
နေပြည်တော် ဩဂုတ် ၆
နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက် အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူ လူထုအချို့၏ နေအိမ်များ၊ အများပြည်သူသွားလာ လှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထား ခြင်းများအား ပြုလုပ်နေကြသည်ကို တွေ့ရှိရ သည်။ ၎င်းအပြင် လတ်တလော ကျန်းမာရေး လုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ တွင် စိတ်စေတနာပြည့်ဝစွာဖြင့် အနစ်နာခံ ပေးဆပ် လုပ်ကိုင်လျက်ရှိသော စေတနာ့ဝန်ထမ်း များ၊ လူမှုရေးအသင်းအဖွဲ့များကိုလည်း နည်းမျိုးစုံ ဖြင့် ဦးတည်တိုက်ခိုက်လာသည်ကို တွေ့ရှိ ရသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာတွင် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင် ကားလမ်းဟောင်း မိုင်တိုင် အမှတ် (၉၀/၂-၁) ကြား ကျောက္ကလပ်တံတား အနီး၌ လူနာတင်ယာဉ် တစ်စီး မိုင်းဖောက်ခွဲ ခံရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ လိုရာပြည့် လူမှုကူညီရေးအသင်းမှ သိမ်ဇရပ်မြို့ မြို့မ (၁) ရပ်ကွက်နေ ကိုကျော်စွာဝင်း (၂၁ နှစ်) သည် အသင်းပိုင် လူနာတင် မော်တော်ယာဉ် ဖြင့် ကျိုက်ထိုမြို့မှ သူရလင်း (၂၆ နှစ်) နှင့် ဦးမိုးအောင် (၅၃ နှစ်) တို့အား သွားရောက် တင်ဆောင်၍ သိမ်ဇရပ်မြို့သို့ ပြန်လာစဉ် သိမ်ဇရပ်မြို့ဝင် ဆိုင်းဘုတ်အနီး အရောက် တရုတ်နိုင်ငံလုပ် ကြိုးဆွဲလက်ပစ်ဗုံးဖြင့် ဖောက်ခွဲ ခံရသဖြင့် မော်တော်ယာဉ်၏ ရှေ့လေကာ မှန်ကြီး၊ ယာရှေ့နောက်မှန်ကြီး နှစ်ချပ်တို့ ကွဲအက် ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား