မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (၁၈)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးဖွင့်ပွဲ ကျင်းပ

မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (၁၈)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးဖွင့်ပွဲ ကျင်းပ

=================================================================================

 

နေပြည်တော် အောက်တိုဘာ ၁၀

 

မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း (၁၈)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်း အဝေးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

အခမ်းအနား၌ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ် ငန်းရှင်များအသင်း နာယက ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ စတင် ဖြစ်ပွားချိန် တွင် ကမ္ဘာ့နိုင်ငံအသီးသီးက ဆေးနှင့်ဆေးပစ္စည်းများကို အပြိုင်အဆိုင်ဝယ်ယူခဲ့ကြပြီး မိမိတို့မြန်မာနိုင်ငံအနေဖြင့် လည်း ဆေးနှင့်ဆေးပစ္စည်းများကို ဝယ်ယူရန်အတွက် အခက်အခဲရှိနေချိန်၌ အရည်အသွေးပြည့်မီ၍ သင့်တင့် သော ဈေးနှုန်းဖြင့် အချိန်မီဝယ်ယူရရှိနိုင်ရေးအတွက် ပံ့ပိုး ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဝန်ထမ်းများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များဆောင်ရွက်နေသည့် ဝန်ကြီးဌာနအား ယခုကဲ့သို့ ပံ့ပိုး ခြင်းသည် ပြည်သူများအကျိုးအတွက် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးခြင်းပင်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အမျိုးသား ဆေးဝါးဥပဒေ၊ နှီးနွှယ်ဥပဒေများ၊ အာဆီယံနိုင်ငံများအကြား သဘောတူညီသတ်မှတ်ချက်များနှင့်အညီ ဆေးနှင့်ဆေး ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လုပ်ငန်း များ ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ရေရှည်အတွက်မျှော်မှန်း

 

မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းသည် ဝန်ကြီးဌာန၏ အရေးကြီးသော မိတ်ဖက်အဖွဲ့ အစည်းတစ်ခုဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနနှင့် ဤအသင်း သည် နှစ်ပေါင်းများစွာ ပေါင်းစပ်၍ လုပ်ကိုင်ရမည်ဖြစ်သည့် အတွက် ရေရှည်ကာလအတွက် မျှော်မှန်းကာ ဝန်ကြီးဌာန နှင့် အသင်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ယခုထက် ပိုမိုကောင်းမွန်ထိရောက်စေရေးမူဘောင်များ၊ စနစ်များ ရေးဆွဲဆောင်ရွက်ရန်အတွက် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူ ဖြန့်ဖြူးရေးဌာနစိတ်မှ တာဝန်ရှိသူများနှင့် အသေးစိတ် ဆွေးနွေးမှုများ အမြန်ဆုံး ပြုလုပ်စေလိုပါကြောင်း။

 

ထိုသို့ဆွေးနွေးရာတွင် ဝန်ကြီးဌာနမှ ဆေးနှင့်ဆေး ပစ္စည်းများဝယ်ယူဖြန့်ဖြူးခြင်း၊ ထောက်ပံ့ပို့ဆောင်ခြင်း၊ တင်ဒါခေါ်ယူခြင်း၊ အွန်လိုင်းရက်ချိန်း ကြိုတင်လျှောက်ထား မှုစနစ်၊ ထောက်ခံချက်လက်မှတ်စီမံခန့်ခွဲမှုစနစ် စသည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ရှိရသည့် အားနည်း ချက်များ၊ လိုအပ်ချက်များအား အသင်းမှပညာရှင်များက ပွင့်လင်းစွာ အကြံပြုပြောကြားစေလိုပါကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့် ကုသရေးဦးစီးဌာန၏ ဆေးနှင့်ဆေးပစ္စည်း များ ဝယ်ယူရန် ဘဏ္ဍာငွေအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က ၁၄၇ ဘီလီယံကျပ်သာ အသုံးပြုခဲ့ရာမှ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၃၀၀ ဘီလီယံကျပ်အထိ တိုးမြှင့် အသုံးပြုသွားရန် လျာထားသည့်အတွက် အရည် အသွေးပြည့်ဝပြီး ဈေးနှုန်းသင့်တင့်သော ဆေးနှင့်ဆေး ပစ္စည်းများ ဝယ်ယူနိုင်ရန်သည် အထူးအရေးကြီးပါကြောင်း၊ ထိုသို့ ဝယ်ယူရာတွင် အရည်အသွေးမှန်ကန်သည့် ဆေးနှင့် ဆေးပစ္စည်းများ ရွေးချယ်ဝယ်ယူနိုင်ရန်အတွက် ဆေးနှင့် ဆေးပစ္စည်းများအလိုက် အသေးစိတ်အချက်အလက်နှင့် အရည်အသွေး သတ်မှတ်ချက်များသည် အရေးကြီးပါ ကြောင်း၊ ဆေးနှင့်ဆေးပစ္စည်းအမျိုးအစားအလိုက် အသေး စိတ်အချက်အလက်နှင့် အရည်အသွေး သတ်မှတ်ချက်များ ကို စုံလင်စုစည်းထားရှိမှု (specification bank) ပြုလုပ်ရာ တွင် အသင်းမှပညာရှင်များက ဝန်ကြီးဌာနအား ပံ့ပိုးဆောင် ရွက်စေလိုပါကြောင်း၊ အသင်း၏ ရည်မှန်းချက်နှင့် ဦးတည် ချက်များ၊ ပင်မအခြေခံအလေးပေး တန်ဖိုးထားမှုများနှင့် ချမှတ်ထားသောလုပ်ငန်းကျင့်ဝတ် (code of conduct) များသည် ကောင်းမွန်ပြီး အဆိုပါအချက်များအား လိုက်နာ ဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့ကာ တိုးတက် ဖွံ့ဖြိုး သော အသင်းကြီးဖြစ်လာမည်ဖြစ်ပါကြောင်း၊ ဦးတည်ချက် များအနက် လုပ်ငန်းကျင့်ဝတ် ပီပြင်မှုသည် အသင်းကြီး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထူးအရေးကြီးပါကြောင်း၊ ပြည်သူများ အရည်အသွေးမှန်ကန်ပြည့်ဝပြီး အဖိုးနှုန်း သင့်တော်သည့် ဆေးဝါးများ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် အသင်းမှ ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးစေလိုပါ ကြောင်း။

