မြန်မာတက္ကသိုလ်များ၏ အနာဂတ်ခရီး

Type
5

 

ဒေါက်တာမောင်ကျော် ပါမောက္ခချုပ်(ငြိမ်း)
 

သက္ကရာဇ် ၂၀၃၀ မှာ နိုင်ငံအင်အားတောင့်တင်းဖို့ အလယ်အလတ်တန်းစား ဝင်ငွေထက်မြင့်တဲ့ နိုင်ငံဖြစ်ဖို့ လူ့စွမ်းအားအရင်းအမြစ်ကို အဖိုးတန်သည်ထက်တန်အောင် နိုင်ငံတော်နဲ့မိဘများက ပညာရေးမှာ အရင်းအနှီး ပြုကြရမှာဖြစ်ပါတယ်။ တက္ကသိုလ်ကောလိပ်တို့ဟာ  ပြည်သူတို့၏ အားထားရာအရင်းအမြစ်၊ ပြည်သူတို့ဟာလည်း တက္ကသိုလ်ကောလိပ်ရဲ့ အရင်းအမြစ်၊ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီအဖြစ် ခံယူရပါလိမ့်မယ်။  ၂၁ ရာစုဟာ ယှဉ်ပြိုင်မှုကြီးမားတဲ့ခေတ်ပဲ။ အနာဂတ်မှာ လိုအပ်တဲ့အင်အားစုဟာ ခေတ်ရဲ့ တောင်းဆိုမှုကို ပညာရေးက ပြည့်စုံနိုင်သမျှပြည့်စုံအောင် ဖန်တီးပေးရမှာပါပဲ ဆိုတဲ့အချက်များနဲ့ ဒီဆောင်းပါးကို စချင်ပါတယ်။
၂၀၁၀ ပြည့်နှစ်က မြန်မာနိုင်ငံ ဝိဇ္ဇာ နှင့်    သိပ္ပံပညာရှင်အဖွဲ့နဲ့   ရန်ကုန် တက္ကသိုလ်တို့          ပူးပေါင်းကျင်းပတဲ့ “တက္ကသိုလ်များရဲ့   သုတေသနကဏ္ဍနှင့် သာလွန်ကောင်းမွန်သောမနက်ဖြန်” ဆို တဲ့ဖိုရမ် (Forum) ကို  တက်ရောက်ခဲ့ပါ တယ်။  ဖိုရမ်ရဲ့ အဓိပ္ပာယ်ကတော့ အမြော် အမြင်တွေဖလှယ်တဲ့   နှီးနှောဖလှယ်တဲ့ ပွဲပဲ။ Forum   ဟာ   လက်တင်စကား “What is out of door?” အဓိပ္ပာယ်က တော့ “အပြင်မှာဘာတွေ ဖြစ်နေသလဲ” ဆိုတဲ့ ဖွင့်ဆိုချက်ကိုလည်း တွေ့ရှိပါတယ်။
ကြီးမားတဲ့ စိန်ခေါ်မှုကြီး
“သာလွန်ကောင်းမွန်သော  မနက် ဖြန်” ဖြစ်ဖို့ဆိုတာကြောင့် ၂၁ ရာစုနှစ်မှာ မြန်မာတက္ကသိုလ်များဟာ    ကြီးမားတဲ့ စိန်ခေါ်မှုကြီးနဲ့  ရင်ဆိုင်နေရသလို  ခံစား နေရပါတယ်။ ဘာကြောင့်ပါလဲ။ “ပညာ  ရေးဖြင့်     ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” ဆိုတာ ပညာရေးရဲ့ပန်းတိုင်ပဲ၊   နိုင်ငံရဲ့  ပန်းတိုင် လို့လည်း ပြောနိုင်ပါတယ်။
မြန်မာနိုင်ငံရဲ့လူဦးရေဟာ ၅၂ သန်း ကျော် ၀ ဒသမ ၈၉ ရာခိုင်နှုန်းနဲ့ နှစ်စဉ် တိုးတက်နေပါတယ်။  နိုင်ငံရဲ့   ပန်းတိုင် ကတော့ ၂၀၃၀ ပြည့်နှစ်မှာ ဝင်ငွေ အလယ်အလတ်ထက်မြင့်တဲ့ နိုင်ငံဖြစ်ဖို့ မျှော်မှန်းပါတယ်။ နိုင်ငံတစ်ခုရဲ့ ဖွံ့ဖြိုးတိုး တက်မှုဟာ   ကုန်ထုတ်လုပ်မှု၊   မြေပေါ် မြေအောက်   သယံဇာတထုတ်လုပ်မှု အပေါ်မှာ  တည်ရှိနေဆဲဖြစ်ပါတယ်။ သယံဇာတမျိုးစုံကို    တန်ဖိုးမြှင့်မလုပ်နိုင် သေးဘဲ၊ ထုခွဲရောင်းချရတဲ့အပေါ် နိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်မှုဟာ  ယနေ့အထိမူတည် နေဆဲဖြစ်ပါတယ်။
အကြောင်းရင်းတွေကတော့
