မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာဌာန၏ High-level Meeting on the Regional Economic Outlook သို့ တက်ရောက်


 

နေပြည်တော် အောက်တိုဘာ ၁၅


အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund - IMF)၊ အာရှ- ပစိဖိတ်ဒေသဆိုင်ရာဌာန၏ High-level Meeting on the Regional Economic Outlook ကို ယနေ့နံနက် ၈ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၊ အာရှ- ပစိဖိတ်ဒေသမှ IMF အဖွဲ့ဝင်နိုင်ငံများ၏ ဗဟိုဘဏ်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ဘဏ္ဍာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ IMF ၊ Asia-Pacific Department မှ Acting Director Mr. Jonathan D.Ostry က Navigating the Pandemic: Multi- Speed Recovery နှင့်စပ်လျဉ်း၍ တင်ပြသည်။
ထို့နောက် အာရှ- ပစိဖိတ်ဒေသရှိ ဘဏ္ဍာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များက COVID- 19 pandemic ကြောင့် ထိခိုက်မှုများနှင့် စီးပွား ရေး ပြန်လည်ဦးမော့လာစေရန် ဆောင်ရွက် လျက်ရှိသည့် မူဝါဒများ၊ စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ မိမိတို့၏ အတွေ့အကြုံများအား ဆွေးနွေးတင်ပြကြကြောင်း သိရသည်။
သတင်းစဉ်