မသိသူကျော်သွား သိသူဖော်စား လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ

Type
5

အေးမွန်(လေဘာ)

၂၀၂၄ ခုနှစ် ဧပြီလဆန်းမှစပြီး အလုပ်သမားဝန်ကြီး ဌာန    အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများလက်စွဲစာအုပ်၊ ၂၀၂၁-၂၀၂၃ ခုနှစ် (Handbook  on  Human Resources Development Indicators, 2021-2024 - HRDI) ကို ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်ပါ တယ်။ စာအုပ်ထွက်ရှိမှာကို စောင့်မျှော်နေကြသူ တွေ၊ အညွှန်းကိန်းအသုံးပြုနေကြသူ (user) တွေက သိရှိပြီးဖြစ်ပေမယ့်  မသိသေးတဲ့သူတွေအတွက် သိရှိစေဖို့ မျှဝေပေးခြင်းဖြစ်ပါတယ်။
လွန်ခဲ့တဲ့ တစ်လခန့်က ထိုင်းနိုင်ငံ Khon Kaen မြို့မှာရှိတဲ့ Mekong Institute မှာ   Regional Cooperation Training    တက်နေတဲ့   ကျွန်မရဲ့ မိတ်ဆွေက နိုင်ငံအလိုက်     မိမိနိုင်ငံအကြောင်း Presentation     ပြုလုပ်ရမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာ Data တွေကို ရှာဖွေရာမှာ ပေးထား တဲ့အချိန်ကလည်းနည်း၊   အခြားသင်ခန်းစာတွေ လည်းရှိ၊ စာရှာချိန်မရဘူးလို့ Online ကနေ စကား ပြောရင်း ညည်းပြနေတာနဲ့ ကျွန်မက “ငါတို့နိုင်ငံရဲ့ လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်း ၆၂ ခုရဲ့  အချက် အလက်ကိန်းဂဏန်း Data တွေ   ခြောက်နှစ်စာ ပါရှိတဲ့ လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ လက်စွဲ စာအုပ်ဖတ်ကြည့်လိုက်၊ အဲဒီစာအုပ်မှာ စီးပွားရေး၊ လူမှုရေး၊ ပညာရေးကိန်းဂဏန်းစတဲ့ အချက်အလက် တွေကို ခြောက်နှစ်စာ  ဖော်ပြထားတယ်။    အဲဒီ အချက်အလက်တွေနဲ့ နင် Presentation  ပြောလို့ လွယ်သွားပြီလို့” အကြံပြုလိုက်ပါတယ်။ 
မကြာခင်မှာ Presentation အောင်မြင်စွာပြီးစီး ကြောင်း၊ ကျွန်မကို ကျေးဇူးတင်ကြောင်း၊  သူ့ရဲ့ Presentation မှာ Reference အဖြစ် ၂၀၂၀-၂၀၂၁ ခုနှစ်၊ HRDI စာအုပ်ရရှိနိုင်တဲ့ ကျွန်မတို့ဝန်ကြီးဌာန Website လိပ်စာ www.mol.gov.mm ကို ထည့်သွင်း ဖော်ပြပေးခဲ့ကြောင်း၊   အခြား မဲခေါင်နိုင်ငံများမှ သင်တန်းသားတွေလည်း ကျွန်မမိတ်ဆွေရဲ့ Pre-sentation ကို စိတ်ဝင်စားကြကြောင်း Message  ပို့လာခဲ့ပါတယ်။    အဲဒီစာအုပ်ကတော့   မနှစ်က (၂၂) ကြိမ်မြောက်ထုတ်ဝေခဲ့တဲ့ လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ (HRDI)လက်စွဲစာအုပ်  ဖြစ်ပါ တယ်။
