မြန်မာပါဝင်ခဲ့သော ကမ္ဘာ့ EXPO 67 အကြောင်း တစေ့တစောင်း

Type
77


 

အုတ်လှငယ် (ဒဂုံ)


 

ရှေးယခင်ကပင် မြန်မာနိုင်ငံမှကုန်စည်များကို အနောက်နိုင်ငံများသို့တိုင်အောင် ခြေဆန့်၍ ကူးသန်းရောင်းဝယ်ရေးကို အလေးထားဆောင်ရွက်ခဲ့သည်ကို ကနေဒါနိုင်ငံတွင် ကျင်းပခဲ့သည့် Montreal World’s Fair EXPO 67 အကြောင်းနှင့် ပတ်သက်သော သတင်းအချက်အလက် ဓာတ်ပုံများက သက်သေတည်နေပါသည်။ 
ထိုစဉ်အချိန်က    ဘားမား  (ခေါ်) မြန်မာနိုင်ငံသည်   အနောက်တိုင်းနိုင်ငံ များနှင့်  ဆက်ဆံရေးကောင်းမွန်ပြီး Export Driven Economy ကို ကြိုးပမ်းခဲ့ သည့် ကာလအပိုင်းအခြား ဆိုလျှင်လည်း မမှားပေ။ 
၁၉၆၇ ခုနှစ်၏ Largest World’s Fair Ever Expo 67   ၌     ကနေဒါနိုင်ငံ အပါအဝင်  ကမ္ဘာတစ်ဝန်းမှ နိုင်ငံပေါင်း ၆၂ နိုင်ငံ ပါဝင်ပြသခဲ့ပြီး နိုင်ငံကိုယ်စား ပြု Pavilion   ပြခန်းဆောင် ၁ဝဝ ကို မြေဧက   ၁ဝဝဝ   ပေါ်တွင် တည်ဆောက် ၍ ခမ်းနားစုံလင်စွာ ခင်းကျင်းပြသနိုင်ခဲ့ ကြပါသည်။ 
ကမ္ဘာ့  EXPO  67   ပွဲတော်ကြီးကို Notre Dame Island နှင့် Saint Helen’s Island ကျွန်းနှစ်ခုပေါ်တွင် ပြုလုပ်ခဲ့ပြီး ကျွန်းတစ်ကျွန်းမှ တစ်ကျွန်းသို့လည်း ကောင်း၊ အဆောက်အဦတစ်ခုမှ တစ်ခု၊ တစ်နေရာမှ တစ်နေရာသို့လည်းကောင်း၊ Sky Train System၊ Suspension Bri-dge ကြီးများဖြင့် Visitor ၊ Exhibitor နှင့် ဧည့်သည်တော်များ  သွားလာကြည့်ရှုရ လွယ်ကူသက်သာ  အဆင်ပြေချောမွေ့မှု ရှိစေရန်     ထိုစဉ်ကပင်     တိုးတက်သော နည်းပညာများဖြင့် စီမံနိုင်ခဲ့သည်။ 
“ လွတ်လပ်ရေးရရှိသော   တရားဝင် ကနေဒါနိုင်ငံတည်ထောင်သည့် ၁၈၆၇ ခုနှစ်မှ ၁၉၆၇  ခုနှစ်ထိ  နှစ်တစ်ရာပြည့် အတွင်း နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အံ့မခန်း ဖြစ်ရသည်မှာ Science and Techno-logical Advancement  ကြောင့်ဟု မလွဲမသွေပြောနိုင်ပါသည်။ ကနေဒါနိုင်ငံ သူ နိုင်ငံသားများသည် Resources များ ကို   ကောင်းစွာအသုံးချပြီး   ခေတ်သစ် ကမ္ဘာကြီးရှိလူသားတို့၏  များပြားလှစွာ သော လိုအပ်ချက်တို့ကို ဖြည့်စွမ်းပေးနိုင် ကြသည်။           
“စက်မှုနိုင်ငံတော်   ထူထောင်နိုင်ပြီး နည်းပညာ      ရှေ့သို့ရောက်နေခြင်းက ကနေဒါနိုင်ငံကို   ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံများ ၏   ရှေ့တန်းတွင်   နေရာရစေခဲ့သည်။ မြန်မာနိုင်ငံအစိုးရနှင့်   ပြည်သူများက  လည်း  ကနေဒါနိုင်ငံနှင့်   အပြန်အလှန် ချစ်ကြည်ရင်းနှီးလျက်   ရှိကြပါသည်။ ကနေဒါနိုင်ငံ၏  ဖိတ်ကြားခြင်းခံရသော နိုင်ငံများမှ တက်ရောက်လာကြသည့် ကိုယ်စားလှယ်တော်များ အားလုံးသည် ယခုအချိန်အခါတွင်   ကနေဒါနိုင်ငံ၏ ဧည့်ဝတ်ပျူငှာသောမြေပေါ်သို့ လေးစား မှုနှင့်အတူ   ရောက်ရှိနေကြပြီး    ဖြစ်ပါ သည်။
