မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ အေးခဲအသားတုများ ဖျက်ဆီး

 

ကျိုက်ထို    ဧပြီ    ၁၉


မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မရမ်းချောင်းကျေးရွာ၌  ဖွင့်လှစ်ထားသည့်    မရမ်းချောင်အမြဲတမ်းစစ်ဆေး ရေးစခန်း၌    တရားမဝင်အကောက်ခွန်ပစ္စည်းများ အား အကောက်ခွန်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကိုဦး  ဦးစီး၍ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ တရားမဝင်အကောက်ခွန်မဲ့ပစ္စည်းများအား စစ်ဆေး ဆောင်ရွက်လျက်ရှိရာ ဧပြီ၁၈ ရက် မွန်းလွဲပိုင်းတွင်  ဘားအံမြို့မှ      သယ်ဆောင်လာသည့်      ခန့်မှန်း တန်ဖိုးငွေကျပ် ၅၅၂၀၀၀၀ ရှိ ပြည်သူများ စားသုံးရန် မသင့်သော ထိုင်းနိုင်ငံထုတ် အေးခဲအသားတုများ သိမ်းဆည်းရရှိခဲ့သည်။

 


အဆိုပါ အေးခဲအသားတုများအား ဧပြီ ၁၉ ရက် မွန်းလွဲပိုင်းတွင်    အကောက်ခွန်ဦးစီးဌာန    ဒုတိယ ညွှန်ကြားရေးမှူး ဦးကိုဦး၊ မြို့နယ်ဒုတိယအုပ်ချုပ် ရေးမှူး ဦးထွန်းထွန်းဝင်းနှင့်   ပူးပေါင်းအဖွဲ့ဝင်များက    မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ (အောက်ပုံ)            
ဝင်းမောင်(ကျိုက်ထို)