မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ
ကြေညာချက် (၆/၂၀၂၁)
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်၊ ကြာသပတေးနေ့
၁။ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာ လောက ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျင့်ဝတ်နှင့်ညီသော သတင်းမီဒီယာ သမားများ၏ လူမှုဘဝလုံခြုံရေး အထောက်အကူပြုရန်အတွက် အစဉ်တစိုက် ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။
၂။ ၃၀-၆-၂၀၂၁ ရက်နေ့တွင် ပြန်လည်စေလွှတ်ပေးခဲ့သည့် အကျဉ်းသား ၂၀၀၀ ကျော်တွင် သတင်းမီဒီယာသမားများ ပါဝင် လာခြင်းအတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဝမ်းမြောက်စွာ ကြိုဆိုအပ်ပါသည်။
၃။ ပြန်လည်လွတ်မြောက်လာသည့် သတင်းမီဒီယာသမားများ အနေဖြင့် စတုတ္ထမဏ္ဍိုင်ဖွံ့ဖြိုးရေးအတွက် လိုအပ်လျက်ရှိသော ကျင့်ဝတ်နှင့်လျော်ညီသည့် သတင်းမီဒီယာအရင်းအမြစ်များအဖြစ် ဆက်လက် ရပ်တည်နိုင်ရေး အရည်အသွေးမြှင့် ဆောင်ရွက်ကြရန် လိုအပ်ပါသည်။
၄။ သို့ဖြစ်ရာ သတင်းမီဒီယာသမားများသည် သတင်းမီဒီယာဆိုင်ရာ ကျင့်ဝတ်စံနှုန်းများကို ထိန်းသိမ်းပြီး တာဝန်မဲ့သော၊ ကျင့်ဝတ်နှင့် မညီသော လုပ်ကိုင်ဆောင်ရွက်မှုများ လုပ်ကိုင်ခြင်းမပြုကြရန် တိုက်တွန်းနှိုးဆော်ပါကြောင်းနှင့် ကျင့်ဝတ်နှင့်အညီ သတင်းရယူရေး၊ သတင်းရေးသားဖော်ထုတ်တင်ပြရေး၊ မလိုလားအပ်သည့် အရေးယူ ခံရမှုများ မရှိစေရေးတို့အတွက် သတင်းမီဒီယာကောင်စီကကြီးမှူး၍ မီဒီယာအရည်အသွေးမြှင့်တင်မှုသင်တန်းများ ဖွင့်လှစ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ပါသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