
ပြည်ထောင်စုသားတစ်ဦး
မြန်မာသည် ယနေ့ မျက်မှောက်ကာလတွင် သမိုင်းကြောင်း တစ်လျှောက် မကြုံဖူးသည့် အကြမ်းဖက်မှုပြဿနာနှင့် ရင်ဆိုင် ကြုံတွေ့နေရသည်။
တိတိကျကျဆိုရလျှင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် မဲစာရင်းလွဲမှားမှုများ၊ မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် တပ်မတော်၏ နည်းလမ်းရှာဖြေရှင်းပေးရန် တောင်းဆိုမှုများအပေါ် အာဏာရပါတီ NLD က ငြင်းပယ်ကာ နိုင်ငံတော်၏ အာဏာကို မတရားသော နည်းလမ်းဖြင့် အဓမ္မရယူရန် ဆောင်ရွက်ခဲ့သောကြောင့် တပ်မတော်သည် နိုင်ငံတော်အား နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာ၍ နိုင်ငံတော်၏ တာဝန်ကိုရယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့နောက်ပိုင်းကာလများဟု ဆိုရမည်ဖြစ်သည်။
အကြမ်းဖက်အဖွဲ့အစည်းများကလည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းတွင် ပေါ်ပေါက်လာသော အသစ်ကျပ်ချွတ် အဖွဲ့အစည်းများဖြစ်သည့် CRPH, NUG နှင့် PDF အကြမ်းဖက် အဖွဲ့တို့ဖြစ်ကြသည်။
အကြမ်းဖက်မှုများကြောင့် ပျက်စီးမှု
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့အထိ အဆိုပါအကြမ်းဖက်အဖွဲ့အစည်းများမှ လက်နက် ကိုင် အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုများကြောင့် မြို့နယ် ၁၀၅ မြို့နယ်တွင် ရဲစခန်း ၁၁၆ ခု၊ ရဲကင်း ၄၆ ကင်း၊ ရုံး ၂၈ ရုံး၊ အဆောက်အဦ ၅၈ လုံး ပျက်စီးခဲ့သည်။
မီးရှို့ဖျက်ဆီးမှုကြောင့် မြို့နယ် ၁၈၃ မြို့နယ်တွင် ဌာနဆိုင်ရာရုံး/ အဆောက်အဦ ၃၇၅ လုံး ပျက်စီးခဲ့သည်။
ဒလန်ဟုစွပ်စွဲကာ လုပ်ကြံခံခဲ့ရသည့် အပြစ်မဲ့ပြည်သူ သေဆုံး ဒဏ်ရာရရှိမှုမှာ သေဆုံးသူ ၄၀၆ ဦး၊ ဒဏ်ရာရရှိသူ ၂၈၅ ဦးရှိခဲ့သည်။
မြို့နယ် ၃၇၂ မြို့နယ်တွင် လက်ပစ်ဗုံး/လက်လုပ်ဗုံး ပစ်ခတ်မှု၊ တွေ့ရှိမှုဖြစ်စဉ် အကြိမ် ၂၄၆၀၊ မြို့နယ် ၁၃၄ မြို့နယ်တွင် တူမီး သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်စဉ် အကြိမ် ၃၄၀၊ မြို့နယ် ၂၆ မြို့နယ်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်မှုဖြစ်စဉ် ၃၄ ကြိမ်၊ မြို့နယ် ၄၂ မြို့နယ် တွင် လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးမှုဖြစ်စဉ် ၅၆ ကြိမ်၊ မြို့နယ် ၁၄ မြို့နယ်တွင် စက်ရုံ၊ အလုပ်ရုံ၊ စူပါမားကတ်များအား မီးရှို့ဖျက်ဆီးမှုဖြစ်စဉ် ၃၁ ကြိမ်နှင့် မြို့နယ် ၁၂၆ မြို့နယ်တွင် လူနေ အိမ်နှင့် အခြားပစ္စည်းများမီးရှို့ဖျက်ဆီးမှုဖြစ်စဉ် ၃၄၉ ကြိမ်အထိ ရှိခဲ့ကြောင်း သိရသည်။