l    ကျွမ်းကျင်လူ့စွမ်းအား    အရင်း အမြစ် ရှားပါးခြင်း။
l    စီမံခန့်ခွဲကြီးကြပ်မှု     စွမ်းရည်မှာ လည်း အကန့်အသတ်ရှိနေခြင်း။
l     အစိုးရရုံး  အဖွဲ့အစည်းများမှာပင် စီမံခန့်ခွဲနိုင်စွမ်း အားနည်းနေခြင်း တို့ဟာနိုင်ငံရဲ့     ဖွံ့ဖြိုးတိုးတက်မှု အတွက် ‌       နှေးကွေးစေတာ၊ အထောက်အပံ့ မပေးနိုင်တာဟာ စိန်ခေါ်မှုတွေပဲ။
l     စိုက်ပျိုးရေးမှာပင် နည်းပညာမြင့် ကျွမ်းကျင်လုပ်သား        ရှားပါး နေခြင်းကြောင့်      အရည်အသွေးမီ သီးနှံထွက်မှုမှာ  နိမ့်ကျလျက်ရှိနေ ပါတယ်။
စိုက်ပျိုးရေးအပေါ်မှာ အမှီပြုနေရဆဲ
မြန်မာ့စီးပွားရေးဟာ    စိုက်ပျိုးရေး အပေါ်မှာ အကြီးအကျယ်အမှီပြုနေရဆဲဖြစ်ပါတယ်။  မြန်မာ့လယ်သမားအင်အား စုဟာ သမားရိုးကျ ဆန်ရေစပါးစိုက်ပျိုးမှု နဲ့ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံရဲ့ ဆန်တင်ပို့ မှုကို   ရေရှည်ဘယ်လိုယှဉ်မလဲဆိုတာ အထူးစဉ်းစားကြရ      ပါလိမ့်မယ်။ ဘာကြောင့်လဲ။ ဒီလယ်ယာ လုပ်သား အင်အားစုကို  ပညာရေးက   မတ်နေ အောင် လမ်းကြောင်းတစ်ခုနဲ့ ထောင်ပေး ရပါလိမ့်မယ်။   ပြည်သူတို့ရဲ့   လိုအင်ကို ဖြည့်ဆည်းနိုင်ဖို့  တက္ကသိုလ်များကပို၍အားထုတ်ကြရလိမ့်မယ်လို့    အဓိပ္ပာယ် ပေါ်ပါတယ်။ 
လူ့စွမ်းအားအရင်းအမြစ်  မွေးထုတ် ခြင်းရဲ့  အမြင့်ဆုံးအမှတ်ကို  ရောက်ဖို့ဆို ရင်   နိုင်ငံသားတိုင်းကို   အဖိုးတန်တဲ့ အရင်းအနှီးအဖြစ်   မှတ်ယူပြီး   အရည် အချင်းရှိအောင် အရည်အသွေး တောက် ပြောင်လာအောင်  ပညာရေးက  လုပ်ပေး နိုင်မှုအပေါ်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှု    ပိုမိုရှိလာနိုင်ပါတယ်။   ဒါကြောင့် တက္ကသိုလ်များရဲ့           အခန်းကဏ္ဍဟာ အမှန်တကယ်ပဲ  ကျယ်ဝန်းနက်ရှိုင်းလာ မယ်လို့ မြင်ယောင်မိပါတယ်။
စက်မှုလယ်ယာကို   တည်ထောင်နိုင်
ရာစုနှစ်၂ ခု၊  နှစ်ပေါင်းနှစ်ရာကျော် ကြာ၊   အမေရိကန်နိုင်ငံ၊   ဆိုဗီယက် ပြည်ထောင်စု၊ ဥရောပနှင့် ဂျာမနီနိုင်ငံတို့ ရဲ့ ကောလိပ်နဲ့  တက္ကသိုလ်များဟာ နိုင်ငံ ရဲ့တိုးတက်မှုအတွက် ကြိုးစားခဲ့ပါတယ်။ အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်တဲ့   ပညာရေးအဆင့်မြင့်ဖို့ နိုင်ငံကကျွန်းကိုင်း မှီ   ကိုင်းကျွန်းမှီ   အားထားခဲ့ပါတယ်။ ၁၈၉ဝ ပြည့်နှစ်မှာ   အမေရိကန်တို့ဟာ စက်မှုလယ်ယာကို   တည်ထောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
