
ရန်ကုန် ဖေဖော်ဝါရီ ၈
မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်က ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ Tour Pro နှင့် Senior Pro အဆင့်ပြိုင်ပွဲ၏ တတိယနေ့ကို ရန်ကုန်တိုင်းဒေသ ကြီး မင်္ဂလာဒုံမြို့နယ်ရှိ မြို့တော် ဂေါက်ကွင်း (ငွေသော်တာ) ၌ ဆက်လက်ကျင်းပသည်။
ပြိုင်ပွဲ တတိယနေ့အပြီး ပညာ ရှင်အဆင့် ပြိုင်ပွဲတွင် ကျော်သက်ဦး (Okkala Golf Academy) က သုံးရက်ပေါင်းရိုက်ချက် ၁၉၇ ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် ၁၉ ချက်လျှော့ရိုက်ကာ ပထမ၊ သိန်းနိုင်စိုး (HAN Golf Academy) နှင့် ရာဇာ (MGG) တို့က သုံးရက် ပေါင်းရိုက်ချက် ၂၁၀ ဖြင့် သတ်မှတ်ရိုက်ချက်ထက် ခြောက် ချက်လျှော့ရိုက်ကာ ဒုတိယနေရာ တွင်လည်းကောင်း၊ Senior Pro ဆင့်တွင် မင်းနိုင်က နှစ်ရက်ပေါင်း ရိုက်ချက် ၁၃၉ ချက်ဖြင့် သတ်မှတ် ရိုက်ချက်ထက် ငါးချက်လျှော့ရိုက် ပြီး ပထမ၊ ကျော်မိုးက နှစ်ရက် ပေါင်းရိုက်ချက် ၁၄၄ ချက်ဖြင့် ဒုတိယ၊ အိုက်ပန်းက နှစ်ရက် ပေါင်းရိုက်ချက် ၁၄၆ ချက်ဖြင့် တတိယနေရာတွင်လည်းကောင်း အသီးသီးရပ်တည်လျက်ရှိသည်။
ပြိုင်ပွဲ နောက်ဆုံးနေ့နှင့် ဆုပေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက် (ယနေ့) ဆက်လက် ကျင်းပမည်ဖြစ် သည်။
ကိုညီလေး
ဓာတ်ပုံ-MGF