မြန်မာ့ရိုးရာအားကစားနည်းဖြစ်သည့် ခြင်းလုံးအားကစားနည်း (၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ပါဝင်မည်

 

ရန်ကုန်  ဇူလိုင်   ၂၆


မြန်မာ့ရိုးရာ အားကစားနည်း ဖြစ်သည့်     ခြင်းလုံးအားကစား နည်းသည် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်  လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ တွင်     ပြန်လည်ပါဝင်လာမည် ဖြစ်သည်။

 


(၃၂)   ကြိမ်မြောက်  ဆီးဂိမ်း ပြိုင်ပွဲကို ၂၀၂၃ ခုနှစ် မေလတွင် ကျင်းပမည်ဖြစ်ပြီး ကမ္ဘောဒီးယား အိုလံပစ်ကော်မတီသည် လာမည့် ဆီးဂိမ်းပြိုင်ပွဲတွင်  ဆုတံဆိပ်ချီးမြှင့် မည့်   အားကစားနည်း  ၃၉ မျိုး၊   သရုပ်ပြအားကစားနည်း တစ်မျိုး စုစုပေါင်း   အားကစားနည်း  ၄၀ ထည့်သွင်းကျင်းပမည် ဖြစ်သည်။

 


၂၀၁၃     ခုနှစ်တွင်     စတင်ပါဝင်လာသည့် ခြင်းလုံးအားကစားနည်းမှာ လာမည့်ဆီးဂိမ်း ပြိုင်ပွဲတွင်   လေးကြိမ်မြောက် ပါဝင်လာခြင်း ဖြစ်သည်။  မြန်မာ့ရိုးရာအားကစားနည်းဖြစ်သည့် ခြင်းလုံးအားကစားနည်းကို မြန်မာနိုင်ငံ က အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲတွင် စတင်ထည့်သွင်းကျင်းပခဲ့ပြီး ယင်းပြိုင်ပွဲတွင် အမျိုးသားနှင့် အမျိုးသမီးပွဲစဉ် နှစ်ခုစလုံး   ပါဝင်ခဲ့သည်။  ၂၀၁၅  စင်ကာပူ ဆီးဂိမ်းပြိုင်ပွဲနှင့်   ၂၀၁၇   မလေးရှားဆီးဂိမ်း ပြိုင်ပွဲတွင်   ခြင်းလုံးအားကစားနည်း  ထပ်မံ ပါဝင်ခဲ့သော်လည်း   အမျိုးသားပွဲစဉ်များသာ ပါဝင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ၂၀၁၉ ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲနှင့် ၂၀၂၁ ဗီယက်နမ်ဆီးဂိမ်း ပြိုင်ပွဲတို့တွင်မူ ပါဝင်ခြင်းမရှိဘဲ ၂၀၂၃ ဆီးဂိမ်း ပြိုင်ပွဲမှ တစ်ကျော့ပြန် ပါဝင်လာခြင်းဖြစ်သည်။ ခြင်းလုံးအားကစားနည်းကိုမူ ပိုက်ကျော်ခြင်းအားကစားနည်းနှင့်အတူ ထည့်သွင်းကျင်းပ မည်ဖြစ်သည်။

 


ကမ္ဘောဒီးယားနိုင်ငံအနေဖြင့်   ခြင်းလုံး အားကစားနည်း   ထည့်သွင်းကျင်းပမည်ဖြစ် ကြောင်း   အတည်ပြုထားသော်လည်း  ပါဝင် မည့်  ပြိုင်ပွဲအမျိုးအစားများနှင့်   အမျိုးသမီး ပွဲစဉ်ပါဝင်ခြင်း  ရှိ မရှိ   ထပ်မံထုတ်ပြန်မည် ဖြစ်သည်။


ရဲရင့်လွင်