 

ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) တည်ဆောက် ရာတွင်လည်း ပံ့ပိုးပါဝင်လှူဒါန်း ဆောင်ရွက်မှုများအပါအဝင် အသင်းကြီးမှ များပြားသော လှူဒါန်းမှုများအတွက် ဝန်ကြီး ဌာနမှ အရာထမ်းနှင့် အမှုထမ်းများကိုယ်စား ကျေးဇူးတင်ရှိ ပါကြောင်း၊ အသင်းကြီးအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဆေးနှင့်ဆေးပစ္စည်းဆိုင်ရာ ကိစ္စရပ်များအား မည်ကဲ့သို့ ပံ့ပိုးနိုင်မည်ဆိုသည့် အသေးစိတ်အချက်အလက် များကိုလည်း သိရှိလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွား နေသည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် ရောဂါကူးစက်မှု ဒုတိယလှိုင်း၏နောက်တွင်လည်း ထိရောက်သော ကာကွယ် ဆေးမပေါ်ပေါက်သေးသည့် ကာလတစ်လျှောက်လုံး၌ ရောဂါ ကူးစက်မှုလှိုင်းငယ်များ ရှိလာနိုင်သဖြင့် အသင်းအနေဖြင့် ဝန်ကြီးဌာနနှင့် ဆက်လက်လက်တွဲကြိုးပမ်းဆောင်ရွက်စေလိုပါကြောင်း၊ အသင်းကြီး၏ နှစ်ပတ်လည် အစီရင်ခံစာ များကိုလည်း ယခုထက် ပိုမိုကောင်းမွန်စေရေး ဆောင်ရွက် စေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပံ့ပိုးဆောင်ရွက် ရမည့် လုပ်ငန်းများကို အတတ်နိုင်ဆုံးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

 

မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်း နာယက၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းဝယ်ယူရေးကော်မတီတွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်ပ မှ ဆေးဝါးနှင့် ဆေးဝါးပစ္စည်းများဝယ်ယူနိုင်ရေးအတွက် UNOPS နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကာလ အတွင်း စီးပွားရေးလုပ်ငန်းများထိခိုက်မှု လျော့နည်း သက်သာစေရေးအတွက် ဆေးဝါးများနှင့် ဆေးဝါးထုတ်လုပ် ရာတွင် အသုံးပြုသည့် ဆေးဝါးကုန်ကြမ်းများ အားလုံး အပေါ် သွင်းကုန်လိုင်စင်ကြေး ကင်းလွတ်ခွင့်ပြုပေးကြောင်း၊ လှူဒါန်းသည့် ကိုဗစ်-၁၉ နှင့် သက်ဆိုင်သောဆေးဝါးများ တင်သွင်းရာတွင် မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် FDA နှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြေလျှော့ဆောင်ရွက်ပေး လျက်ရှိပါကြောင်း။

 

ဆေးဝါးထုတ်လုပ်ရေးဆောင်ရွက်

 

ထို့ပြင် ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းစဉ်များဖြစ်သော ပို့ကုန်/ သွင်းကုန် လုပ်ငန်းရှင်များ မှတ်ပုံတင်ခြင်းအပါအဝင် အခြားသော မှတ်ပုံတင်ခြင်းကိစ္စများ၊ ပို့ကုန်/သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို အွန်လိုင်းစနစ်ဖြင့် အပြည့် အဝကျင့်သုံးဆောင်ရွက်နိုင်ရေး ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ကာ Tradenet 2.0 စနစ်အား အကောင်အထည် ဖော်လျက်ရှိပါကြောင်း၊ ကိုဗစ်- ၁၉ နှင့် ပတ်သက်သော ဆေးဝါးများ ပုံမှန်တင်သွင်းနိုင်ရေးအပြင် ဆီးချို၊ သွေးတိုး၊ နှလုံးအစရှိသည့် ရောဂါများနှင့် သက်ကြီးရွယ်အိုများအတွက် အသုံးပြုရသည့် ဆေးဝါးများ တင်သွင်းမှုကိုလည်း ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ရေရှည်တွင် ပြည်တွင်း၌ ဆေးဝါးထုတ်လုပ်နိုင်ရေးအတွက်ကိုလည်း ဆောင်ရွက်သွား ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ အဂ္ဂမဟာ သီရိသုဓမ္မမဏိဇောတဓရ ဦးဇော်မိုးခိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး အသင်းမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပံ့ပိုးပါဝင်မှုနှင့် လှူဒါန်းမှုများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနနှင့်ပူးပေါင်းကာ စွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်း များဆောင်ရွက်ခဲ့မှု၊ ဆေးပစ္စည်းများဆိုင်ရာ ဥပဒေ ပေါ်ပေါက်လာရေး ပူးပေါင်းဆောင်ရွက်နေမှု လုပ်ငန်းများ ကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ၂၀၂၀-၂၀၂၂ ခုနှစ် သက်တမ်းအတွက် ရွေးချယ်ခံရသော ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှု ဆောင်အဖွဲ့ဝင်စာရင်းကြေညာခဲ့ပြီး အစည်းအဝေး ပထမ ပိုင်းကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်