
ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ပရီမီယာလိဂ် ပွဲစဉ် (၁၉) တွင် မန်ယူ၊ ဘရိုက်တန်တို့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး အာဆင်နယ်အသင်း သရေကျခဲ့သည်။
မန်ယူအသင်းက ယခုအနိုင်ပွဲကြောင့် နောက်ဆုံး လေးပွဲဆက် နိုင်ပွဲရရှိခဲ့ကာ ပြိုင်ဘက် ဘုန်းမောက်အသင်း က နောက်ဆုံးလေးပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းအတွက် သွင်းဂိုးများကို ကက်စမီရို၊ လုခ်ရှော နှင့် ရက်ဖို့ဒ်တို့က ပွဲချိန် ၂၃ မိနစ်၊ ၄၉ မိနစ်နှင့် ၈၆ မိနစ် တို့တွင် သွင်းယူပေးခဲ့သည်။ ဘရိုက်တန်နှင့် အဲဗာတန် အသင်းတို့ပွဲစဉ်တွင် ဘရိုက်တန်အသင်းက ဂိုးအသာ၊ ခြေအသာဖြင့် ထိန်းချုပ်ကစားနိုင်ပြီး ဂိုးပြတ်နိုင်ပွဲ ရလဒ် ဖော်ဆောင်နိုင်ခဲ့သည်။ ဘရိုက်တန်အတွက် သွင်းဂိုးများ ကို မိတိုမာနှင့် ဖာဂူဆန်တို့က ပွဲချိန် ၁၄ မိနစ်နှင့် ၅၁ မိနစ်တွင် သွင်းယူနိုင်ခဲ့ပြီး အသင်းအတွက် တတိယဂိုး နှင့် စတုတ္ထဂိုးကို ပွဲချိန် ၅၄ မိနစ်နှင့် ၅၇ မိနစ်တို့တွင် မာ့ချ်နှင့် ဂရော့စ်တို့က သွင်းယူပေးခဲ့သည်။ အဲဗာတန် အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲချိန် ပြည့်ခါနီးတွင် ပယ်နယ်တီမှတစ်ဆင့် ဂရေးက သွင်းယူ ပေးခဲ့သည်။
အာဆင်နယ်နှင့် နယူးကာဆယ်အသင်းတို့ပွဲစဉ်တွင် အပြန်အလှန်ထိုးဖောက်မှုများဖြင့် အကြိတ်အနယ် ရှိခဲ့ သော်လည်း ဂိုးမရှိသရေဖြင့် ကျေနပ်ခဲ့ရသည်။ အခြား သော ပွဲစဉ်တွင် ဖူလ်ဟမ်က လက်စတာကို တစ်ဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရရှိခဲ့သည်။
အောင်ဇော်