
နေပြည်တော် နိုဝင်ဘာ ၂၄
မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ် လျက်ရှိသည့် ထိုင်းနိုင်ငံ Nakhon Pathom ခရိုင် Nakhon Pathom မြို့နယ် Phra Pathom ကျေးရွာအုပ်စုနှင့် Kanchanaburi ခရိုင် Kanchanaburi မြို့နယ် Ko Samrong ကျေးရွာအုပ်စု အမှတ် (၅) ကျေးရွာများအတွင်း လက်နက် ခဲယမ်းများ ဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့အကြီးအကဲများက ထုတ်ဖော်ပြောကြားကြောင်း သိရ သည်။
ဖမ်းဆီးရမိ
ဖမ်းဆီးရရှိမှုအနေဖြင့် နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် Phra Pathom ကျေးရွာအုပ်စုအတွင်း၌ တရားခံနှစ်ဦးကို လက်နက်မျိုးစုံ (လိုင်စင်မဲ့) ၇၉၁ လက်၊ လက်နက်မျိုးစုံ (လိုင်စင်ပါ) ၁၂၅ လက်၊ စက်သေနတ် သုံးလက်၊ ကျည်ဆန်မျိုးစုံ ၆၃၈၃ တောင့်၊ အခြားဆက်စပ်ပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း Nakhon Pathom ခရိုင်ရဲတပ်ဖွဲ့ထံမှ သိရ သည်။
Nakhon Pathom ခရိုင်ရဲတပ်ဖွဲ့ အနေဖြင့် နိုဝင်ဘာ ၂၈ ရက်တွင် ထိုင်းနိုင်ငံတစ်ဝန်း၌ ကျင်းပမည့် မြို့နယ်/ခရိုင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲကာလမတိုင်မီ ဖြစ်ပေါ် လာနိုင်သည့် နှောင့်ယှက်ဖျက်ဆီးမှုများ ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိရေး အတွက် စီမံချက်များရေးဆွဲ၍ ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း Nakhon Pathom ခရိုင်ရဲတပ်ဖွဲ့မှူး Pol. Gen. Thanayutjarus Thammarong က ပြောကြားသည်။
လက်နက်မျိုးစုံ ၁၁၁ လက်
အလားတူ နိုဝင်ဘာ ၂၀ ရက်ကလည်း Kanchanaburi ခရိုင် Kanchanaburi မြို့နယ် Ko Samrong ကျေးရွာအုပ်စု အမှတ် (၅) ကျေးရွာရှိ တည်းခိုခန်းတစ်ခု၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တို့ကို လက်နက်မျိုးစုံ ၁၁၁ လက်၊ ကျည်မျိုးစုံ ၁၃၂၀၊ မှန်ပြောင်း၊ အခြား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ ကြောင်း Pol. Lt - Gen. Thanayut က ပြောကြားသည်။
အဆိုပါ ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံရဲတပ်ဖွဲ့မှ စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်
n