မွန်ပြည်နယ် ဘီးလင်းမြို့ ဘီးလင်း-နတ်ကြီးကားလမ်းဘေး၌ အပြစ်မဲ့ပြည်သူများ ထိခိုက်သေကျေစေရန်ရည်ရွယ်၍ လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး လက်လုပ်မိုင်းတပ်ဆင်သူ အကြမ်းဖက်သမား သေဆုံး

 

နေပြည်တော် ဖေဖော်ဝါရီ  ၃


မွန်ပြည်နယ် ဘီးလင်းမြို့ ဘီးလင်း- နတ်ကြီးကားလမ်းဘေး၌ အပြစ်မဲ့ ပြည်သူများ     ထိခိုက်သေကျေ စေရန် ရည်ရွယ်၍ လက်လုပ်မိုင်း တပ်ဆင်နေစဉ်       ပေါက်ကွဲမှု ဖြစ်ပွား၍          လက်လုပ်မိုင်း တပ်ဆင်သူ    အကြမ်းဖက်သမား တစ်ဦး  သေဆုံးခဲ့ကြောင်း   သိရ သည်။

 


ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂ ရက် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ဘီးလင်းမြို့ ဗိုလ်တေဇရပ်ကွက် ဘီးလင်း-နတ်ကြီး   ကားလမ်း ဘေး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ   လုံခြုံရေးတပ်ဖွဲ့ဝင် များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ဘီးလင်း- နတ်ကြီး ကားလမ်းပေါ်ရှိ တံတား အမှတ်(၁/၄)အနီး         လမ်း၏ ယာဘက်   သုံးပေခန့်အကွာ၌ အကြမ်းဖက်သမား    တစ်ဦးက   အဆိုပါလမ်းပေါ် သွားလာလှုပ်ရှား နေသည့်      အပြစ်မဲ့ပြည်သူများ၊ လုံခြုံရေး     တပ်ဖွဲ့ဝင်များအား ထိခိုက်သေကျေ၊ ဒဏ်ရာရရှိစေရန် အတွက်   လက်လုပ်မိုင်းထောင် နေစဉ်       ပေါက်ကွဲမှုဖြစ်ပွား၍ ပေါက်ကွဲမှုကြောင့်        အဆိုပါ အမျိုးသား၏       ခန္ဓာကိုယ်မှာ အပိုင်းပိုင်းပြတ်ကာ သေဆုံးနေပြီး ပေါက်ကွဲထားသည့်       နေရာမှ ဓာတ်ခဲအသေး တစ်လုံး၊ ဆားကစ် ပြားတစ်ခုတို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

 


ထိုကဲ့သို့ အပြစ်မဲ့ပြည်သူများ အား အကြမ်းဖက်တိုက်ခိုက်ရန် အတွက် လမ်းဘေး၌  မိုင်းတပ်ဆင် နေစဉ်      ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံးခဲ့သည့် အကြမ်းဖက်သမား နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ ဝင်များက ရဲလုပ်ငန်းများနှင့်အညီ သေမှုသေခင်းရေးဖွင့်   စစ်ဆေး လျက်ရှိကြောင်း     သတင်းရရှိ သည်။


သတင်းစဉ်