(၂၃) ကြိမ်မြောက်အဖြစ်  ထုတ်ဝေခြင်း
လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ (HRDI) လက်စွဲစာအုပ်ကို အလုပ်သမားဝန်ကြီးဌာန အလုပ် သမားညွှန်ကြားရေးဦးစီးဌာနက   ၁၉၉၇ ခုနှစ်မှ စတင်ထုတ်ဝေခဲ့ရာမှာ  ၂၀၂၁-၂၀၂၃  စာအုပ် ထုတ်ဝေ ခြင်းဟာ (၂၃) ကြိမ်မြောက်အဖြစ်   ထုတ်ဝေခြင်း ဖြစ်ပါတယ်။ ဒီစာအုပ်လေးဖြစ်ပေါ်လာပုံကို မနှစ်က (၂၂) ကြိမ်မြောက် HRDI စာအုပ်ထွက်ရှိစဉ်က သတင်း စာတွေမှာ ကျွန်မရေးသားခဲ့တဲ့   “စကားပြောနေ သော အညွှန်းကိန်းများ”  ဆောင်းပါးမှာ ကျယ်ကျယ် ပြန့်ပြန့်ဖော်ပြခဲ့ပြီးဖြစ်လို့ ထပ်ပြီး မဖော်ပြလိုတော့ ဘဲ ယခုဆောင်းပါးမှာ HRDI စာအုပ်ရဲ့ အသုံးဝင်မှု ကို အလေးထားဖော်ပြသွားမှာ ဖြစ်ပါတယ်။ 
Website မှာပါ လွှင့်တင်ပေးထား
ယခင်က HRDI   စာအုပ် ထုတ်ဝေဖြန့်ဝေရင် စာအုပ်ကို   အညွှန်းကိန်းရဲ့   ကိန်းဂဏန်းတွေ ပို့ပေးတဲ့ဦးစီးဌာန၊  အဖွဲ့အစည်း၊ ကော်မတီများနဲ့ တက္ကသိုလ်၊ စာကြည့်တိုက်တွေကိုသာ ပေးပို့ဖြစ်ခဲ့ ပါတယ်။ ယခုနောက်ပိုင်း Digital ခေတ်မှာတော့ ဝန်ကြီးဌာန Website မှာပါ လွှင့်တင်ပေးထားတဲ့ အတွက် ပြည်တွင်း/ ပြည်ပ ဘယ်အရပ်ဒေသကမဆို လွယ်ကူလျင်မြန်စွာ HRDI စာအုပ်ကို ဖတ်နိုင်ပြီး စာအုပ်ပါ  Data  များကို   အသုံးပြုနိုင်ပြီဖြစ်တဲ့ အတွက် အထူးဝမ်းမြောက်စရာဖြစ်ပါတယ်။ စာအုပ် ရဲ့အသုံးဝင်ပုံကို သိရှိသူများက ပြည်ပ ခရီးစဉ်တွေ၊ ပြည်တွင်း/ ပြည်ပဆွေးနွေးပွဲတွေနဲ့ အစည်းအဝေး တွေ တက်ရောက်တဲ့အခါ HRDI စာအုပ်ကို ယခင် က ယူဆောင်သွားရလေ့ရှိပါတယ်။ ယခုအချိန်မှာ တော့ ဘယ်နေရာကမဆို   ကျွန်မတို့ဝန်ကြီးဌာန Website မှတစ်ဆင့် ကြည့်ရှုနိုင်တဲ့အတွက် Smart ဖုန်းတစ်လုံးပါရင်ပဲ အားလုံးအဆင်ပြေနေပြီ ဖြစ်ပါ တယ်။ လက်စွဲစာအုပ်အဖုံးမှာ Qr Code ထည့်သွင်း ထားပြီး အလွယ်တကူ Website သို့  ဝင်ရောက် လေ့လာနိုင်စေရန် ဆောင်ရွက်ထားပါတယ်။