အပြစ်မဲ့ပြည်သူများကို လုပ်ကြံသတ်ဖြတ်
NUG အကြမ်းဖက်အဖွဲ့က စက်တင်ဘာလ ၇ ရက်နေ့တွင် တော်လှန်ရေးတစ်ဆင့်တက်ပြီဟုဆိုကာ အကြမ်းဖက်တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် လှုံ့ဆော်ပြီးနောက်ပိုင်းတွင် အကြမ်းဖက်မှုများ အရှိန်အဟုန်ပြန်လည်တက်လာသည်။ ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်ရှိ ဆိုက်ကားသမားနှင့် မန္တလေးမြို့က သုံးဘီးယာဉ်မောင်းပါမကျန် ဒလန်ဟု စွပ်စွဲကာ အကြမ်းဖက်သမားများသည် နေ့လယ် နေ့ခင်းအချိန်မှာပင် သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံသတ်ဖြတ် ခဲ့ကြသည်။ နယ်မြို့ငယ်လေးများတွင်မူ အကြမ်းဖက်သမားများနှင့် ဝန်းရံထောက်ခံသူများသည် အပြစ်မဲ့ပြည်သူ မိသားစုဝင်များကို ငါးလောင်းပြိုင်၊ ခြောက်လောင်းပြိုင်အထိပင် ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။
ယခုနောက်ပိုင်း အကြမ်းဖက်မှုဖြစ်စဉ်များတွင် NUG အကြမ်းဖက် အဖွဲ့သည် မသိနားမလည်သေးသော လူငယ်များကိုစည်းရုံး၍ အကြမ်း ဖက်မှုဖြစ်စဉ်များတွင် အသုံးချလာခဲ့ပြန်သည်။ အချို့လူငယ်များ ဆိုလျှင် အသက်မပြည့်သေးသည့် ကျောင်းသား လူငယ်ကလေး သူငယ်အရွယ်လေးများ ဖြစ်ကြသည်။
သွေးထိုးမြှောက်ပင့်ပေး
NUG အကြမ်းဖက်အဖွဲ့၏ Online ပေါ်မှတစ်ဆင့် သွေးထိုး မြှောက်ပင့်ပေးမှုများကြောင့် PDF အကြမ်းဖက်အဖွဲ့ထဲက တစ်ဖွဲ့ ဖြစ်သည့် F.F.F (Freedom Fighter Force) အဖွဲ့မှ အရွယ်မရောက် သေးသူ ကလေးသူငယ်များသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား လုပ်ကြံသတ်ဖြတ်ခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံသော နေရာများအား ဗုံးထောင်၊ ဗုံးခွဲခြင်းများကို ကျူးလွန်ခဲ့ကြသည်။ ၎င်းအကြမ်းဖက်အဖွဲ့မှ မကြယ်စင်နှင်းဝေဆိုပါလျှင် အသက် ၁၄ နှစ်၊ အောင်ကိုဦး၊ သန့်ဇင်နှင့် ခန့်သူရိန်တို့မှာ အသက် ၁၆ နှစ် အရွယ် မျှသာ ရှိကြသေးသည်။
NUG နှင့် PDF အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို မြန်မာပြည်သူများသည် တစ်နေ့တခြား စက်ဆုပ်ရွံ့ရှာလာသည် နှင့်အမျှ အဖျက်လုပ်ရပ်များကို ဆန့်ကျင်လာကြသောအခါ ၎င်းအကြမ်းဖက်အဖွဲ့အစည်းများသည် မသိနားမလည်သေးသော ကလေးသူငယ်များဘက်သို့ ဦးတည်စည်းရုံး၍ အသုံးချလာခဲ့ခြင်း ဖြစ်သည်။
စည်းရုံးသိမ်းသွင်း
