
နေပြည်တော် နိုဝင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး အောင် မြေသာစံမြို့နယ်နှင့် ပြင်ဦးလွင် မြို့နယ်တို့တွင် ငွေကျပ် ၂ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲ မန္တလေး တိုင်းဒေသကြီး အမရပူရမြို့နယ် ရွှေကြက်ယက် ဆိပ်ကမ်းတွင် သတင်းအရ သဲကိုကိုဦး(ခ)သဲကို (၂၅ နှစ်) မောင်းနှင်ပြီး အောင်မျိုး သန့်(ခ) နှင်းဝေ(၄၁ နှစ်)လိုက်ပါ လာသည့် ခြောက်ဘီး ဆီဘောက် ဆာယာဉ်အတွင်းမှ ဒေသကာလ တန်ဖိုး ငွေကျပ် ၁ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ ဆပ်ပြာ ခွက် ၃၃၀၀ ဖြင့် ထည့်လျက် ဘိန်းဖြူ ၃၃ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၂ ဒသမ ၅၈သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ပေါ်ပေါက်ချက်အရ နိုဝင်ဘာ ၁၉ ရက် နံနက် ၈ နာရီခန့် တွင် မတ္တရာမြို့နယ် မြောက်တံငါ ကျေးရွာအနီး၌ မူးယစ်ဆေးဝါး များ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် ဇော်တင့်အောင် (ခ) ထော်ကြီး (၃၅ နှစ်)နှင့် ရဲစောနောင်(ခ)ပြူးပြူး(ခ)ငပြူး (၂၉ နှစ်)တို့ကို ဆိုင်ကယ်တစ်စီးနှင့် လည်း ကောင်း၊ မတ္တရာမြို့ အမှတ်(၂)ရပ်ကွက် နံ့သာတောင်ကျောင်းဝင်း လမ်းတွင် စောမွှေး(ခ)ထွန်းထွန်း ဝင်း(ခ) မွှေးနီ အား ငွေကျပ် ၁၀ သိန်းနှင့်လည်းကောင်း အသီးသီး ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း။
သတင်းကွင်းဆက်အရ လုံခြုံ ရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦး လွင်မြို့နယ် မိုးကြိုးပစ်ကျေးရွာ အနီးတွင် ရပ်တန့်ထားသည့် ၂၂ ဘီးတွဲကား ယာဉ်အား ဆက်လက်ရှာဖွေရာ ယာဉ်အတွင်း မှ ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၁၉ ဘီလီယံ တန်ဖိုးရှိ ဆပ်ပြာခွက် ၄၆၀၀ ဖြင့် ထည့် ထားသော ဘိန်းဖြူ ၄၆ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ငွေကျပ် ၂ ဒသမ ၄ ဘီလီယံ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၇၉ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား၂၇၈၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးများကို ရှမ်း ပြည်နယ်(မြောက်ပိုင်း)မှစစ်ကိုင်း တိုင်းဒေသကြီးသို့ သယ်ဆောင် ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက် ပြစ်မှု ကျူးလွန်သူများအား ဆက်လက် စစ်ဆေး ဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်