ပုံမှန်အားဖြင့် HRDI လက်စွဲစာအုပ်မှာ လူ့စွမ်းအား အရင်းအမြစ်   ဖွံ့ဖြိုးတိုးတက်မှုနဲ့သက်ဆိုင်တဲ့ အညွှန်းကိန်း ၆၂ ခုရဲ့ ခြောက်နှစ်စာ ကိန်းဂဏန်း အချက်အလက်တွေကို ဖော်ပြပါရှိပေမယ့် ယခု စာအုပ်က  ၂၀၂၁-၂၀၂၂ ခုနှစ်အတွက် ခြောက်လ ကြားကာလ ဘဏ္ဍာရေးနှစ်နဲ့  ၂၀၂၂ -၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်   တစ်နှစ်လုံးအတွက်ပါပေါင်းပြီး ဘဏ္ဍာရေးကာလနှစ်ခုပေါင်း   ဖော်ပြထားခြင်း ဖြစ်ပါတယ်။ ဒီလိုဘဏ္ဍာရေးကာလ နှစ်ခုပေါင်း (၂၀၂၁-၂၀၂၃) ခုနှစ် ထုတ်ဝေခြင်းမှာလည်း အညွှန်း ကိန်း အသုံးပြုသူတွေရဲ့  အလုပ်ရုံဆွေးနွေးပွဲမှာ အညွှန်းကိန်းနဲ့  သက်ဆိုင်တဲ့ဌာန၊ အဖွဲ့အစည်း၊ ကော်မတီတွေရဲ့  အကြံပြုချက်တွေအရ    ပိုပြီး အထောက်အကူဖြစ်စေဖို့  ထည့်သွင်းဖော်ပြခဲ့ခြင်း လည်းဖြစ်ပါတယ်။
အလုပ်သမားဝန်ကြီးဌာန       အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ဝန်ထမ်းတွေက နှစ်စဉ် အဆိုပါ HRDI စာအုပ်ထုတ်ဝေနိုင်ဖို့  ပထမဦးစွာ စာအုပ်မှာပါရှိတဲ့    အညွှန်းကိန်းနဲ့သက်ဆိုင်တဲ့ ဝန်ကြီးဌာန ၂၁ ခုအောက်ရှိ ဦးစီးဌာနနဲ့ အဖွဲ့ ၄၄ ခု၊ တက္ကသိုလ်/ကောလိပ် လေးခု၊ အသင်းအဖွဲ့ နှစ်ခု၊ ကော်မတီ တစ်ခုတို့ကို ကိန်းဂဏန်းအချက်အလက် တွေ တောင်းခံရပါတယ်။ 
စာအုပ်ထုတ်ဝေနိုင်ဖို့အတွက်
ရရှိလာတဲ့ ကိန်းဂဏန်းအချက်အလက်တွေကို ပြုစုပြီးနောက် HRDI လက်စွဲစာအုပ်  ပုံမှန်ပြုစု ထုတ်ပြန်နိုင်ရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ (Core Working Group-CWG)   အစည်းအဝေး ပြုလုပ်ပြီး  အစည်းအဝေးမှာ    ပထမမူကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေး၊ ညှိနှိုင်း၊ အတည်ပြုခြင်းများ ဆောင်ရွက်ရပါတယ်။ ဆက်လက်ပြီး    စာအုပ် ထုတ်ဝေနိုင်ဖို့အတွက် ဒုတိယမူကြမ်းနဲ့ ပတ်သက် ပြီး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရပါတယ်။ ဒီအလုပ်ရုံ ဆွေးနွေးပွဲကိုတော့ CWG အဖွဲ့ဝင်တွေသာမကဘဲ စာအုပ်ပါ အညွှန်းကိန်းနဲ့သက်ဆိုင်တဲ့ ဌာန၊ အဖွဲ့ အစည်း၊ ကော်မတီတွေက ကိုယ်စားလှယ်တွေပါ ဖိတ်ကြားပြီး အကြံပြုချက်တွေ၊    ဆွေးနွေးချက် တွေကို ရယူပြီးနောက်    ပြင်ဆင်အတည်ပြုကာ နောက်ဆုံးမူကြမ်းကို အလုပ်သမားဝန်ကြီးဌာနရဲ့  ခွင့်ပြုချက်နဲ့  ပုံနှိပ်ထုတ်ဝေခြင်းဖြစ်ပါတယ်။ 