တစ်ချိန်က ကမ္ဘာ့အကြမ်းဖက် အဖွဲ့အစည်းများဖြစ်ခဲ့သော ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) အဖွဲ့၏ အယ်လ်ဖာတာ အဖွဲ့၊ ပါလက်စတိုင်းလွတ်မြောက်ရေး ပြည်သူ့တပ်ဦးအဖွဲ့၊ ပြည်သူ့ တပ်ဦး၏အထွေထွေဌာနချုပ် (GENERAL COMMAND) ၊ ပါလက် စတိုင်းလွတ်မြောက်ရေး ပြည်သူ့ဒီမိုကရေစီတပ်ဦး၊ အယ်ဆာကွာခေါ် မိုးကြိုးသွားအဖွဲ့၊ အာရပ်လွတ်မြောက်ရေးတပ်ဦးအဖွဲ့၊ ဟားမာ့စ်၊ ဟစ်ဘိုလာ၊ တမီးလ် Black Tiger အဖွဲ့၊ Lashkar-e-Taiba(L-e-T)နှင့် အယ်လ်ကေဒါ စသည့်အကြမ်းဖက်အဖွဲ့အစည်းများကဲ့သို့ပင် NUG နှင့် PDF အကြမ်းဖက်အဖွဲ့သည် အရွယ်သုံးပါးမရွေး လူငယ်များ၊ ကလေးသူငယ်များနှင့် အမျိုးသမီးလေးများကိုပါ စည်းရုံးသိမ်းသွင်း ကာ အကြမ်းဖက်မှု လုပ်ငန်းစဉ်များတွင် အသုံးပြုလာသည်။
အကြမ်းဖက်မှုများကို လက်ရဲဇက်ရဲ ကျူးလွန်လုပ်ဆောင်နိုင်ရန် အသက်မပြည့်သေးသည့် လူငယ်များ၊ အရွယ်မရောက်သေးသူ ကလေးငယ်များ၊ အမျိုးသမီးငယ်များကို “ဒီမိုကရေစီအရေး”၊ “လူ့အခွင့်အရေး” စသဖြင့် မဟုတ်တမ်းတရားဝါဒမှိုင်းတိုက်၍ အသုံးချစေခိုင်းခဲ့သည်။
တစ်ချိန်က တမီးလ်နိုင်ငံ ထူထောင်ရေးအတွက် လူ့အသက် ကိုပင် ပေးဆပ်သင့်သည်ဆိုသော သဘောတရားရေးရာ ရိုက်သွင်း၍ ကလေးသူငယ်များနှင့် အမျိုးသမီးများကို အသေခံဗုံးခွဲခိုင်းစေသော Black Tiger အကြမ်းဖက်အဖွဲ့နှင့် ဂျီဟတ်ဟူသည့် ခေါင်းစဉ် အောက်တွင် “မိမိကိုယ်မိမိ စွန့်လွှတ်အနစ်နာခံခြင်း” ဟူသော ဘာသာရေး အတွေးအခေါ်တို့ဖြင့် လူငယ်များကို သေတွင်းသို့ တွန်းပို့ခဲ့သည့် ဟားမာ့စ်၊ ဟစ်ဘိုလာ အကြမ်းဖက်အဖွဲ့ အစည်းများ ကဲ့သို့ပင် ဖြစ်လာသည်။
ထို့ကြောင့် အကြမ်းဖက်မှုနှင့် ရင်ဆိုင်ခဲ့ကြသော ကမ္ဘာ့နိုင်ငံကြီး များနည်းတူ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ဘဏ္ဍာရေး နည်းလမ်း၊ နိုင်ငံရေးနည်းလမ်း၊ စစ်ရေးနည်းလမ်း၊ ဥပဒေနည်းလမ်း မျိုးစုံနှင့် ဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်ရသည်။
အကြမ်းဖက်မှုဖြစ်စဉ်များ အရှိန်အဟုန်ကျဆင်း
NUG နှင့် PDF အကြမ်းဖက်အဖွဲ့၏ အရင်းအမြစ် Financial Resources ဖြစ်သည့် ငွေကြေးစီးဆင်းမှုများကို ဗဟိုဘဏ်က ဘဏ်လုပ်ငန်း စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ ထိန်းကျောင်း စိစစ်ဆောင်ရွက်ခြင်း၊ ဥပဒေနည်းလမ်းအရ အကြမ်းဖက်မှုတိုက်ဖျက် ရေးဗဟိုအဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များတွင် ပါဝင် ပတ်သက်သော အကြမ်းဖက်သမားများကို ခိုလှုံခွင့် (သို့မဟုတ်) ယာယီနေထိုင်ခွင့်ပေးထားသည့် အဆောက်အဦများနှင့်စပ်လျဉ်း၍ နေအိမ်၊ တိုက်ခန်းများ ငှားရမ်းနေထိုင်ပြီး အကြမ်းဖက်မှုများ ကျူးလွန် ကြောင်း