မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဝါသနာရှင်အဆင့်နှင့် သက်ကြီးတန်းပြိုင်ပွဲ ကျင်းပပြီးစီး

 

ရန်ကုန်  ဖေဖော်ဝါရီ    ၂၂


မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် က ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဝါသနာ ရှင်အဆင့်ပြိုင်ပွဲနှင့် သက်ကြီးတန်းပြိုင်ပွဲ နောက်ဆုံးနေ့နှင့်   ဆုပေးပွဲအခမ်းအနား ကို  ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်တိုင်း ဒေသကြီး   မင်္ဂလာဒုံမြို့နယ်ရှိ   ရန်ကုန် ဂေါက်ကွင်း (တညင်းကုန်း)၌  ဆက်လက် ကျင်းပသည်။


ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်း အနား    ဆက်လက်ကျင်းပရာ    မြန်မာ နိုင်ငံ       ဂေါက်သီးအားကစားအဖွဲ့ချုပ် 
တွဲဖက်အထွေထွေ     အတွင်းရေးမှူး ဦးမြင့်အောင်က  ရန်ကုန်ဂေါက်ကွင်းသို့ အမှတ်တရ      ဂုဏ်ပြုလက်ဆောင် ပေးအပ်ရာ ရန်ကုန်ဂေါက်ကွင်းအမှုဆောင် ဦးစစ်တိုင်းအောင်က လက်ခံရယူသည်။ ဆက်လက်၍   မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ်       ဒုတိယဥက္ကဋ္ဌနှင့် ဝါသနာရှင်အဆင့်     သက်ကြီးတန်း အားကစားသမားများ    ဆပ်ကော်မတီ ဥက္ကဋ္ဌ  ဦးလှမြင့်ရွှေက  ဝါသနာရှင်အဆင့် သက်ကြီးတန်းပြိုင်ပွဲတွင်     စုစုပေါင်း ရိုက်ချက် ၁၅၆ ချက်ဖြင့် ဒုတိယရရှိသည့် ဦးဆန်းမင်း၊  စုစုပေါင်းရိုက်ချက် ၁၅၃ ချက်ဖြင့် ပထမဆုရရှိသော ဦးကိုကိုအေး တို့ကို      ဆုများ   ပေးအပ်ချီးမြှင့်သည်။   ထို့နောက်    မြန်မာနိုင်ငံ   ဂေါက်သီး အားကစားအဖွဲ့ချုပ်    ဗဟိုအလုပ်အမှု ဆောင် ဒေါ်မြင့်မြင့်သန်းက ဝါသနာရှင် အဆင့် (အမျိုးသမီး)ပြိုင်ပွဲတွင် စုစုပေါင်း ရိုက်ချက် ၂၄၄ ချက်ဖြင့် ဒုတိယဆုရရှိ သော ခိုင်ဇင်အောင်၊ စုစုပေါင်းရိုက်ချက် ၂၃၁ ချက်ဖြင့် ပထမဆုရရှိသော ပြုံးပြုံး ထွေးတို့ကို       ပေးအပ်ချီးမြှင့်သည်။ ယင်းနောက်   မြန်မာနိုင်ငံ   ဂေါက်သီး အားကစားအဖွဲ့ချုပ် နာယက ဦးဝင်းလှိုင် က   ဝါသနာရှင်အဆင့်တွင်   စုစုပေါင်း ရိုက်ချက် ၂၉၇ ချက်ဖြင့်   ဒုတိယဆုရရှိ သည့် ဇော်ဇော်ထွန်း၊ စုစုပေါင်းရိုက်ချက် ၂၉၅    ချက်ဖြင့်     ပထမရရှိသည့် ကျော်ကိုကိုချစ်တို့ကို     လည်းကောင်း ဆုပေးအပ်ချီးမြှင့်သည်။  ဆက်လက်၍ တက်ရောက်လာကြသည့်     ဧည့်သည် တော်များနှင့် ဆုရရှိသူများက အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။


မြန်မာနိုင်ငံ ဂေါက်သီးအားကစား အဖွဲ့ချုပ်  ဥက္ကဋ္ဌဖလား  ဂေါက်သီးရိုက် ပြိုင်ပွဲ၏ ဝါသနာရှင်အဆင့် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲနှင့်   သက်ကြီးတန်း ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၂ ရက် အထိ  ကျင်းပခဲ့ပြီး     ဂေါက်သီးရိုက် အားကစားသမား  စုစုပေါင်း  ၁၉၇   ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။


 ကိုညီလေး
ဓာတ်ပုံ - MGF