မွန်ပြည်နယ် သထုံမြို့နယ် ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုလမ်းမပေါ်ရှိ ကျုံအိတ်တံတားအား KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

 

နေပြည်တော်   ဇွန်    ၂၉
အကြမ်းဖက်     အဖွဲ့အစည်းများ ဖြစ်သည့်   NUG ၊  CRPH   တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်း ဖက်သမားများသည်      နိုင်ငံ တည်ငြိမ်အေးချမ်းမှုနှင့်  တရား ဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်၊ ဒေသတွင်း      ကုန်စည်စီးဆင်းမှု ရပ်တန့်စေပြီး    လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေရန် စသည့်ရည်ရွယ်ချက် များဖြင့် အများပြည်သူ အသုံးပြု လျက်ရှိသည့်  လမ်း၊ တံတားများ အား    မိုင်းထောင်ဖောက်ခွဲခြင်း၊ ရုံးဌာနအဆောက်အဦများ၊ စာသင် ကျောင်းများ၊      အများပြည်သူ နေထိုင်လျက်ရှိသော နေအိမ်များ အား မီးရှို့ဖျက်ဆီးခြင်း၊ ကျေးရွာ များအတွင်း ဝင်ရောက်၍ အဖျက်  အမှောင့်လုပ်ရပ်များ လုပ်ဆောင် ခြင်းစသည့် အကြမ်းဖက်လုပ်ရပ် များကို         နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။
မိုင်းထောင်ဖောက်ခွဲ
ထိုသို့ လုပ်ဆောင်လျက်ရှိရာ  ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်  သထုံမြို့နယ် ရန်ကုန်-မော်လမြိုင် သွား ပြည်ထောင်စုလမ်းမပေါ်ရှိ အများပြည်သူ အားထားအသုံးပြု လျက်ရှိသည့်     မိုင်တိုင်အမှတ် (၁၃၁/၆)  နှင့် (၁၃၁/၇)  အကြား၊ တံတား အမှတ် (၃/၁၃၂)၊ အရှည်  ၉၅ ပေ၊ အကျယ် ၄၁ ပေ၊ ခံနိုင် ဝန် တန် ၆၀ ရှိ သံကူကွန်ကရစ်  အမျိုးအစား ကျုံအိတ်တံတားအား  KNLA    အဖွဲ့မှ   အကြမ်းဖက်မှု လိုလားသူများနှင့်  PDF အမည်ခံ အကြမ်းဖက်       ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့မှု ကြောင့်      ကျုံအိတ်တံတား၏ အနောက်ဘက်ခြမ်း ၆၆ ပေခန့် ပဲ့ကျပျက်စီးခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွား ချိန်၌ တံတားပေါ်တွင် ဖြတ်သန်း မောင်းနှင်နေသည့်      မော်တော် ယာဉ် သုံးစီးပြုတ်ကျ ပျက်စီးခဲ့ကာ အပြစ်မဲ့ပြည်သူ တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ 
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာသို့  လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာ   တာဝန်ရှိသူများက  သွား ရောက်၍    လိုအပ်သည့်     ကူညီ ကယ်ဆယ်ရေး     လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိစဉ်  အဆိုပါ အကြမ်းဖက်သမားများက Drop Bomb များ အသုံးပြု၍ ယုတ်မာ ရက်စက်စွာဖြင့်   အကြမ်းဖက်မှု  များ ထပ်မံလုပ်ဆောင်ခဲ့မှုကြောင့် အပြစ်မဲ့   ပြည်သူ  နှစ်ဦး   ထပ်မံ သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိ ခဲ့ကာ    လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ        ရရှိခဲ့ကြောင်း သိရှိရသည်။
ပြိုကျပျက်စီး
KNLA အကြမ်းဖက်သမားများ အနေဖြင့် ဇန်နဝါရီ ၆ ရက်တွင် လည်း          ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်   အတွင်းရှိ အများပြည်သူ အသုံးပြုသွားလာ လျက်ရှိသော စစ်တောင်းမြစ်ကူး တံတား   (နတ်သံကွင်း)     အား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့မှု ကြောင့် တံတား၏ ကမ်းကပ်ခုံနှင့် ကပ်လျက် ပေ ၁၃၀ ခန့် ပြိုကျ ပျက်စီးခဲ့သည်။   ပဲခူးတိုင်းဒေသ ကြီးနှင့် မွန်ပြည်နယ်တို့အတွင်းရှိ တံတားများအား     အကြမ်းဖက် သမားများက ဖောက်ခွဲဖျက်ဆီးခဲ့မှု အနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လမှ ယနေ့အထိ ၂၄ ကြိမ် ရှိပြီ ဖြစ်ကြောင်း သိရှိရသည်။
စစ်ရာဇဝတ်မှုကျူးလွန်
အကြမ်းဖက်သမား        များ အနေဖြင့် အများပြည်သူ သွားလာ မှု ခက်ခဲစေရန်နှင့် အထိတ်တလန့် ဖြစ်ပြီး      ကြောက်ရွံ့လာစေရန်၊ ကုန်စည်စီးဆင်းမှုကို       ထိခိုက် ဆုံးရှုံးမှုဖြစ်စေပြီး      တည်ငြိမ်မှု ပျက်ပြားစေရန်ရည်ရွယ်၍ စစ်ရေး နှင့်    မသက်ဆိုင်သော      အများ ပြည်သူ        အသုံးပြုလျက်ရှိသည့်  လမ်းတံတားများအား     ဖောက်ခွဲ ဖျက်ဆီးခဲ့ခြင်းသည် စစ်ရာဇဝတ် မှု (War Crime) ကို ကျူးလွန်ခြင်း ဖြစ်သည်။
ဆက်လက်ဆောင်ရွက်
အဆိုပါ       မိုင်းခွဲဖျက်ဆီးမှု ကြောင့် လက်ရှိတွင် လူနှင့် ယာဉ် ငယ်များ ဖြတ်သန်းသွားလာနိုင် သော်လည်း မော်တော်ယာဉ်ကြီး များအတွက်  သွားလာရန် အခက် အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ တံတားပျက်စီးမှုအား သက်ဆိုင် ရာ     လမ်း/တံတား    ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်       ဝန်ထမ်း များက အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆက်လက်  ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် လိုအပ်သည့် အကြမ်း ဖက်     ချေမှုန်းရေး၊   စစ်ဆင်ရေး (Counter-Terrorism   Opera-tion) ကို  ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်