“အဆွေတော်တို့၏  ဂုဏ်သတင်း ကျော်စောသော   ကြီးကျယ်ခမ်းနားလှ သည့်   အံ့ဖွယ်ပြပွဲကြီးကို   အားရစွာ လေ့လာခွင့်ရတော့မည်       ဖြစ်ပါသည်။ မြန်မာမှာ ပြောလေ့ပြောထရှိတဲ့ စကား တစ်ခုကတော့  လူကိုယ်တိုင်တွေ့ဆုံခြင်း က  စာသွားစာလာထက်   သာလွန်၍ ကျေနပ်အားရရင်းနှီးမှုကို  ဖြစ်ပေါ်စေပါ သည်။ Man and His World ဆိုသည့် EXPO 67 ၏ Theme Title ဖြင့် ပြသကြ မည့်  ဤကုန်စည်ပြပွဲကြီးကို   ကြည့်ရှု အားပေးရန် မိမိတို့ စိတ်အားထက်သန်စွာ ဖြင့် စောင့်မျှော်နေပါသည် ”  ဟု   မြန်မာ နိုင်ငံအစိုးရ     ကိုယ်စားလှယ်အဖြစ် တက်ရောက်လာသူ ထိုစဉ်ကကုန်သွယ် ရေးဝန်ကြီး ဗိုလ်မှူးချုပ် စည်သူတင်ဖေ က BURMA DAY ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ပါသည်။
“National Pavilion တွင် မြန်မာ နိုင်ငံ၏   အဖိုးတန်ကျောက်မျက်ရတနာ များ၊ ပိုးထည်များ၊ တွင်းထွက်ပစ္စည်းများ၊ သစ်တောနှင့် လယ်ယာထွက်ကုန်များ၊ ရိုးရာယဉ်ကျေးမှု  အသုံးအဆောင်ပစ္စည်း များအစရှိသည့် မြန်မာနိုင်ငံမှ ထွက်ကုန် ပစ္စည်းများစွာကို    ခင်းကျင်းပြသခဲ့ ပါသည်။  ထို့ပြင်   မြန်မာ့တေးဂီတဖြင့် ဖျော်ဖြေခြင်းအပြင် မြန်မာ့စားသောက် ဆိုင်နေရာတွင်   ရောင်းချသော    မြန်မာ့ ရိုးရာ စားသောက်ဖွယ်ရာများနှင့် Cigars (ဆေးပေါ့လိပ်) တို့သည်လည်း ပြပွဲလာ သူများအကြိုက်    ဖြစ်စေခဲ့သည်”   ဟု ကမ္ဘာ့ကုလသမဂ္ဂ  အထွေထွေအတွင်းရေး မှူးချုပ်ဟောင်း    ဦးသန့်၏    မြေးဖြစ်သူ ဦးသန့်မြင့်ဦးက   ၎င်း၏    Facebook စာမျက်နှာတွင်   အောက်ပါပုံနှင့်ယှဉ်တွဲ ဖော်ပြထားပါသည်။
၁၉၆ဝ  ပြည့်နှစ်များဆီက   မြန်မာ နိုင်ငံကို   Rice   Bowl   ဟုပင် ကမ္ဘာ့ နိုင်ငံများက တင်စားခေါ်ဝေါ်ခဲ့ကြသည်။ Mingalardon International Airport သည်လည်း       အရှေ့တောင်အာရှတွင် အကြီးဆုံးလေဆိပ်ကြီးအဖြစ်  ထင်ရှားခဲ့ သည်။  အနောက်နိုင်ငံများသို့   သွားရန် အရှေ့တောင်အာရှ    နိုင်ငံများအတွက် Transit နိုင်ငံတစ်ခုအနေဖြင့်လည်း ဖြစ် ခဲ့ဖူးသည်။ 
