
နေပြည်တော် ဇူလိုင် ၃၁
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG နှင့် PDF အဖွဲ့များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန် ရည်ရွယ်၍ လူငယ်များအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များထံတွင် အကြမ်းဖက်သင်တန်းများ တက်ရောက် စေပြီး တရားမဝင်ငွေကြေးထောက်ပံ့မှုများ ရယူကာ အများပြည်သူ သွားလာလှုပ်ရှားလျက်ရှိသည့်နေရာ များအား မိုင်းထောင်တိုက်ခိုက်ခြင်း၊ အစိုးရ အဆောက်အအုံများအား ဖောက်ခွဲဖျက်ဆီးခြင်း အစရှိသည့် အကြမ်းဖက်တိုက်ခိုက်ခြင်းများကို လူသားချင်းစာနာမှုမရှိဘဲ လုပ်ဆောင်လျက်ရှိသည်။
ထိုကဲ့သို့ လုပ်ဆောင်လျက်ရှိမှုများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဇူလိုင် ၂၉ ရက်တွင် တာဝန်သိ ပြည်သူများ၏ သတင်းပေးချက်အရ မဟာအောင်မြေ မြို့နယ် မြတောင်ကျောင်းတိုက်အတွင်း ဝင်ရောက် ရှာဖွေခဲ့ရာ ဓမ္မဝါစက္ကဘောဇနသာလာ ငွေတာရီအုဋ် ကျောင်းနှင့် သာသနပါလ ရွှေဝါဝင်းကျောင်းတိုက် တို့၏ မြေအောက်ခန်းများအတွင်းမှ ဂက်စ်သေနတ် တစ်လက်၊ လက်လုပ်မိုင်းမျိုးစုံ ၂၄ လုံး၊ အင်ဂျင်နီယာသုံး ဦးထုပ် ၂၄ လုံးနှင့် ဓာတ်ငွေ့ကာ Mask ၇၆ ခုနှင့် ဆက်စပ်ပစ္စည်း ၁၅ မျိုးတို့ကို အကြမ်းဖက်လုပ်ငန်း များ ဆောင်ရွက်လျက်ရှိသူ နေလဝင်း(ခ)နို့ဆီဗူးနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
တရားခံ နေလဝင်း(ခ)နို့ဆီဗူး၏ ထွက်ဆိုချက် အရ KNLA တပ်မဟာ(၇) နယ်မြေတွင် သင်တန်း တက်ရောက်ခဲ့ပြီး မန္တလေးမြို့ပေါ်ရှိလူငယ်များအား KIA ၊ KNU နယ်မြေများ၌ သင်တန်းတက်ရောက်ရန် အတွက် စည်းရုံးပို့ဆောင်ခဲ့ကြောင်းနှင့် ရွှေဘို-ကျောက်မြောင်း ကားလမ်းဘေး၌ PDF သင်တန်း ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ဆောင် ရန်နှင့် PDF သင်တန်းများ ဖွင့်ရန်အတွက် အမေရိကန် တွင် နေထိုင်သူ တောသားကြီးထံမှ ငွေကျပ် သိန်း ၂၀၊ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော CRPH ပြန်ကြားရေးအလယ်ပိုင်းတိုင်းတာဝန်ခံ ဖက်တီးထံမှ ငွေကျပ် ၂၄ သိန်း၊ နန်းရှေ့နေထိုင်သူ သီဟထံမှ ငွေကျပ် ၇ သိန်း ၅ သောင်း စုစုပေါင်း ငွေကျပ် ၅၁ သိန်းကို ထောက်ပံ့ရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော CRPH၊ NUG တို့၏ ခိုင်းစေမှုဖြင့် မန္တလေးမြို့အတွင်း ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ဆောင်ရန် NLD ပါတီ ဗဟိုသုတေသန အဖွဲ့ဝင်ဟောင်းဖြစ်ပြီး အမေရိကန် နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသူ အကြမ်းဖက် သမား မျိုးရန်နောင်သိမ်းသည် Signal Application မှတစ်ဆင့် နေလဝင်း(ခ)နို့ဆီဗူးအား အများပြည်သူ များ ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့် ဧပြီလတွင် New Ocean Super Center အနီးရှိ ဘောလုံးကွင်း သစ်တွင်လည်းကောင်း၊ ၇၈ လမ်း၊ ၃၈ x ၃၉ လမ်းကြားရှိ ခန်းမရှေ့တွင်လည်းကောင်း၊ မန္တလေး-စစ်ကိုင်းသွားလမ်းမကြီးဘေး၌ လည်းကောင်း စုစုပေါင်း နေရာ သုံးနေရာ၌ ဖောက်ခွဲမှုပြုလုပ်ရန် စေခိုင်းခဲ့သောကြောင့် နေလဝင်း(ခ) နို့ဆီဗူးအနေဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် မျိုးရန်နောင်သိမ်းသည် နေလဝင်း (ခ)နို့ဆီဗူးအား ဇူလိုင် ၂၃ ရက်တွင် အစိုးရအဆောက်အအုံ များ၊ ပြည်ခိုင်ဖြိုးရုံးများ၊ ပြည်သူ့ဆေးရုံများ၊ Quarantine Center များ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးသည့်နေရာများနှင့် အများပြည်သူ အနားယူအပန်းဖြေနိုင်သော မနော်ရမန်ဥယျာဉ်ရှေ့ရှိ ပန်းဥယျာဉ်နေရာနှင့် မနော်ရမန် ကစားကွင်းတို့အား ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ရန် စေခိုင်းထား ကြောင်း သို့သော် နေလဝင်း(ခ)နို့ဆီဗူးအနေဖြင့် လုံခြုံရေးအဖွဲ့များကြောင့် ဆောင်ရွက်နိုင်မှုမရှိသေး သဖြင့် ဇူလိုင် ၃၀ ရက်တွင် ဖောက်ခွဲမှုများ အပြီးဆောင်ရွက်ရန် ထပ်မံစေခိုင်းထားကြောင်း သိရသည်။ သို့သော် တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုကြောင့် ဖောက်ခွဲရေးပစ္စည်းများနှင့် ဖောက်ခွဲရေးသမားများ ပုန်းရှောင်ခိုအောင်းနေသော မြတောင်ကျောင်းတိုက်အား အချိန်မီဝင်ရောက်ရှာဖွေ နိုင်ခဲ့သဖြင့် မျိုးရန်နောင်သိမ်း၏ အကြမ်းဖက် ဆောင်ရွက်မည့်အစီအမံအား ကြိုတင်တားဆီးနိုင်ခဲ့ ကြောင်း သိရသည်။
သို့ဖြစ်၍ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၊ CRPH နှင့် အကြမ်းဖက်သမား မျိုးရန် နောင်သိမ်းတို့၏ လုပ်ဆောင်ချက်မျးသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်ပျက်ပြားစေရန်နှင့် အပြစ်မဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အကျိုး စီးပွားအား ပျက်စီးစေရန် ပေါ်လွင်လာကြောင်း တွေ့ရှိရသဖြင့် အဆိုပါ အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများအား ဥပဒေအရ ထိရောက် စွာ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီး ရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာ သို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ကြောင်း နှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေး အတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။
သတင်းစဉ်