မြန်မာတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း ကစားနေသည့် ဂိုကူလမ်အသင်း အာရှအမျိုးသမီးကလပ်ပြိုင်ပွဲ ယှဉ်ပြိုင်မည်

 

ရန်ကုန်  နိုဝင်ဘာ   ၆


မြန်မာ့လက်ရွေးစင်   အမျိုးသမီး အသင်းတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း ကစားနေသည့်   အိန္ဒိယကလပ် ဂိုကူလမ်အသင်းသည်  နိုဝင်ဘာ ၇ ရက် (ယနေ့) စတင်ကျင်းပမည့် ၂၀၂၁  အာရှအမျိုးသမီးကလပ် ပြိုင်ပွဲတွင်   ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။

 


အိန္ဒိယကလပ်    ဂိုကူလမ် အသင်းသည် ယခုပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်  အမျိုးသမီး အသင်း နာမည်ကြီးတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကို ကာလတိုစာချုပ် ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး မြန်မာအမျိုးသမီးကစားသမားများတွင် ပထမဆုံး   ပြည်ပထွက်ကစားသူ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ ဝင်းသိင်္ဂီထွန်းသည်       မြန်မာ့ လက်ရွေးစင်အသင်း၏   အာရှ ဖလား  အမျိုးသမီးခြေစစ်ပွဲအပြီး တွင် ဂိုကူလမ်အသင်းနှင့် ပူးပေါင်း ခဲ့ခြင်းဖြစ်သည်။   ဝင်းသိင်္ဂီထွန်း သည် မြန်မာ့လက်ရွေးစင်အသင်း နှင့်အတူ အောက်တိုဘာ ၁၈ ရက် မှ ၂၄ ရက်အထိ ကာဂျစ္စတန်နိုင်ငံ၌ ကျင်းပသည့် အာရှဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ခဲ့ပြီး ကာဂျစ္စတန်နိုင်ငံမှ အိန္ဒိယနိုင်ငံသို့      သွားရောက် ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

 


အာရှ အမျိုးသမီးကလပ်ပြိုင်ပွဲ ကို နိုဝင်ဘာ ၇ ရက်မှ ၁၃ ရက် အထိ ဂျော်ဒန်နိုင်ငံ၌ ကျင်းပမည် ဖြစ်ပြီး အနောက်အာရှဇုန် နိုင်ငံ လေးနိုင်ငံမှ       ကလပ်အသင်း လေးသင်းဖြင့် ကျင်းပမည်ဖြစ်ကာ ပတ်လည်စနစ်ဖြင့် ကျင်းပမည် ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အိန္ဒိယ ကလပ် ဂိုကူလမ်အသင်း၊ ဂျော်ဒန် ကလပ် အမ်မန်အသင်း၊ ဥဇဘက် ကစ္စတန်ကလပ်   ဘန်ယိုဒါကော အသင်း၊ အီရန်ကလပ် ရှာဟာဒါရီ ဆရီဂျန်အသင်းတို့  ယှဉ်ပြိုင်မည် ဖြစ်ပြီး         မြန်မာတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း      ကစားနေသည့် ဂိုကူလမ်အသင်းသည် အုပ်စုပွဲများ အဖြစ်    နိုဝင်ဘာ  ၇  ရက်တွင် အေမန်အသင်း၊ နိုဝင်ဘာ ၁၀ ရက်တွင်      ရှာဟာဒါရီဆရီဂျန် အသင်း၊   နိုဝင်ဘာ   ၁၃   ရက်  တွင် ဘန်ယိုဒါကောအသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ရဲရင့်လွင်