ခြောက်လကြာကျင်းပခဲ့သော 1967 International and Universal Expo-sition တွင်  ခေတ်မီ  EXPO  Stadium ကြီး တည်ဆောက်ထားပြီး   ဆပ်ကပ်ပွဲ များ၊  အားကစားပွဲများ၊   Show   ပွဲများ အစရှိသည့်  ဖျော်ဖြေတင်ဆက်မှုပုံစံများ စုံလင်စွာပါရှိခဲ့သည့်အပြင် EXPO The-atre ကြီးတွင် Opera နှင့် ဖလင်တွဲပေါင်း ၁၆ဝဝ  ကျော် ပြသနိုင်ခဲ့သည်။ အသက် အရွယ်ကြီးငယ်မရွေး        လာရောက် ချင်အောင် Day Long Schedule of Entertainment   များဖြင့်  ပျော်ရွှင်စိတ် ချမ်းမြေ့ဖွယ်ဖြစ်စေရန်  ဆွဲဆောင်ထား သည့် The  Garden   of    Stars    ကြီးမှာ လည်း   အထင်ကရပုံရိပ်တစ်ခုဖြစ်ခဲ့ရ သည်။ 
ကမ္ဘာအနှံ့မှ လာရောက်သူများ အပါ အဝင် စုစုပေါင်းလူဦးရေသန်း ၅ဝ ကျော် EXPO 67 သို့ တက်ရောက်ခဲ့ကြကြောင်း မှတ်တမ်းများအရ သိရပါသည်။
အနောက်နိုင်ငံအများစု      ပါဝင်ပြီး အာရှနိုင်ငံအနည်းငယ်သာ ပါဝင်ပြသရန် ဖိတ်ကြားခြင်းခံရသော International and Universal Expo 67  တွင်   မြန်မာ နိုင်ငံ ပါဝင်ခွင့်ရရှိခဲ့ခြင်းက ကမ္ဘာ့နိုင်ငံများ အလယ်တွင် မြန်မာကိုအသိအမှတ်ပြုခံရ ခြင်းမှာ ထင်ရှားခဲ့ပေသည်။ မျိုးဆက်သစ် လူငယ်လူရွယ်များကလည်း  ကမ္ဘာ့နိုင်ငံ များနှင့်  ကူးလူးဆက်သွယ်ကာ မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို   အကျိုးဖြစ် ထွန်းစေပြီး  ပြည်တွင်းထုတ်ကုန်ပစ္စည်း များ ကမ္ဘာတစ်ဝန်းသို့  ထိုးဖောက်ချဲ့ထွင် နိုင်အောင်       ကြိုးပမ်းခြင်းအားဖြင့် တစ်ဖက်တစ်လမ်းမှ         မိမိတို့နိုင်ငံ၏ တိုင်းပြည်ဝင်ငွေ   တိုးတက်များပြားလာ စေမည်ဖြစ်ပါသည်။ 
ယခုကာလအတောအတွင်းတွင် World EXPO Dubai ကို    ၂၀၂၁    ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်  မတ်လ အထိ နိုင်ငံပေါင်းရာကျော်  ပါဝင်ဆင်နွှဲ မည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့်လည်း National Pavilion၊ National Day၊ Myanmar Cultural Troop၊ Promotion Conference၊ Business Delegation & Matching များ  ပြင်ဆင်ဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း  သိရှိရပါသည်။ အချုပ်အားဖြင့်ဆိုရသော် World EXPO များတွင်  ပါဝင်ခွင့်ရရှိခြင်းအားဖြင့် မိမိ နိုင်ငံအတွက် ကုန်သွယ်ရေးနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စသည့်အခွင့်အလမ်းများ ကို ထိထိရောက်ရောက် ဖိတ်ခေါ်နိုင်မည် ဖြစ်ပါကြောင်း။    ။ 

ကိုးကား 
(၁)      World   EXPO 67    ၏   မှတ်တမ်း  Album နှင့်   မြန်မာနိုင်ငံ    ဖွင့်ပွဲ အခမ်းအနားမိန့်ခွန်း
(၂)     https://m.facebook.com/
    thantmyintu/photos/a. 
    275102029210454/
    141829194489 1451/?type=3