ကိုဗစ်-၁၉ ကပ်ရောဂါကာလ   လူစုလူဝေးနဲ့  အစည်းအဝေးတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ ပြုလုပ် ခွင့်မရှိတဲ့ ကာလတွေမှာတောင်  HRDI   လက်စွဲ စာအုပ်နှစ်စဉ်ထုတ်ဝေနိုင်ရေး   အညွှန်းကိန်းနဲ့  သက်ဆိုင်တဲ့  ဌာန၊ အဖွဲ့အစည်း၊ ကော်မတီတွေ၊ CWG အဖွဲ့ဝင်တွေဆီ  သဘောထားမှတ်ချက်တွေ ပေးပို့၊  အကြံပြုချက်၊ ဆွေးနွေးချက်၊     ပြင်ဆင် အတည်ပြုချက်များရယူပြီး စာအုပ်ထွက်ရှိနိုင်ရေး ဆောင်ရွက်နိုင်ခဲ့ပါတယ်။ 
ဒီ HRDI စာအုပ်ပါ ကိန်းဂဏန်းတွေက  သက်ဆိုင် ရာ ဌာန၊ အဖွဲ့အစည်း၊ ကော်မတီတွေက    ပြုစု/ တွက်ချက်ထားရှိတဲ့အညွှန်းကိန်းတွေရဲ့  အချက် အလက် ကိန်းဂဏန်းတွေ၊  စစ်တမ်း၊   သန်းခေါင် စာရင်းတွေမှ  ကိန်းဂဏန်းတွေ  ဖြစ်ကြပါတယ်။ ဒါ့အပြင် စာအုပ်မှာ အညွှန်းကိန်းနဲ့  သက်ဆိုင်တဲ့ အဓိပ္ပာယ်ဖော်ပြချက်တွေ၊ တွက်ချက်မှုတွေ (Glos-sary, Definition and Methodology)၊ ကိန်းဂဏန်း ရရှိတဲ့အရင်းအမြစ်တွေကို အောက်ခြေမှတ်ချက် foot note တွေနဲ့  ခိုင်မာစွာဖော်ပြထားပြီး စာအုပ် ကို လွယ်ကူစွာအသုံးပြုနိုင်ဖို့   အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့  ထုတ်ဝေထားခြင်းဖြစ်ပါတယ်။
အထောက်အထားခိုင်မာတဲ့ စာအုပ်
HRDI စာအုပ်မှာ  မိမိတို့နိုင်ငံရဲ့  ဧရိယာအကျယ် အဝန်း၊ လူဦးရေပမာဏ၊ လူဦးရေသိပ်သည်းဆတွေ၊ မြန်မာနိုင်ငံရဲ့  လုပ်သားအင်အား၊  အလုပ်လက်ရှိ၊ အလုပ်လက်မဲ့၊ လုပ်သားအင်အားပါဝင်မှုနှုန်းတွေ၊ ကျန်းမာရေး ဆိုင်ရာကဏ္ဍမှာ ကျန်းမာရေးဝန်ထမ်းနဲ့ လူဦးရေအချိုး၊ ဆေးရုံ၊   ဆေးခန်းအရေအတွက်၊    ပညာရေးဆိုင်ရာကဏ္ဍမှာ ကျောင်းနေနှုန်း၊ ဘွဲ့ရနဲ့ သက်မွေးပညာကျောင်းတွေရဲ့ သင်တန်းပြီးမြောက် သူ အရေအတွက်၊  စီးပွားရေးကဏ္ဍတွေမှာ  ဂျီဒီပီ၊ ကဏ္ဍအလိုက် နိုင်ငံတော်အသုံးစရိတ်တွေ၊ အခြား ကဏ္ဍတွေမှာ  မြေယာအသုံးချမှု၊ သယ်ယူပို့ဆောင် ရေး၊ ဆက်သွယ်ရေး၊ သတင်းနဲ့ ပြန်ကြားရေးကဏ္ဍနဲ့  လူဦးရေနဲ့ မော်တော်ကားစီးရေအချိုး၊ တယ်လီဖုန်း၊ Mobile ဖုန်းသုံးစွဲသူ၊  အင်တာနက်သုံးစွဲသူအရေ အတွက်၊ စာတိုက်မှ  ဝန်ဆောင်မှုပေးမှု၊ ရုပ်ရှင်ရုံ၊ ဗီဒီယိုအရေအတွက်၊ လူမှုဝန်ထမ်းဆိုင်ရာ သင်တန်း ကျောင်းတွေ၊ စင်တာတွေ၊  မှုခင်းဖြစ်ပွားမှုအခြေ အနေ၊ ပြည်သူလူထုရဲ့    ဆေးရုံတက်ရောက်ကုသ ရခြင်းနဲ့ သေဆုံးရခြင်းအကြောင်းရင်းများ  စတဲ့ အဓိက  အကြောင်းအရာတွေကို   အသေးစိတ် ခြောက်နှစ်စာ  ကိန်းဂဏန်းအချက်အလက်တွေ  ထည့်သွင်းဖော်ပြထားပါတယ်။