၁၈၅ဝ ပြည့်နှစ်တစ်ဝိုက်မှာ ဂရီဂို မင်ဒယ် (Gregor J. Mendel, 1822-84) အမည်ရှိ အော်စထရီးယန်း ဘုန်းကြီး တစ်ပါးဟာ   ဘုရားကျောင်းဥယျာဉ် အတွင်း ပဲပင်များကို စနစ်တကျစိုက်ပျိုး ပြီး လေ့လာခဲ့တာမို့  မျိုးရိုးဗီဇကို  စတင် နားလည်ခဲ့ရပါတယ်။   ၁၉၂၇   ခုနှစ်က ကမ္ဘာ့လူဦးရေ  သန်းနှစ်ထောင်၊ ၁၉၉၉ ခုနှစ်က          သန်းခြောက်ထောင်ကို ကျွေးမွေးနိုင်တာ စက်မှုလယ်ယာနဲ့ မျိုးရိုး ဗီဇကိုအခြေခံပြီးထုတ်လုပ်တဲ့ ကောက်ပဲ သီးနှံတွေကြောင့်ပဲ ဖြစ်ပါတယ်။ 
၁၉၃၈   ခုနှစ်မှာ   ဂျာမန်ပါမောက္ခ များဖြစ်တဲ့  အော်တိုဟန်း (Otto Hann) နဲ့ စထရစ်မန်း   (Strassman)  တို့ဟာ အဏုမြူစွမ်းအင်ကို တွေ့ရှိနေပြီဖြစ်ပါ တယ်။  ချီကာဂိုတက္ကသိုလ်မှာ  ၁၉၄၂ ခုနှစ် ဒီဇင်ဘာ  ၂ ရက်နေ့မှာ အီတလီ ပြည်ဖွား အင်ရိကိုဗာမီ (Enrico Fermi) ဦးဆောင်တဲ့ သိပ္ပံပညာရှင် ၃၉ ဦးဟာ အဏုမြူဓာတ်ပေါင်းဖိုကို တည်ထောင် နိုင်ခဲ့ပါတယ်။  ဖွံ့ဖြိုးတဲ့  နိုင်ငံများဖြစ်တဲ့၊ အမေရိကန်၊   ရုရှား၊   ပြင်သစ်၊   ဂျာမနီ၊ အင်္ဂလန်၊ ဂျပန်နိုင်ငံတို့ကလည်း အဏုမြူ ဓာတ်ပေါင်းဖိုတွေ  တည်ဆောက်ကြပြီး လျှပ်စစ်စွမ်းအင် ထုတ်ပေးနေပြီဖြစ်ပါ တယ်။ နည်းပညာရဖို့ ကိုယ်တိုင်လုပ်ရပါ လိမ့်မယ်။ 
ရန်ကုန်တက္ကသိုလ်မှာ  ဓာတုဗေဒ ဆရာကြီးဦးအောင်ခင်၊ ရူပဗေဒဆရာကြီး ဦးစံသာအောင်နဲ့  ယူဘာရီက (UBARI, Union of Burma Applied Research Institute) ဥက္ကဋ္ဌ ‌ဒေါက်တာဘလှီတို့ဟာ အဏုမြူစွမ်းအားရရှိရေး ခြေလှမ်း လှမ်း ခဲ့ပုံရပါတယ်။ တက္ကသိုလ်မှာ မရှိသေးတဲ့ အဏုမြူဓာတုဗေဒ၊   အဏုမြူရူပဗေဒ ဘာသာရပ်မျိုးစေ့များ ချခဲ့ပါတယ်။ နည်း ပညာပိုင်းမှာ  လွန်စွာမြင့်တဲ့အတွက် ကျွမ်းကျင်ပညာရှင်တွေ၊   လူ့စွမ်းအား တွေရရှိဖို့   အချိန်များစွာယူရမှာ  ဖြစ်ပါ တယ်။ 
နိုင်ငံရဲ့   လိုအပ်ချက်
ပညာရေးနဲ့           ပတ်သက်လို့ ဒုတိယကမ္ဘာစစ်ကြီးပြီးသည့် နောက်ပိုင်း မှာ   ဥရောပတစ်ခွင်၊   အမေရိကန် ပြည်ထောင်စု၊  ဆိုဗီယက်ပြည်ထောင်စုနိုင်ငံတွေမှာ တက္ကသိုလ်ပညာရေး အယူ အဆတွေ ပြောင်းလဲလာတာ  တွေ့ရပါ တယ်။ အမေရိကန် အဆင့်မြင့်ပညာရေး ကို   လေ့လာကြည့်ရင်   ၁၉၆၀-၇၀ ပြည့် နှစ်များမှာ  အမေရိကန်တို့ဟာ   သူတို့ရဲ့ ရေမြေတောတောင်  ဘူမိပထဝီ သွင်ပြင်၊   သဘာဝအခြေအနေနှင့်   ပို၍ကိုက်ညီစေ ဖို့   ဥရောပပညာရေးစနစ်ဟောင်းမှ   ခွဲထွက်ခဲ့ပါတယ်။   နိုင်ငံရဲ့     လိုအပ်ချက် တွေကို    ဖြည့်ဆည်းနိုင်ဖို့ အားထုတ်ခဲ့တာ   တွေ့ရပါတယ်။     တွေးကြည့်လိုက်ရင်      အမေရိကန်တို့ဟာ       အရှေ့အရပ်မှ        အနောက်အရပ်သို့   ရွေ့လျားလာကြပြီး   ပရေရီ   (Prairie) မြက်ခင်းနဲ့   ပူပြင်း ခြောက်သွေ့တဲ့ဒေသတွေနဲ့    သဟဇာတ ဖြစ်တဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုတွေကို     ချမှတ်အကောင်အထည်ဖော်ခဲ့ ကြောင်း ၁၈၆၂ ခုနှစ်မှာ- မိုရဲလ် (Morrill) အက်ဥပဒေနဲ့   အမေရိကန်  အဆင့်မြင့် ပညာရေးကို ကြီးမားစွာ   ပြုပြင်ပြောင်းလဲ ခဲ့ကြောင်း သိရပါတယ်။      လူအများစု အတွက် လက်ငင်းအကျိုးပြုမည့်    စက်မှု နှင့် စိုက်ပျိုးရေးအားသန်တဲ့ တက္ကသိုလ်      ကောလိပ်တွေလည်း      အလျင်အမြန်    ပေါ်ပေါက်ခဲ့ပါတယ်။  ၁၉၇၀-၇၁    ခုနှစ် များမှာ   အမေရိကန်တက္ကသိုလ်များက       အသက်မွေးဝမ်းကျောင်း    အပါအဝင်  ပထမဘွဲ့ရ (First Degree) ၈ သိန်းနီးပါး၊ မဟာဘွဲ့ ၂   သိန်းကျော်နဲ့   ပါရဂူဘွဲ့ ၂၉၀၀၀ ကို     မွေးထုတ်ခဲ့တာဟာ    အထောက်အထားပဲဖြစ်ပါတယ်။ 
မြန်မာတက္ကသိုလ်များဟာ ပြည်သူရဲ့ ဘဏ္ဍာနဲ့   ရပ်တည်လျက်ရှိတဲ့  အစိုးရ တက္ကသိုလ်များပဲ   ဖြစ်ပါတယ်။ အစိုးရ ထောက်ပံ့မှုဆိုသည်မှာ ပြည်သူရဲ့ဘဏ္ဍာ ဖြစ်ပါတယ်။ တက္ကသိုလ်မှာ ပေးသွင်းရတဲ့ ကျောင်းလခ (Tuition  Fees)  ဟာလည်း ကမ္ဘာမှာ‌တော့     အနည်းဆုံးလောက် ဖြစ်ပါတယ်။      


ဒါကြောင့်လည်း    နိုင်ငံတော်ရဲ့    ဘဏ္ဍာ၊ ပြည်သူရဲ့ဘဏ္ဍာကို          အားထားပြီး အဆင့်မြင့်ပညာရပ်တွေကို   ပို့ချကြရ ပါတယ်။ ယခုအချိန်ထိ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကတက္ကသိုလ်ဆိုတာ  မပေါ်ပေါက် သေးပါဘူး။ ကိုယ့်‌ဒေသပတ်ဝန်းကျင်ရဲ့ ကြွယ်ဝမှုတွေကို လေ့လာဖော်ထုတ်ပြီး ကိုယ့်ဒေသကို  ချစ်မြတ်နိုးတဲ့   ဒေသ လိုအင်တွေကို အလျင်အမြန် ဖြည့်ဆည်း မည့်ဘွဲ့ရတွေကို    မွေးထုတ်သကဲ့သို့ ထူးချွန်ထက်မြက်သူ    လူငယ်များကို ဘွဲ့လွန်တန်းတွေကိုတက်ဖို့  အားပေးရ မှာဖြစ်ပါတယ်။ 
၁၉၇၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ရွှေရတုသဘင်ကာလမှာ  တက္ကသိုလ် ကောလိပ်ပေါင်း ၁၇ ခုနှင့် ကျောင်းသား ဦးရေဟာ ငါးသောင်းနီးပါး   ပြည်တွင်း ပြည်ပမဟာဘွဲ့ရများလည်း တက္ကသိုလ် ကောလိပ်များမှာ   တာဝန်ထမ်းဆောင် ခဲ့ကြပါတယ်။
ခေတ်အဆက်ဆက်       တာဝန် ထမ်းဆောင်ခဲ့ကြတဲ့ ဘာသာရပ်ဆိုင်ရာ မဟာဌာနမှူးကြီးများနှင့်   အဓိပတိများ၊ ပါမောက္ခချုပ်များဟာ    အချိန်ကာလ ဒေသအရ   ပြည်သူတို့ရဲ့    လိုအင်တွေကို ဖြည့်ဆည်းပေးခဲ့ကြပါတယ်။   မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ခေတ်မှာ    သိပ္ပံနဲ့ နည်းပညာဟာ   တိုင်းပြည်ဖွံ့ဖြိုးရေးကို ထိရောက်မှုရှိကြောင်း ခံယူပြီး သိပ္ပံပညာ ကို ဦးစားပေးသင်ကြားရေးပေါ်လစီချခဲ့ပါတယ်။  ကျွမ်းကျင်မှု အမယ်စုံရရှိရေး အတွက် ဒေသကောလိပ်တွေ    ဖွင့်လှစ် ခဲ့ပါတယ်။ သိပ္ပံပညာထူးချွန်ရေး လူရည် ချွန် စီမံကိန်းလည်း ပေါ်ပေါက်ခဲ့ပါတယ်။
