်းနိုင်ငံ၌    နှစ်ပတ်ဝန်းကျင် သွား ရောက်လေ့ကျင့်မည်ဖြစ်ပြီး     ဒီဇင်ဘာ ၁၁ ရက်တွင်  ထိုင်းလက်ရွေးစင်အသင်း နှင့်        ခြေစမ်းပွဲကစားမည်ဖြစ်သည်။

ရဲရင့်လွင်