မြန်မာနှင့် အိန္ဒိယ အမျိုးသမီးလက်ရွေးစင် ဘောလုံးအသင်းတို့ ခြေစမ်းပွဲ ဒုတိယပွဲစဉ် တိုက်ရိုက်ထုတ်လွှင့်မည်

 

နေပြည်တော် ဇူလိုင် ၁၀
FIFA   နိုင်ငံတကာချစ်ကြည်ရေး   ခြေစမ်းပွဲ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း နှင့် အိန္ဒိယလက်ရွေးစင် အမျိုးသမီးဘောလုံး အသင်းတို့၏ ဒုတိယပွဲစဉ်ကို  ဇူလိုင် ၁၂ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့  သုဝဏ္ဏအားကစား ကွင်း၌    ဆက်လက်ယှဉ်ပြိုင်   ကစားကြမည် ဖြစ်သည်။
 အဆိုပါ ပွဲစဉ်ကို ယင်းနေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်မှ စတင်၍ MRTV HD Channel၊ MRTV Sports Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပေးမည်ဖြစ်သည်။
 သတင်းစဉ်