မြန်မာ့ပညာရေး   မျှော်မှန်းချက်က “မျက်မှောက်ကာလဖြစ်သော   ပညာ ခေတ်၏  စိန်ခေါ်မှုကို  ရင်ဆိုင်နိုင်သည့် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင် အဖွဲ့အစည်းကို   ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခု     ဖြစ်ထွန်းစေရန်” ဖြစ်ပါတယ်။ 
ဖွံ့ဖြိုးတိုးတက်မှုအတွက် အရင်းအမြစ်
လူ့သမိုင်းစဉ်     တစ်လျှောက်လုံးမှာ ပညာရေးဟာ  ဖွံ့ဖြိုးတိုးတက်မှုအတွက် အရင်းအမြစ် ဖြစ်ခဲ့ပါတယ်။ ဒီခေတ်မှာ နိုင်ငံနဲ့လူမျိုးရဲ့ အသက်ဝိညာဉ်ဟာ ပညာ ရေးပဲ။   ပညာရေးဟာ    နိုင်ငံနဲ့လူမျိုး  ရှင်သန်မှုဖွံ့ဖြိုးတိုးတက်မှုနဲ့  လူ့ဘောင်ရဲ့ ညီညွတ်မှု         တည်ငြိမ်အေးချမ်းမှုရဲ့ အရင်းခံလည်းဖြစ်ပါတယ်။ ပညာဟာ သုံးလို့ မကုန်နိုင်လောက်တဲ့  သယံဇာတဖြစ် တယ်ဆိုတာ ပို၍ ပို၍  နားလည်လာကြ ပါတယ်။ ကျွမ်းကျင်မှုကို ရရှိမည့်သင်ယူမှု ကို တိုးမြှင့်ရပါလိမ့်မယ်။ ပညာရေးဟာ အခြေခံပဲဖြစ်ဖြစ်၊ အဆင့်မြင့်ကဏ္ဍမှာပဲ ဖြစ်ဖြစ်    တစ်မျိုးသားလုံးအတွက် ရည်မှန်းတာဖြစ်ပါတယ်။   မျိုးဆက်သစ် ကျောင်းသူ ကျောင်းသားနဲ့  Life  Long Learning Society မှာ ပါဝင်သူ မှန်သမျှ ဟာ   ပညာရေးရဲ့   ဗဟိုချက်မပါပဲ။ လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ခြင်း ရဲ့  အမြင့်ဆုံးအမှတ်သို့ ရောက်ဖို့ဆိုရင် ထိုသူမှာ -
l     ကုန်ထုတ်လုပ်ငန်းက  တောင်းဆို တဲ့ အရည်အသွေးအမျိူးအစား ရှိရပါမယ်။
l     နိုင်ငံသားတစ်ယောက်မှာရှိရမယ့် လိုအပ်တဲ့    အရည်အသွေး ရှိရ ပါမယ်။ 
l နည်းပညာထွန်းကားတဲ့အတွက် ကြောင့် တစ်ဦးချင်း တစ်ယောက် ချင်းဟာ ကျွမ်းကျင်မှုတွေ ရရှိ နိုင်ပြီဖြစ်တဲ့အတွက် ဒီသုံးပွင့်ဆိုင် အရည်အချင်းနဲ့   အရည်အသွေး ဟာ ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီး ပေးနိုင်ပါတယ်။ဖော်ဆောင်ပေးနိုင်လိမ့်မယ်။ အနာဂတ်မှာလိုအပ် မယ့် ကျွမ်းကျင်မှု အရည်အသွေး ကို သူတို့ကို ပေးရပါမယ်။ 
တက္ကသိုလ်နဲ့  ဒီဂရီကောလိပ်များမှာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုစင်တာ (Center for Human Resource Deve-lopment) တို့ကို ၁၉၉၈ ခုနှစ်ကလည်း ကောင်း၊ လူ့အဖွဲ့အစည်းဖွံ့ဖြိုးမှုစင်တာ (Community Development Center) ကို ၂၀၀၄- ၀၅ ခုနှစ်တွင်  လည်းကောင်း တည်ထောင်ခဲ့ပါတယ်။     Life Long Learning ဖြစ်ဖို့ အမှန်တကယ်ပဲ ဒေသ အသီးသီးရဲ့  လိုအပ်ချက်တွေကို  ဖြည့် ဆည်းဖို့  တက္ကသိုလ်ပညာရေးက   အား ထုတ်ခဲ့ပါတယ်။ One Campus Two Systems လို့တောင် နာမည်တွင်ခဲ့ပါ တယ်။ ပညာခေတ်ရဲ့  စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ဖို့ တက္ကသိုလ်ရဲ့ဌာနအသီးသီး ပါဝင် ဆောင်ရွက်တာမို့ “Multidisc-iplinary Approach” အမျိုးစုံ အမယ်စုံ လည်း ဖြစ်ခဲ့ပါတယ်။ 
