MRTV တွင် Cartoon Animation Graphic သင်တန်းဖွင့်လှစ်

နေပြည်တော် ဇွန် ၂၂

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများ လုပ်ငန်း စွမ်းဆောင်ရည် ပိုမိုတိုးတက် ကောင်းမွန်လာစေရန် အတွက် အထောက်အကူပြု သင်တန်း အဖြစ် ကာတွန်းအရုပ်လေးများ ဖြင့် တီထွင်ဆန်းသစ်ဖန်တီးမှု ပြုလုပ်ရသည့် Cartoon Animation Graphic သင်တန်း ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်၊ တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကျင်းပသည်။ အဆိုပါသင်တန်းကို မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားတွင် တာဝန် ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား လုပ်ငန်းတာဝန် ထမ်းဆောင်ရာတွင် အတွေး အခေါ် ဆန်းသစ်မှုများ စဉ်ဆက် မပြတ်ရရှိစေရေး၊ ပရိသတ်အား ပိုမိုဆွဲဆောင်နိုင်မည့် ချစ်စဖွယ် Cartoon အရုပ်လေးများဖြင့် ဆန်းသစ်တီထွင်ဖန်တီးမှု ပြုလုပ် ရသည့် ပြကွက်များ ထုတ်လွှင့် နိုင်ရေးရည်ရွယ်ချက်ဖြင့် ပို့ချခြင်း ဖြစ်ပြီး ကာတွန်းရုပ်ရှင် ဖန်တီးခြင်းများလည်း ပါဝင် သည်။ သင်တန်းတွင် Graphic ဆိုင်ရာ တီထွင်ဖန်တီးနိုင်သည့် ဝန်ထမ်းများကို ဦးစားပေး ရွေးချယ် တက်ရောက်စေခြင်း ဖြစ်ပြီး သင်တန်းကာလမှာ ဇွန် ၂၂ ရက်မှ ၂၆ ရက်အထိ ငါးရက်ကြာ သင်ကြားပို့ချသွား မည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်