မန်ယူကွင်းလယ်ကစားသမား မာတစ်ကို စပိန်နာမည်ကြီး ဘာစီလိုနာအသင်း ခေါ်ယူရန်ဆန္ဒရှိနေ

 

စပိန်နာမည်ကြီး  ဘာစီလိုနာအသင်းသည် ပရီမီယာ လိဂ်ကလပ် မန်ယူအသင်းမှ   ကွင်းလယ်ကစား သမား နီမန်ဂျာမာတစ်ကို   ခေါ်ယူလိုနေကြောင်း   သတင်းများတွင် ဖော်ပြထားသည်။ အသက် ၃၃နှစ် အရွယ်ရှိ မာတစ်သည် မန်ယူအသင်းနှင့်    ချုပ်ဆို ထားသော စာချုပ်သက်တမ်းမှာ ၁၈   လ ကျန်ရှိ နေသေးသည်။ သို့သော်လည်း ဘာစီလိုနာအသင်း သည်   လာမည့်   နွေရာသီအပြောင်းအရွှေ့တွင် အဆိုပါကွင်းလယ်ကစားသမားကို နူးကမ့်သို့ ခေါ်ယူ ရန် ဆန္ဒရှိနေခြင်းဖြစ်သည်။ 


ပြီးခဲ့သည့် နွေရာသီတွင်   ဘာစီလိုနာအသင်းက ခေါ်ယူရန်   ပစ်မှတ်ထားခဲ့သည့် လီဗာပူးကစားသမား   ဝီလ်ဂျနေဒမ်သည်   ပြင်သစ်ကလပ်   ပီအက်စ်ဂျီ အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့်  ပြောင်းရွှေ့ သွားပြီးနောက်  ယခုအခါ   မန်ယူကွင်းလယ်ကစား သမားအနေဖြင့် အသင်းကို အထောက်အပံ့ကောင်း များ ပံ့ပိုးပေးနိုင်လိမ့်မည်ဟု ယုံကြည်ကာ ခေါ်ယူ လိုနေခြင်းဖြစ်သည်။ လက်ရှိအချိန်အထိ ဘာစီလိုနာ အသင်းသည်    ဘဏ္ဍာရေးအခက်အခဲ  ရှိနေသေး သော်လည်း အသက်အရွယ်အရ ကစားသမားဘဝ  နောက်ဆုံးနှစ်အပိုင်းအခြားသို့  ရောက်ရှိလာပြီဖြစ်သည့် ဆားဘီးယား ကစားသမားဟောင်း  မာတစ်  ကို  ပြောင်းရွှေ့ကြေး  အနည်းငယ်ဖြင့်       ခေါ်ယူနိုင်မည်ဟုလည်း ယုံကြည်နေသည်။  ထို့ကြောင့် ဘာစီလိုနာ အသင်းအနေဖြင့် နွေရာသီတွင် မန်ယူကွင်းလယ် ကစားသမား  မာတစ် ကို ခေါ်ယူသွားနိုင်မလား စောင့်ကြည့်ရမည်ဖြစ်သည်။

 


မာတစ်သည် လက်ရှိတွင် မန်ယူအသင်း၌ တစ်ပတ်လုပ်အားခပေါင် ၁၄၀၀၀၀ ရရှိနေသူဖြစ်သည်။ ၎င်းသည် မန်ယူအသင်းသို့  ၂၀၁၇  ခုနှစ် တွင် ရောက်ရှိလာသူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၁၆၅ ပွဲ ပါဝင်ကစားထားသည်။ စပိန်အခြေစိုက် သတင်းတစ်ရပ်တွင် ဘာစီလိုနာ        အသင်းသည်    မန်စီးတီးအသင်းမှ   အင်္ဂလန်တိုက်စစ်ကစားသမား    ရာဟင်စတားလင်း  (၂၆နှစ်)  ကိုလည်း ဇန်နဝါရီ  အပြောင်းအရွှေ့တွင်  ခေါ်ယူရန် ပြင်ဆင်နေကြောင်း ဖော်ပြထားသည်။  
ဘာစီလိုနာအသင်းသည် ယခုနှစ်ရာသီတွင် ပုံမှန်ခြေစွမ်း ရရှိရန် ရုန်းကန်နေရသည့်အသင်းဖြစ်ပြီး လာလီဂါအမှတ်ပေးဇယားတွင်လည်း ခုနစ်ပွဲကစားပြီး  သုံးပွဲနိုင်၊  သုံးပွဲသရေ၊  တစ်ပွဲရှုံးဖြင့်  ၁၂  မှတ်သာ ရရှိထားသေးသည်။                                  

အောင်ဇော်