၂၀၁၅ ပညာသင်နှစ်မှာ  တက္ကသိုလ် ကောလိပ်ပေါင်းဟာ ၁၇၁ ခု ရှိပါတယ်။ ဝန်ကြီးဌာန ရှစ်ခုက စီမံခန့်ခွဲပါတယ်။အချိန်ပြည့်ပညာသင်   လူငယ်ထုဟာ  ၂၅၅၁၇၈ ဦး၊   အဝေးသင်တက္ကသိုလ် စာသင်သား   ၄၁၁၁၆၄   ဦးရှိပါတယ်။ တက္ကသိုလ်ကောလိပ်    ဆရာ   ဆရာမ၊ ကထိက ပါမောက္ခဦးရေဟာ တစ်သောင်း ငါးထောင်ကျော်   နှစ်သောင်းနီးပါးထိ ရှိပါတယ်။ 
၁၉၅၃  ခုနှစ်မှာ    အမေရိကန်သိပ္ပံ ပညာရှင် ဂျိမ်းစ်ဝက်(တ်)ဆန် (James Watson) နဲ့ ဗြိတိသျှပါမောက္ခ ဖရန်စစ် ခရစ်(က်) (Francis Crick) တို့ဟာ မျိုးရိုး ဗီဇအခြေခံဖြစ်တဲ့     ဒီအောက်ဆီရိုင်ဗို နျူကလီးယစ်အက်စစ်   (Deoxyribo-nucleic Acid) (DNA) ကို တွေ့ရှိခဲ့တာဟာ တိုးတက်မှုကြီးပဲ။ သိပ္ပံနဲ့နည်းပညာလမ်း ကြောင်းပေါ်က   DNA  ဟာ အနာဂတ် အပြောင်းအလဲကြီးဖြစ်နိုင်တော့   ၂၁ ရာစုဟာ  မျိုးရိုးဗီဇခေတ်  (Genome) ဂျီနုံးခေတ်ပဲ။    နိုင်ငံရေး၊    စီးပွားရေး၊ လူမှုရေးနဲ့    ဆက်စပ်ယှက်နွှယ်နေတဲ့ ပညာရေးဟာလည်း     ဟန်ချက်ညီညီ ပြုပြင်ပြောင်းလဲရမှာဖြစ်ပါတယ်။
သင်ကြားမှုနဲ့ သုတေသန
စိုက်ပျိုးရေး၊    စက်မှု၊   အဏုမြူ၊ အိုင်တီခေတ်၊  နောင်တွင်   ဂျီနုံးခေတ် အသီးသီးက  လိုအပ်တဲ့   ကျွမ်းကျင်မှု လူ့စွမ်းအား          အရင်းအမြစ်တွေရဖို့ တက္ကသိုလ်ကြီးများရဲ့     သင်ကြားမှုနဲ့ သုတေသနတွေကို   ပုံဖော်ခဲ့ကြောင်း တွေ့ရှိပြီးဖြစ်ပါတယ်၊၊ လူရဲ့တီထွင်ကြံဆ ဖန်တီးမှုတွေကြောင့်    ကမ္ဘာကြီးဟာ ကျဉ်းမြောင်းလာပါတယ်။ ကမ္ဘာကြီး ကျဉ်းမြောင်းတဲ့အတွက်   အာရှတိုက် ကြီးဟာလည်း  ကျဉ်းမြောင်းပြီး   ပိုပြီး နီးကပ်  ထိစပ်လာပါတယ်။ ဒါကြောင့် နိုင်ငံတွင်း၊   ဒေသတွင်း၊    ကမ္ဘာ့ဒေသ အသီးသီးနဲ့ ယှဉ်ပြိုင်ရတဲ့  အနေအထား ကို  ရောက်ရှိလာတာ ဖြစ်ပါတယ်။ 
၂၁ ရာစုနှစ်ဟာ  ယှဉ်ပြိုင်ရတဲ့  ရာစု ဖြစ်လာပါတယ်။  ဒီလို ယှဉ်ပြိုင်နိုင်တဲ့ စွမ်းပကားကို ဘယ်မှာရနိုင်သလဲဆိုရင် ပညာရေးမှာပဲ ဖြစ်ပါတယ်။ အရေးပါတဲ့ ပညာရေးရဲ့ ဗဟိုချက်ဟာ ကျောင်းသူ ကျောင်းသား လူငယ်လူရွယ်တွေ ဖြစ်ပါ တယ်။ ပြည်သူတွေကလည်း မျှော်လင့်ချက် ကြီးမားစွာနဲ့ ကျောင်းကိုပို့၊ တက္ကသိုလ် ကို ပို့ကြတာဖြစ်ပါတယ်။ တက္ကသိုလ် ကောလိပ်တွေက  မျိုးဆက်သစ်လူငယ် ထုရဲ့    ဉာဏ်ရည်ဉာဏ်သွေး    