
ရန်ကုန် စက်တင်ဘာ ၂၀
နိုင်ငံတကာရက်သတ္တပတ်တွင် မြန်မာ့လက်ရွေးစင်အသင်းနှင့် ဟောင်ကောင်လက်ရွေးစင်အသင်းတို့ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည် ဖြစ်ပြီး ပထမခြေစမ်းပွဲကို စက်တင်ဘာ ၂၁ ရက်(ယနေ့) မြန်မာ စံတော်ချိန် ညနေ ၆ နာရီခွဲတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းနှင့် ဟောင်ကောင်လက်ရွေးစင်အသင်း သည် ယခုနှစ်တွင် ဒုတိယအကြိမ်ကစားခြင်းဖြစ်ပြီး မေလတွင် ထိုင်းနိုင်ငံ၌ Training Match ယှဉ်ပြိုင်ကစားရာ ဂိုးမရှိသရေကျခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ဟောင်ကောင် လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားရန် စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းမှစ၍ ပဏာမ ကစားသမား ၂၅ ဦးဖြင့် စတင်ပြင်ဆင်ခဲ့ပြီး ကစား သမား ၂၁ ဦး ရွေးချယ်သွားခြင်းဖြစ်သည်။
ခြေစမ်းပွဲကစားမည့် မြန်မာ့လက်ရွေးစင် အသင်းတွင် ဂိုး - ကျော်ဇင်ဖြိုး၊ ပြည့်ဖြိုးသူ၊ ထွန်းနန္ဒဦး၊ နောက်တန်း - ဒေးဗစ်ထန်၊ ဇော်ရဲထွန်း၊ ကျော်ဇင်လွင်၊ ဟိန်းဇေယျာလင်း၊ ရဲလင်းထက်၊ အောင်ဝဏ္ဏစိုး၊ ရဲမင်းသူ၊ ဝေယံဦး၊ သီဟထက်အောင်၊ အလယ်တန်း - ကျော်မင်းဦး၊ အောင်နိုင်ဝင်း၊ လှိုင်းဘိုဘို၊ ရန်နိုင်ဦး၊ လင်းထက်စိုး၊ ရှေ့တန်း - ဝင်းနိုင်ထွန်း၊ နိုင်ဇင်ထက်၊ ရာဇာအောင်နှင့် ရန်ကျော်ထွေးတို့ ပါဝင်ကြသည်။ မြန်မာ့လက်ရွေးစင်အသင်း သည် စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ပြီး နည်းပြချုပ် အန်တွမ်နီဟေးအနေဖြင့် ကစားသမား ၂၁ ဦး ခေါ်ဆောင်သွားခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းနှင့် ဟောင် ကောင် လက်ရွေးစင်အသင်းတို့သည် ဟောင်ကောင်၌ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစား မည်ဖြစ်ပြီး ပထမပွဲကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားမည်ဖြစ်ပြီး စက်တင်ဘာ ၂၄ ရက်တွင် ကစားမည့် ဒုတိယပွဲကိုမူ ပရိသတ် များ ကြည့်ရှုခွင့်ရမည်ဖြစ်သည်။
ရဲရင့်လွင်