
ဒေါက်တာသံလွင်ထွန်း (ကျန်းမာရေးဝန်ကြီးဌာန)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်အနက်မှ လူမှုရေးဦးတည်ချက်တစ်ရပ်ဖြစ်သော “တစ်မျိုးသားလုံး သက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ကို ဦးတည်ချက် ချမှတ်လမ်းညွှန်ထားပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်မှာ (က)လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေး၊ (ခ)လူတိုင်း ရောဂါဘယကင်းရှင်းရေးဟူ၍ ဖြစ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း (နေပြည်တော်) သည် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်ပါသည်။ အဆိုပါ မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်း ကျောင်း (နေပြည်တော်) တည်ထောင်ခြင်းသည် မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသော မှတ်တိုင်တစ်ခုဖြစ်ပါသည်။ ဤဌာနသည် မြန်မာနိုင်ငံတွင် ရောဂါများ ကို ကာကွယ်ရန်နှင့် စီမံခန့်ခွဲရန်၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အခြေခံ အဆောက်အအုံများ မြှင့်တင်ရန်နှင့် ခေတ်မီဆေးဘက်ဆိုင်ရာ သင်တန်းများ ပို့ချရန်အတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင် မည်ဖြစ်ပါသည်။
ပြည်သူ့ကျန်းမာရေးအရေးပေါ်ကိစ္စရပ်များနှင့် ဦးစားပေး
ပြည်သူ့ကျန်းမာရေးပြဿနာများကို ဖြေရှင်းပံ့ပိုးပေးနိုင်
မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်း ကျောင်း ဖွင့်ပွဲအခမ်းအနားကို ၁၃-၆-၂၀၂၄ ရက်နေ့ နံနက် ၉ နာရီ တွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ အဆိုပါ ဗဟိုဌာနနှင့် သင်တန်းကျောင်းအဆောက်အအုံ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနား မိန့်ခွန်းတွင် ကမ္ဘာ့နိုင်ငံများတွင် သဘာဝဘေးအန္တရာယ်များ၊ ကပ်အသွင်ဖြစ်ပွားသည့် ကူးစက်ရောဂါများကြောင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများကို ရင်ဆိုင်ကြုံတွေ့ရသကဲ့သို့ မြန်မာနိုင်ငံ တွင်လည်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစတင်ခဲ့သည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှု၊ ၂၀၂၃ ခုနှစ် မေလတွင် တိုက်ခတ်ခဲ့သည့် ဆိုက်ကလုန်းမုန်တိုင်း (မိုခါ) ကဲ့သို့ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ခဲ့ရကြောင်း၊ ထိုသို့ကြုံတွေ့ရာတွင် ကြိုတင်ပြင်ဆင်ခြင်းနှင့် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ခြင်းများကို နိုင်ငံတော် အစိုးရ၏ ဦးဆောင်စီမံခန့်ခွဲမှု၊ ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ဟန်ချက်ညီညီ အောင်မြင်စွာ စီမံထိန်းချုပ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ လူများရွှေ့ပြောင်းသွားလာနေထိုင် မှုနှင့် ပြောင်းလဲလာသည့် လူနေမှုဘဝပုံစံကြောင့် ကမ္ဘာတစ်ဝန်းတွင် တိရစ္ဆာန်များမှတစ်ဆင့် စတင်ကူးစက်ဖြစ်ပွားသည့် ကူးစက်ရောဂါများ အပါအဝင် ကူးစက်ရောဂါသစ်များဖြစ်ပွားခြင်း၊ ယခင်ကတည်းက ရှိနေသည့် ကူးစက်ရောဂါများ ပြန်လည်ခေါင်းထောင်ပြီး ဖြစ်ပွားခြင်း များလည်း ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ယင်းကဲ့သို့ပြဿနာများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ကြိုတင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးပြဿနာများကို ကြိုတင်ကာကွယ်ရေး၊ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်း များအနေဖြင့် စွမ်းဆောင်ရည်မြင့်မားရန်နှင့် ဆန်းသစ်သည့်နည်းပညာ များကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရန်လိုအပ်ကြောင်း၊ ပြည်သူ့ ကျန်းမာရေးလုံခြုံမှုနှင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ များကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲကိုင်တွယ်ဖြေရှင်းနိုင်ရန် ကမ္ဘာ့နိုင်ငံ များအနေဖြင့် အားကောင်းခိုင်မာပြီး အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးအဖွဲ့အစည်းများရှိရန် အရေးကြီးသည်ကို သတိပြုခဲ့မိကြ ကြောင်း၊ ထို့ကြောင့် ကျန်းမာရေးအဖွဲ့အစည်းများကို ပိုမိုထိရောက် စွာ ပံ့ပိုးကူညီနိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံများတွင် ရောဂါထိန်းချုပ် ရေးဗဟိုဌာနများ ဖွင့်လှစ်တည်ထောင်ကြပြီး ရောဂါနှိမ်နင်းရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်လာကြကြောင်း၊ မိမိတို့မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ ရောဂါကာကွယ်ထိန်းချုပ် ရေး၊ သုတေသနပြုလုပ်ရေးနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် များ ဖွံ့ဖြိုးရေးဗဟိုဌာနတစ်ခုထူထောင်နိုင်ရန်အတွက် မြန်မာနိုင်ငံ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ နှစ်နိုင်ငံချစ်ကြည်ရေး သင်္ကေတ အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက ကူညီတည်ဆောက် ထူထောင်ပေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းစီမံကိန်းကို တရုတ်ယွမ် ငွေသန်း ၃၃၀ ခန့်ဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏ သီရိမြို့နယ်တွင် ယခုကဲ့သို့ အကောင်အထည်ဖော်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန နှင့် သင်တန်းကျောင်း(နေပြည်တော်) ထူထောင်နိုင်ခြင်းဖြင့် မြန်မာ နိုင်ငံ၏ ကျန်းမာရေးအဆင့်အတန်းကို နိုင်ငံတကာနှင့်ရင်ပေါင်တန်းပြီး တိုးတက်အောင်ဆောင်ရွက်သွားနိုင်တော့မည်ဖြစ်ပြီး အပြည်ပြည် ဆိုင်ရာ ကျန်းမာရေးပြဋ္ဌာန်းချက်နှင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးလုံခြုံမှု ဆိုင်ရာအစီအမံများကိုလည်း ပိုမိုထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ ယခုဌာနကြီးကို ဗဟိုပြု၍ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဖြစ်ပွားလာနိုင်သည့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးနှင့် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေများကို ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ထိန်းချုပ်နိုင်ခြင်း၊ ကျန်းမာရေး ဆိုင်ရာ သုတေသနလုပ်ငန်းများကို လုပ်ဆောင်နိုင်ခြင်း၊ ကူးစက် ရောဂါများအတွက် မရှိမဖြစ်လိုအပ်သည့် ဓာတ်ခွဲခန်းဝန်ဆောင်မှုများ ကို ပိုမိုဆောင်ရွက်လာနိုင်ခြင်း၊ ပြည်သူ့ကျန်းမာရေးအရေးပေါ်ကိစ္စရပ်များနှင့် ဦးစားပေးပြည်သူ့ကျန်းမာရေးပြဿနာများကို ဖြေရှင်းရာတွင် ပံ့ပိုးပေးနိုင်ခြင်း စသည်တို့ကို ပိုမိုထိရောက်စွာ ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း၊ ကူးစက်ရောဂါများဖြစ်ပွားလာပါကလည်း ရောဂါပိုးမွှားများ၏ မျိုးရိုးဗီဇနှင့် သဘောသဘာဝကို မိမိတို့နိုင်ငံအတွင်း၌ ဓာတ်ခွဲစမ်းသပ်ဖော်ထုတ်နိုင်မည်ဖြစ်၍ ယင်းကူးစက် ရောဂါကို အချိန်တိုအတွင်း ထိရောက်စွာ ကာကွယ်ထိန်းချုပ်တုံ့ပြန် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အဆိုပါဌာနသည် ပြည်သူ့ကျန်းမာရေးနယ်ပယ်အတွင်း ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် သင်တန်းပို့ချမှုလုပ်ငန်းများကို အောင်မြင် စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ပါ သည်။ ၎င်းအပြင် ရောဂါစောင့်ကြည့်ခြင်းသာမက ရောဂါဖြစ်ပွားမှု တုံ့ပြန်ခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်း၊ ပြည်သူ့ကျန်းမာရေးသုတေသန၊ လေ့ကျင့်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းလုပ်ငန်းများကိုပါ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
အိမ်နီးချင်းနိုင်ငံများနှင့် ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု
တိုးမြှင့်ရန်နှင့် ဒေသတွင်း ကျန်းမာရေးလုံခြုံရေးအတွက်
အထောက်အကူဖြစ်
မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်း ကျောင်း (နေပြည်တော်) ဖြစ်မြောက်ရေးအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ပံ့ပိုးကူညီမှုသည် မြန်မာနိုင်ငံ၏ ပြည်သူ့ကျန်းမာရေး အခြေခံအဆောက်အအုံများ အားကောင်းလာစေရန်နှင့် ကူးစက်ရောဂါ များကို စီမံခန့်ခွဲနိုင်မှုစွမ်းရည်ကို မြှင့်တင်ရာတွင် လိုအပ်ပါသည်။ အဆိုပါ ပံ့ပိုးကူညီမှုသည် မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်နှင့် ဒေသတွင်း ကျန်းမာရေးလုံခြုံရေးအတွက် အထောက်အကူဖြစ်စေပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မြန်မာနိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက် မှု ကျွမ်းကျင်ပညာရှင်များအတွက် အထူးပြုသင်တန်းများ ပေးထားပြီး ဤအစီအစဉ်များသည် ရောဂါစောင့်ကြည့်မှု၊ ရောဂါဖြစ်ပွားမှုတုံ့ပြန်မှု၊ ဓာတ်ခွဲခန်းနည်းပညာများနှင့် ပြည်သူ့ကျန်းမာရေးစီမံခန့်ခွဲမှုတို့ကို အဓိကပံ့ပိုးပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကျန်းမာရေး ပညာရှင်များသည် ၎င်းတို့၏ အသိပညာနှင့် ကျွမ်းကျင်မှုများကို မျှဝေ ရန် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြပြီး အဆိုပါဖလှယ်မှုများသည် ဒေသတွင်း စွမ်းဆောင်ရည်များ တည်ဆောက်ခြင်းနှင့် နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရာတွင် အထောက်အကူဖြစ်စေပါသည်။
ဤဌာနသည် ကူးစက်ရောဂါများကို တိုက်ဖျက်ရန်နှင့် ပြည်သူ့ ကျန်းမာရေး အရေးပေါ်အခြေအနေများကို တုံ့ပြန်ရန် နိုင်ငံ၏ကြိုးပမ်း အားထုတ်မှုဖြစ်ပြီး ပိုမိုကောင်းမွန်သော စောင့်ကြည့်ခြင်း၊ သုတေသန နှင့် တုံ့ပြန်မှုယန္တရားများကို အသုံးပြုနိုင်မည်ဖြစ်သကဲ့သို့ ရောဂါဖြစ်ပွား မှုများကို လျင်မြန်စွာ ဖော်ထုတ်ထိန်းချုပ်နိုင်စေရန် ဆောင်ရွက်ပေးနိုင် မည်ဖြစ်ပါသည်။ ဤဌာနတည်ထောင်မှုသည် နိုင်ငံတော်၏ ကျန်းမာရေး လုံခြုံမှုကို အားကောင်းလာစေရန်နှင့် နိုင်ငံသားများအားလုံးကို ကျန်းမာရေးခြိမ်းခြောက်မှုမှ ကာကွယ်ရန် အဓိကထား ဆောင်ရွက် သွားနိုင်မည် ဖြစ်ပါသည်။ ၎င်းအပြင် ပြည်သူများအားလုံးသိရှိနိုင် ရန်အတွက် ပြည်သူ့ကျန်းမာရေးပြတိုက်ကိုပါ ထည့်သွင်းထားရှိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ နောက်ဆုံးပေါ်
အသိပညာနှင့်နည်းပညာများဖြင့် လေ့ကျင့်သင်ကြားနိုင်မည်
ဤသင်တန်းကျောင်းသည် ကျွမ်းကျင်သော ကျန်းမာရေး စောင့်ရှောက်မှုလုပ်သားအင်အားကို တည်ဆောက်ရာတွင် အဓိက ကျပြီး အထူးပြုလေ့ကျင့်မှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ပေးဆောင်မည်ဖြစ်ပါသည်။ ဤဌာနသည် ကျန်းမာရေးစောင့်ရှောက် မှုကျွမ်းကျင်မှုတွင် ကွာဟချက်ကို ပေါင်းကူးပေးမည်ဖြစ်ပြီး ဆေးဘက် ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များသည် နောက်ဆုံးပေါ် အသိပညာနှင့် နည်းပညာများဖြင့် လေ့ကျင့်သင်ကြားနိုင်မည်ဖြစ်ပြီး ရောဂါကာကွယ် ထိန်းချုပ်မှုကို တိုးတက်စေရုံသာမက မြန်မာနိုင်ငံရှိ ကျန်းမာရေး စောင့်ရှောက်မှုစနစ် အလုံးစုံတိုးတက်မှုကိုလည်း အထောက်အကူပြု မည် ဖြစ်ပါသည်။
ဤဌာနသည် လက်ရှိနှင့် အနာဂတ်ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှု များကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် ပိုမိုခိုင်မာသော ပြည်သူ့ကျန်းမာရေး အခြေခံအဆောက်အအုံကို ဖော်ဆောင်ပေးမည်ဖြစ်ပြီး ကြိုတင် ကာကွယ်မှု၊ ကြိုတင်ပြင်ဆင်မှုနှင့် ပညာရေးတို့ကို ဦးစားပေးသည့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် အလေးပေးသောချဉ်းကပ်မှုကို ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ဤရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ ရောဂါကာကွယ်ထိန်းချုပ်ရေးကို ဦးစားပေးပြီး ကျန်းမာသော အနာဂတ်အတွက် အခြေခံအုတ်မြစ်ချပေးမည် ဖြစ်ပါသည်။
အနှစ်ချုပ်အနေဖြင့် မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း (နေပြည်တော်) တည်ထောင်ခြင်းသည် နိုင်ငံ၏ ပြည်သူ့ကျန်းမာရေးတိုးတက်မှုကို သိသာထင်ရှားစွာ မြှင့်တင် ပေးမည့် အထိမ်းအမှတ်သင်္ကေတဖြစ်ပါကြောင်း ရေးသားတင်ပြလိုက် ပါသည်။ ။
- Log in to post comments