ဖွံ့ဖြိုးမှု၊ ကျွမ်းကျင်မှုနဲ့    သူတို့ရဲ့  အနာဂတ် မျှော်မှန်းချက်တွေ၊ နိုင်ငံရဲ့ မျှော်မှန်းချက် တွေကိုပြည့်မီအောင်   အဓိကအခန်း ကဏ္ဍက တာဝန်ယူနေသူဟာ   ဆရာများ ပဲ  ဖြစ်ပါတယ်။  ကထိကနဲ့  ပါမောက္ခ၊ မဟာဌာနမှူးကြီးတွေ     ဖြစ်ပါတယ်။ တက္ကသိုလ်ကောလိပ်တွေက  ပါမောက္ခ၊ မဟာဌာနမှူးကြီးများရဲ့ တာဝန်တွေဟာ ပြောင်းလဲလာတဲ့  တောင်းဆိုမှုတွေအရ ပို၍ကြီးမားလာပါတယ်။   သင်ကြားရေး သုတေသနနဲ့ ထပ်ဆင့်တီထွင်မူ (Inno-vation) တွေကို ပို၍ဦးစားပေး လုပ်လာ ကြရပါတယ်။ 
တက္ကသိုလ် ပေါင်း ၂၀၀၀ ကျော်
၁၉၆၀     ပြည့်နှစ်နောက်ပိုင်းမှာ အမေရိကန်တို့ဟာ သူတို့ရဲ့တက္ကသိုလ် ပေါင်း ၂၀၀၀ ကျော်ထိ   ဖွင့်လှစ်ပြီး ကျောင်းသား ၃ ဒသမ ၆ သန်းကို သိပ္ပံနှင့် နည်းပညာနယ်ပယ်မှာ  ဇောက်ချသင် ပေးခဲ့ပါတယ်။    အမေရိကန်တို့ဟာ “Education for all, Science for all” အတွက်  ၁၉၆၅ ခုနှစ်မှာ တစ်နိုင်ငံလုံးကို အင်တိုက်အားတိုက် မောင်းနှင်ခဲ့ပါတယ်။ ယနေ့အချိန်အခါမှာ အမေရိကန်နိုင်ငံက တက္ကသိုလ်၊   ကောလိပ်‌ပေါင်း   ၃၅၀၀ ကျော်ရှိပါတယ်။ လူဦးရေက သန်း ၃၀၀  ပဲဆိုပါစို့ ကျွန်တော်တို့က  ၅၂  သန်း ဆိုတော့ ဒီအချိုးအရ  ကျွန်တော်တို့ဟာ တက္ကသိုလ်၊ ကောလိပ်ပေါင်း ၄ဝဝ ကျော် တိုးချဲ့ပြီး    အားထုတ်ရမယ့်  အဓိပ္ပာယ် ပေါ်ပါတယ်။      အရေအတွက်ကိုပဲ ကျွန်တော်တို့လုပ်ရပါဦးမယ်။ 
“Education for all” လို့ မြန်မာတို့ ပြောနေတဲ့အချိန်မှာ အဆင့်မြင့်ပြီးသား နိုင်ငံတွေမှာ “Excellence  for  all” လို့ ပြောင်းလဲခေါ်တဲ့အထိ   သူတို့ရဲ့   ပညာ အရည်အသွေးကိုမြှင့်ဖို့ အားထုတ်တာကို တွေ့ရပါတယ်။     ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ “Education for all” နဲ့   လုံလောက် နိုင်ခြင်းမရှိတော့လို့ “Excellence for all” ပြောင်းလဲရတဲ့အထိ  ပညာရေးကို ချဉ်းကပ်တာ   တွေ့ရပါတယ်။  ဒီအထိ ဘာကြောင့်        လုပ်ရသလဲဆိုလို့ရှိရင် ဒီခေတ်ရဲ့ ယှဉ်ပြိုင်မှုတစ်ခုလုံးကို ပါဝင် ခွင့်၊ ကြီးစိုးနိုင်ခွင့်ရှိဖို့ မျှော်လင့်ချက်ဟာ ပညာရေးမှာပဲရှိတယ်ဆိုတာ သူတို့သိ လို့ပါပဲ။ 
ဒါကြောင့် မြန်မာတက္ကသိုလ်တွေဟာ သင်ကြားမှုသက်သက်မဟုတ်၊    ကမ္ဘာ အရပ်ရပ်က  တွေ့ရှိချက်တွေကို  သင်ရုံ သက်သက်မဟုတ်၊ တက္ကသိုလ်တွေဟာ မိမိနယ်ပယ်တစ်ခုတွင်းမှာ  ထူးချွန်တဲ့သူ အဆင့်မြင့် ဒီဂရီဘွဲ့ရသူတွေ မွေးထုတ် ပေးရုံသက်သက်        မဟုတ်တော့ဘဲ တက္ကသိုလ်ပရိဝုဏ်အပြင်ဘက်  စီးပွား ရေးဖွံ့ဖြိုးဖို့  လူမှုဘဝ သာယာဝပြောဖို့၊ နည်းပညာ မြင့်မားရေးနဲ့ ဝန်ဆောင်မှုကို မြှင့်တင်ပေးဖို့  ပညာရေးဟာ  အလွန် အရေးပါတဲ့ အခန်းကဏ္ဍဖြစ်လာပါတယ်။ တက္ကသိုလ်တည်ရှိရာဒေသ    လူ့အဖွဲ့ အစည်းအတွက် အမှန်တကယ် လိုအပ် တဲ့ လူသားကျွမ်းကျင်မှု အရည်အသွေး တွေကို    မွေးထုတ်ပေးကြရမှာဖြစ်ပါ တယ်။   ဒီလိုဆိုရင်   တက္ကသိုလ်ဒီဂရီ ကောလိပ်တွေဟာ    သူရှိနေတဲ့ဒေသမှာ နိုင်ငံတော်ရဲ့   ရတနာပါပဲ။   စိန်ကောင်း ကျောက်ကောင်း   တစ်ပွင့်ပါပဲ။  ယနေ့ အချိန်အခါမှာ      တက္ကသိုလ်တွေဟာ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်   ရရှိလာပြီး    မိမိ ဒေသရဲ့ လူ့အဖွဲ့အစည်းကြီးကို  ကြီးမား ကျယ်ပြန့်တဲ့    ဝန်ဆောင်မှုတွေ   ပေးနိုင် စွမ်း ပိုမိုရှိလာပါလိမ့်မယ်။  တက္ကသိုလ်နဲ့ လူ့အဖွဲ့အစည်းဟာ ဗဟိုချက်မနေရာကို တစ်လှည့်စီရောက်ရှိပါလိမ့်မယ်။
ပုံစံသစ်နဲ့သွားရမှာ
ယနေ့အချိန်အခါမှာ တက္ကသိုလ်များ ဟာ ကမ္ဘာ့အဆင့်မီ သင်ရိုးတန်းများနဲ့၊ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်  လွတ်လွတ်လပ်လပ် နဲ့အရည်အသွေးကောင်း သုတေသနတွေ ကိုလည်း   လုပ်ပိုင်ခွင့်    ရရှိနေပြီဖြစ်တဲ့ အတွက် ကမ္ဘာ့အဆင့်မီအဆင့်မြင့်ပညာရေးစနစ်ဖြစ်ရေးအတွက်  ဆက်လက် ကြိုးပမ်းရာမှာ   သမားရိုးကျဗဟိုဦးစီး အုပ်ချုပ်မှုပုံစံမှ ပိုမိုနွေးထွေးသည့် မိသားစု ပုံစံ   (Corporate Model)    အသွင်ဖြင့်   တာဝန်ယူမှု၊ တာဝန်ခံမှုကိုလည်း ပခုံးထမ်း ယူကြရမှာ ဖြစ်ပါတယ်။ ကျောင်းသားနဲ့ မိဘများရဲ့   လိုအင်၊        နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးက လိုအပ်တဲ့  လူ့စွမ်းအား အရင်းအမြစ်ကိုထုတ်လုပ်ရာမှာ   ပုံစံသစ် နဲ့သွားရမှာ  ဖြစ်ပါတယ်။   ပညာရေးဟာ   သင်ကြားမှု သက်သက်မဟုတ်။ “Teac-hing and  Learning”    သင်ယူလေ့လာမှု နှစ်ခု သဟဇာတဖြစ်အောင်  လုပ်ကြရ မယ်။   “Independent   Learning” လွတ်လွတ်လပ်လပ်သင်ယူမှု၊     အပြော ကျယ်တဲ့ လေ့လာမှု၊ ICT   နည်းပညာကို  သုံးတဲ့   သင်ကြားသင်ယူမှု၊   လေ့လာမှု၊ တီထွင်ဆန်းသစ်တဲ့    နယ်ပယ်ထဲကို ရောက်အောင်   တွန်းတင်ပေးရမှာဖြစ်ပါ တယ်။ မိမိကိုယ်တိုင်သင်ယူမှု   “Self-Learning”   ကို   ဇောင်းပေးရမယ်။ တကယ့်ကို မြင့်မြင့်မားမား ပညာတတ်မှ၊ တကယ့်ကို ကျွမ်းကျင်မှုဖန်တီးမှုရှိတဲ့  လူ့စွမ်းအား  အရင်းအမြစ်များကသာ  ဆက်လက်ရှင်သန်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊  စီးပွားဖြစ်ထွန်းမှု၊       လူ့ဘောင်ရဲ့   ညီညွတ်မှုနဲ့   တည်ငြိမ်အေးချမ်းမှုကို   ရှေးရှုနိုင်မှာ ဖြစ်ပါတယ်။


(ဆက်လက်ဖော်ပြပါမည်)