ဖော်ထုတ်ရရှိပါက အဆိုပါငှားရမ်းထားသည့် နေအိမ်၊ တိုက်ခန်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူ ဆောင်ရွက်သည့် အမှုများနှင့်ဆက်စပ်၍ သက်သေခံအဖြစ် သိမ်းဆည်းခံရမည့်အပြင် တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ချက် အရ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဟူသည့် အသိပေး ကြေညာချက်များ ထုတ်ပြန်ခြင်းတို့ကြောင့် အကြမ်းဖက်သမား များ၏ နယ်ပယ်သည် ကျဉ်းမြောင်းလာသည်။ အကြမ်းဖက်မှု ဖြစ်စဉ် များသည်လည်း တစ်စတစ်စ အရှိန်အဟုန် ကျဆင်းသွားသည်။
သို့ရာတွင် အကြမ်းဖက်မှုအန္တရာယ်ကို တားဆီးကာကွယ်ရန်မှာမူ တစ်နိုင်ငံတည်း၊ တစ်ဖွဲ့စည်းတည်းက ဆောင်ရွက်၍ မရနိုင်ချေ။ နိုင်ငံအချင်းချင်း ကွန်ရက်သဖွယ် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပြည်သူလူထုတစ်ရပ်လုံးကလည်း ပူးပေါင်းပါဝင် တားဆီးကာကွယ်ကြဖို့ လိုအပ်ပေသည်။
လူငယ်များ လမ်းမှားသို့ မရောက်စေရန် စာရိတ္တ၊ ကာယ၊ ဉာဏ အားပြည့်ဝရေးအတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့က ကဏ္ဍအလိုက် ရေတို၊ ရေရှည်စီမံကိန်း များ ဖော်ဆောင်သွားကြရပေမည်။ လူငယ်များ ဗဟုသုတ အတွေး အခေါ် မြင့်မားရေးအတွက်လည်း ကျောင်းစာကြည့်တိုက်များကို ပီပြင်စွာအသက်သွင်းဆောင်ရွက်ပေးခြင်း၊ မူးယစ်ဆေးဝါး အန္တရာယ် မှ ကင်းဝေးစေရန် အားကစားကို ဝါသနာပါအောင် ပြုစုပျိုးထောင်ပေးခြင်းများကိုလည်း လုပ်ဆောင်ကြရပါဦးမည်။
ရင်အုပ်မကွာ ကြည့်ရှုစောင့်ရှောက်
အထူးသဖြင့် မြန်မာလူငယ်မောင်မယ်များ အနာဂတ်တွင် ခေါင်းဆောင်ကောင်းများ ဖြစ်ထွန်းလာစေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ပြည့်ဝလာစေရန်၊ နိုင်ငံတော်ကိုအလုပ်အကျွေးပြုနိုင်သည့် လူချွန်လူမွန် နိုင်ငံ့သား ကောင်း ရတနာများ ဖြစ်လာစေရန် မိဘဆရာသမားများက ကြက်ကောင်းကြိုးမကွာ၊ ရင်အုပ်မကွာ ကြည့်ရှုစောင့်ရှောက် မွေးမြူကြရပါမည်။
သို့မှသာ မြန်မာလူငယ်မောင်မယ်များသည် အမှားနှင့် အမှန်၊ ဓမ္မနှင့် အဓမ္မ၊ အကြောင်းနှင့်အကျိုး၊ အကောင်းနှင့်အဆိုးကို ဝေဖန် ပိုင်းခြား သိမြင်နိုင်ပြီး အကြမ်းဖက်အဖွဲ့အစည်းများ၏ စည်းရုံး သွေးထိုးလှုံ့ဆော်မှုများကို ကြံ့ကြံ့ခံတွန်းလှန် ကာကွယ်နိုင်ပေလိမ့် မည်။ ယနေ့ မြန်မာရင်ဆိုင်ကြုံတွေ့နေရသော အကြမ်းဖက်မှု ပြဿနာသည်လည်း တစ်စတစ်စလျော့ပါးပျောက်ကွယ်ကာ သာယာ ဝပြောသော မြန်မာ့လူ့ဘောင်ကို တည်ဆောက်နိုင်ပေမည်ဟု ယုံကြည် မိပါကြောင်း။ ။
- Log in to post comments