မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ သဘောထားထုတ်ပြန်ကြေညာချက်

 

၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၈) ရက်
ရှမ်းပြည်နယ်  (မြောက်ပိုင်း)၊   လားရှိုးမြို့အတွင်း     အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တိုက်ပွဲဖော်ဆောင်ပြီး  တပ်မတော်ဆေးရုံကို ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများ၊ Drone များဖြင့် ပစ်ခတ်မှုကြောင့် ဆေးရုံတက်ရောက်ဆေးကုသမှုခံယူနေကြသော ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊   လုံခြုံရေးတပ်ဖွဲ့ဝင်များ၏   မိသားစုဝင်များ   ထိခိုက်သေဆုံးရကြောင်း    ဝမ်းနည်းစွာ ကြားသိရပါသည်။
ပြည်သူလူထုအနေဖြင့်  မည်သည့်နေရာဒေသ၊  မည်သည့်အခြေအနေတွင်မဆို  ဘေးကင်းသော ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိခံစားရမည်ဖြစ်ပါသည်။ ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက် ပေးနေသည့် ဆေးရုံကို တိုက်ခိုက်ခြင်းအား ဆန့်ကျင်ကန့်ကွက်ပါသည်။
မိခင်နှင့်ကလေးများအပါအဝင် လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများအား ထိခိုက်မှု မရှိစေရေး၊ ဘေးကင်းလုံခြုံရေးအတွက်   အထူးအလေးထား  ရှောင်ရှားပေးပါရန်   မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်းက သဘောထားထုတ်ပြန်ကြေညာအပ်ပါသည်။
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း