
နေပြည်တော် ဖေဖော်ဝါရီ ၃
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် လက်ကောင်း ကျေးရွာရှိ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအား မလိုလားသူ အကြမ်းဖက်သမား များက အခြေခံပညာအထက်တန်းကျောင်းခွဲမှ သင်ရိုး ညွှန်းတမ်းစာအုပ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၃ ရက် နံနက် ၆ နာရီ မိနစ် ၅၀ တွင် ပုသိမ်ကြီးမြို့နယ် လက်ကောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အတွင်း၌ သိမ်းဆည်းထားရှိသည့် သင်ရိုးညွှန်းတမ်းစာအုပ်များအား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း။ ထိုသို့ ဖျက်ဆီးမှုကြောင့် “အကယ်ဒမီရွှေစင်” နှစ်ထပ်ကျောင်း ဆောင်အတွင်းရှိ စာသင်ခုံအဟောင်းနှစ်လုံးနှင့် ကျောင်းသင်ရိုးညွှန်းတမ်းစာအုပ်များ (တန်ဖိုးငွေ ၃ သိန်း ကျပ်ခန့်) မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး ကျောင်းဆောင်အား မီးကူးစက် လောင်ကျွမ်းခဲ့မှု မရှိကြောင်း သိရသည်။
ထိုကဲ့သို့ ကလေးသူငယ်များ အေးချမ်းစွာပညာ သင်ကြားလျက်ရှိသည့် ကျောင်းအတွင်းရှိ သင်ရိုးညွှန်း တမ်းစာအုပ်များအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်