မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ငွေကျပ်သိန်း ၇၂၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများနှင့် ပစ္စတိုသေနတ်တစ်လက် ဖမ်းဆီးရမိ

နေပြည်တော်  အောက်တိုဘာ  ၁၁
မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ငွေကျပ်သိန်း ၇၂၀၀ ကျော်တန်ဖိုးရှိ   စိတ်ပြောင်းဆေးဝါးများနှင့်   ပစ္စတိုသေနတ် တစ်လက် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည်  အောက်တိုဘာ ၅ ရက် ည ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက် ၃၅ လမ်း၊ ၅၃ x ၅၄ ကြားတွင် စိုင်းဆိုင်လှိုင်း  မောင်းနှင်ပြီး ဖြိုးငြိမ်းကျော် လိုက်ပါလာသည့်  SUZUKI SWIFT  မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ   စိတ်ပြောင်းဆေးဝါးများဖြစ်သည့်   အက်တက်စီဆေးပြား ၁၇၀၀ ၊ ကက်တမင်း ၂ ဒသမ ၅၅ ကီလိုနှင့်  Happy Water ၃၀ ဂရမ် သိမ်းဆည်းရမိခဲ့ပြီး  စစ်ဆေးဖော်ထုတ်ချက်အရ  ပူးပေါင်းအဖွဲ့သည် ည ၈ နာရီတွင်  မဟာအောင်မြေမြို့နယ် ရွှေဘုန်းရှိန်ရပ်ကွက်ရှိ ဖြိုးငြိမ်း ကျော်  ငှားရမ်းနေထိုင်သည့်  နေအိမ်မှ   အက်တက်စီဆေးပြား ၆၀ ၊ Happy Water  ၂၂၅  ဂရမ်နှင့်    ကက်တမင်း ၁၀၇ ဒသမ ၅ ဂရမ်ကို လည်းကောင်း၊   ကွင်းဆက်ဖော်ထုတ်ချက်အရ   စိတ်ပြောင်းဆေးဝါးများ   သယ်ဆောင်ရောင်းဝယ်ရာတွင်   ပူးပေါင်းပါဝင်သူများဖြစ်သည့် လွင်ထူး အောင်  ကို အောက်တိုဘာ ၆ ရက်  မွန်းလွဲ ၂ နာရီတွင် ပဲခူးတိုင်းဒေသကြီး ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၇၂)အနီးတွင် JETOUR  X 70 မော်တော်ယာဉ် တစ်စီး၊ ကက်တမင်း ၇ ဒသမ ၄၀၅ ကီလို၊ Happy Water ၈၀၀ ဂရမ်၊ အက်တက်စီဆေး နှစ်ပြား၊ ပစ္စတိုသေနတ် တစ်လက်၊ ကျည်အိမ်နှစ်ခု၊   ပြောင်းပိုတစ်ခု၊    အသံတိတ်ပြောင်းပိုတစ်ခု၊  မြန်မာ ငွေကျပ် ၁၀ သိန်းနှင့်လည်းကောင်း၊ အိုက်ကွမ်း(ခ)စိုင်းကွမ်းခမ်း ကို ယင်းနေ့ ညနေ ၃ နာရီခွဲတွင်  မူဆယ်မြို့ တော်ရွက်ရပ်ကွက် ဟိုဆောင် နယ်မြေရှိ ၎င်း၏နေအိမ်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ်  သိန်း ၇၂၀၀  ကျော်တန်ဖိုးရှိ ကက်တမင်း ၁၀ ဒသမ ၀၆၂၅ ကီလို၊  Happy Water ၁ ဒသမ ၅၅ ကီလိုနှင့် အက်တက်စီဆေးပြား ၁၇၆၂ ပြား  သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများကို ရှမ်းပြည်နယ်မှ  ကရင်ပြည်နယ်သို့  သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ် ကြောင်း    သိရှိရသဖြင့်    ၎င်းတို့အား  ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း သိရသည်။                              သတင်းစဉ်