
ရန်ကုန် ဩဂုတ် ၂၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန် ပြည်နယ် ကူမင်းမြို့၌ ဩဂုတ် ၂၈ ရက်မှ ၂၉ ရက်အထိကျင်းပမည့် ယူနန်ပြည်နယ်နှင့် အရှေ့တောင် အာရှနိုင်ငံများဆိုင်ရာ “The Belt and Road Initiative” ၏ ပွင့်လင်းမြင်သာစွာ တည်ဆောက် ရေး နှီးနှောဖလှယ်ပွဲသို့ တက် ရောက်ရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန် တိုင်းဒေသကြီးဝန်ကြီး ဦးဇော်ဝင်း၊ ဦးစောဂျက်ကော့ထူးနှင့် တာဝန် ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပမည့် ယူနန်ပြည်နယ်နှင့် အရှေ့တောင်အာရှ နိုင်ငံများ ဆိုင်ရာ “The Belt and Road Initiative” ၏ ပွင့်လင်းမြင်သာစွာ တည်ဆောက်ရေး နှီးနှောဖလှယ် ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ဦးဆောင်၍ အဖွဲ့ဝင် များအဖြစ် ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့် အောင်၊ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ အတွင်း ရေးမှူး ဦးဝင်းမောင်၊ ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦး၊ မန္တလေး မြို့တော်စည်ပင် သာယာရေးကော်မတီဌာနခွဲမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေလင်းထက်တို့ လိုက်ပါ သွားကြသည်။
အဆိုပါ နှီးနှောဖလှယ်ပွဲ၌ ဒေသတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် အရှေ့တောင် အာရှနိုင်ငံများနှင့် နိုင်ငံတကာ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ အားကောင်း လာစေရန်၊ စီးပွားရေးလုပ်ငန်း များ မြှင့်တင်ရန်၊ အဂတိ လိုက်စားမှုဆိုင်ရာ စိန်ခေါ်မှု များကို ကိုင်တွယ်ဖြေရှင်းရန်၊ နယ်စပ်ဖြတ်ကျော် အဂတိ လိုက်စားမှုကို တားဆီးနှိမ်နင်း ရေးနှင့်ပတ်သက်သော အစီအမံ များ ဆောင်ရွက်ရန်တို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)