
နေပြည်တော် ဇူလိုင် ၂၆
မန္တလေးတိုင်းဒေသကြီး ရမည်း သင်းမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၉၃ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၇၇ ဒသမ ၅၂ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရ သည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၀ ရက် နံနက် ၁ နာရီခွဲ တွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ရမည်းသင်း-ရွှေမြင်တင် သွားကားလမ်း သင်ပန်းကုန်းလမ်းဆုံတွင် ရွှေမြင် တင်မှ ရမည်းသင်းဘက်သို့ အောင်မျိုးထက် (ခ) ငယ်ငယ် မောင်းနှင်ပြီး ရာဇာစိုး(ခ)စိုးငယ် လိုက်ပါလာသည့် ဒိုင်နာ မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၇၇ ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ နံနက် ၄ နာရီခွဲ တွင် ရမည်းသင်းမြို့ အောင် မင်္ဂလာရပ်ကွက်ကြီး ရွှေပြည်သာ ရပ်ရှိ တည်းခိုခန်းတွင် ဘိန်းဖြူ များ တာဝန်ခံ သယ်ဆောင်သူများ ဖြစ်ကြသည့် ဇော်ဦး၊ ခွန်ထွန်းလင်း နှင့်အတူ ဖမ်းဆီးရမိ ဘိန်းဖြူများ သယ်ဆောင် ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် မောင်ငြိမ်း၊ ကိုလေး(ခ)သန့်ဇော် ထွန်း၊ အိုက်အွမ်၊ သိန်းလင်းမောင် (ခ)ဒိုဇာ၊ ထွန်းထွန်းဦး(ခ)ကြီးဘ၊ ကျော်သူတို့ ရှစ်ဦးကို ဘိန်းဖြူ သုည ဒသမ ၀၂ ကီလို၊ ဟိုက်ဂျက် မော်တော်ယာဉ် တစ်စီး၊ SURF မော်တော်ယာဉ် တစ်စီး၊ 4 WHEEL DOUBLE CAB မော်တော်ယာဉ် တစ်စီးတို့နှင့်အတူ ဆက်လက် ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၉၃ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၇၇ ဒသမ ၅၂ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်း ရမိဘိန်းဖြူများကို ရှမ်းပြည်နယ် (တောင်ပိုင်း)မှ မန္တလေးတိုင်း ဒေသကြီးသို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့ အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန် သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်