မြန်မာ့လက်ရွေးစင်အသင်းနှင့် ထိုင်းလက်ရွေးစင်အသင်း ယနေ့ ခြေစမ်းမည်

 

ရန်ကုန်    ဒီဇင်ဘာ    ၁၀


၂ဝ၂၂ AFF Cup ပြိုင်ပွဲအတွက် လေ့ကျင့် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အသင်းနှင့် ထိုင်းလက်ရွေးစင်အသင်း သည် ဒီဇင်ဘာ ၁၁ ရက် (ယနေ့) မြန်မာ စံတော်ချိန် ည ၈ နာရီတွင် ထိုင်းနိုင်ငံ၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 


မြန်မာ့လက်ရွေးစင်   အသင်းသည် ကစားသမားအစုံအလင်ဖြင့် လေ့ကျင့် လျက်ရှိပြီး    ပြည်ပကလပ်များတွင် ကစားနေသူများလည်း    လာရောက် ပူးပေါင်းနေပြီဖြစ်သည်။       မြန်မာ့ လက်ရွေးစင်အသင်းသည် AFF Cup ပြိုင်ပွဲမတိုင်မီ နောက်ဆုံးခြေစမ်းပွဲအဖြစ် ထိုင်းအသင်းနှင့် ကစားခြင်းဖြစ်ပြီး ယခု ပွဲပြီးပါက မြန်မာနိုင်ငံသို့ပြန်ကာ ပြိုင်ပွဲ အတွက် အပြီးသတ်ပြင်ဆင်မှုများပြုလုပ် မည်ဖြစ်သည်။

 


ယင်းခြေစမ်းပွဲအတွက်      ပွဲကြို သတင်းစာရှင်းလင်းပွဲကို      ဒီဇင်ဘာ ၁ဝ ရက်က Thammasat  အားကစား ကွင်း     သတင်းစာရှင်းလင်းပွဲခန်းမ၌ ကျင်းပရာ နှစ်ဖက်အသင်းနည်းပြချုပ်များ နှင့် ကစားသမားတစ်ဦးစီ တက်ရောက် ခဲ့သည်။   မြန်မာအသင်း    နည်းပြချုပ် အန်တွမ်နီဟေးက “ ဒီမှာ အကောင်းဆုံး စီစဉ်ပေးမှုတွေနဲ့ ကောင်းကောင်းလေ့ကျင့် နိုင်ခဲ့ပြီး ကလပ်အသင်းတွေနဲ့ပါ ခြေစမ်း ခွင့်ရခဲ့လို့ ကစားသမား ရွေးချယ်မှုအပိုင်း မှာ အများကြီး အထောက်အကူဖြစ်စေ ပါတယ်။

 

ထိုင်းလက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲကတော့ နှစ်သင်းစလုံးယှဉ်ပြိုင် ရမယ့် AFF Mitsubishi Ecectric Cup 2022 အတွက် ကောင်းမွန်တဲ့ ပြင်ဆင်မှု တစ်ရပ်   ဖြစ်ပါတယ်။   ထိုင်းအသင်း က    အသင်းကောင်းတစ်သင်း   ဖြစ်ပြီး အကောင်းဆုံး ယှဉ်ပြိုင်ကစားသွားမှာပါ။ ကျွန်တော်တို့ဘက်က ပြင်ဆင်ထားတာ လည်း    ရှိပါတယ်။   ကစားတဲ့အခါ အားလုံးရဲ့ ပြင်ဆင်ထားမှုကို တွေ့မြင်ရ မှာပါ”ဟု ပြောကြားသည်။


ရဲရင့်လွင်၊ ဓာတ်ပုံ-MFF