မရမ်းကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်နေသူများကို လက်ပစ်ဗုံးဖောက်ခွဲ၍ အကြမ်းဖက် ဒဏ်ရာရရှိသူများအား လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေး

 

နေပြည်တော်   ဩဂုတ်   ၁


နိုင်ငံတော်မှ     ပြည်သူလူထုအတွင်း   ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု  ကာကွယ်၊    ထိန်းချုပ်နိုင် ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ရေးလုပ်ငန်းများတွင်    အရေးအကြီးဆုံး ဖြစ်သည့်        ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို နိုင်ငံအဝန်း ဆောင်ရွက်ပေးလျက်ရှိသည်။  ထိုကဲ့သို့ ပြည်သူလူထု၏    အသက်အိုးအိမ်ကို   ကာကွယ် စောင့်ရှောက်နိုင်ရေး   ဆောင်ရွက်ပေးနေမှုအပေါ် အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG၊ CRPH နှင့် ၎င်းတို့ကို ထောက်ခံသည့်    အစွန်းရောက်များက ဆန်ကောလောက်ပင် ဇောက်မနက်သည့် အကြံအစည် ဖြင့် ပြည်သူလူထုကို ပစ်မှတ်ထား၍   အကြမ်းဖက် တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိသည်။

 


ထိုသို့လုပ်ဆောင်လျက်ရှိရာ ရန်ကုန်တိုင်းဒေသ ကြီး မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံး၌ ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊  လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများနှင့် တာဝန်ရှိသူများပူးပေါင်း၍  ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်း များ ဆောင်ရွက်နေစဉ် ယနေ့ မွန်းတည့် ၁၂ နာရီ ခန့်တွင် အနီရောင်ဝတ်စုံဝတ်ဆင်ထားသည့် အကြမ်း ဖက်သူတစ်ဦးက လက်ပစ်ဗုံးနှစ်လုံးဖြင့် လာရောက် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

 


အဆိုပါ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကာကွယ် ဆေးထိုးနှံနေသူများအနက်    ဦးဉာဏ်လှိုင်(ဘ)ဦးမြဒင်၊ ဦးနန်းဝင်း(ဘ)ဦးသိန်းဆွေတို့တွင် ဗုံးစ ထိမှန်(မစိုးရိမ်ရ) ဒဏ်ရာများနှင့်  ဦးသိန်းလွင်(ဘ)ဦးချစ်ဆွေတွင် ဗုံးစထိမှန်(စိုးရိမ်ရ) ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းအဖြစ် ကူညီဆောင်ရွက် ပေးနေသူ   ဒေါ်သီရိသော်သော်(ဘ)ဦးနန်းဝင်း၌ လည်း (စိုးရိမ်ရ) ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် တပ်မတော်ဆေးရုံသို့ပို့ဆောင်၍       လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 


အဆိုပါပြည်သူလူထုကို ပစ်မှတ်ထား၍ အကြမ်း ဖက်ဗုံးဖောက်ခွဲသူကို  ဖမ်းဆီးရမိရေး   လုံခြုံရေး တပ်ဖွဲ့ဝင်များက အပူတပြင်းရှာဖွေဖော်ထုတ်လျက် ရှိကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း မသင်္ကာ ဖွယ် အကြမ်းဖက်သမား၏ သတင်းရရှိပါက အချိန် နှင့်တစ်ပြေးညီ  သက်ဆိုင်ရာသို့   သတင်းပေးပို့ကူညီ ကြပါရန် မေတ္တာရပ်ခံနှိုးဆော်ထားကြောင်း သတင်း ရရှိသည်။                                        

သတင်းစဉ်