အခြား စာရင်းအင်းနဲ့   ပတ်သက်တဲ့ ဌာနတွေ၊ အဖွဲ့အစည်းတွေက နိုင်ငံရဲ့ သက်ဆိုင်ရာ စာရင်း အင်း ကိန်းဂဏန်းတွေကို နှစ်စဉ် စာအုပ်ထုတ်ဝေ လျက်ရှိပေမယ့် လူ့စွမ်းအားအရင်းအမြစ်   ဖွံ့ဖြိုး တိုးတက်မှုအညွှန်းကိန်းလက်စွဲစာအုပ်က စာရင်း အင်းကိန်းဂဏန်းအချက်အလက်တွေကို ခြောက်နှစ် စာ ဖော်ပြထားတဲ့အတွက် တစ်ပြိုင်တည်း နှိုင်းယှဉ် ကြည့်ရှုနိုင်ရုံမက အလွန်အသုံးဝင် ရည်ညွှန်းကိုးကား နိုင်တဲ့ အထောက်အထားခိုင်မာတဲ့စာအုပ် ဖြစ်တယ် လို့ ပြောနိုင်ပါတယ်။  
စာအုပ်မှာ ခြောက်နှစ်စာလူဦးရေ၊   ဖွားသေ စာရင်းအင်း၊ ကျန်းမာရေးနဲ့ အာဟာရ၊ ပညာရေးနဲ့  လေ့ကျင့်မှု၊ လုပ်သားစာရင်းအင်း၊    စီးပွားရေး၊ စားသောက်ကုန်ထုတ်လုပ်မှုနဲ့ မြေယာအသုံးချမှု စတဲ့   လူ့စွမ်းအားအရင်းအမြစ်နဲ့  ပတ်သက်တဲ့ အချက်အလက်ကိန်းဂဏန်းတွေကို အခန်းအလိုက် ဖော်ပြထားပါတယ်။ ဒါကြောင့်   ကျွန်မတို့နိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု အတက် အကျ အနိမ့်အမြင့် အခြေအနေအရပ်ရပ်ကို သုံးသပ် နိုင်မှာဖြစ်ပါတယ်။ ဥပမာအနေနဲ့  ပညာရေးကဏ္ဍရှိ အညွှန်းကိန်းတွေကို လေ့လာကြည့်ပါက ၂၀၂၀/ ၂၀၂၁ ခုနှစ်မှာ ကျောင်းသားတွေ   ကျောင်းတက် ရောက်မှု၊ ဘွဲ့ရရှိမှုအခြေအနေဟာ အရေအတွက် အလွန်နည်းပါးကြောင်း တွေ့ရမှာဖြစ်လို့  ဘာကြောင့် ဖြစ်သလဲဆိုတာကို  အခြားအချိန်တွေနဲ့ နှိုင်းယှဉ် ကြည့်ပါက ကမ္ဘာတစ်ဝန်းဖြစ်ပွားခဲ့တဲ့  ၂၀၁၉ ခုနှစ် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ဖြစ်ကြောင်း သုံးသပ်နိုင်မှာဖြစ်ပါတယ်။
 အဲဒါကြောင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်မှု   ခြောက်နှစ်စာအညွှန်းကိန်းတွေကို လေ့လာပြီး ဖြစ်ပျက်ခဲ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ကျဆင်း မှုတို့ကိုသုံးသပ်ပြီး အနာဂတ်အတွက် မူဝါဒချမှတ် ခြင်း၊ စီမံကိန်းတွေ ရေးဆွဲခြင်းကို ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။       ဒါ့ကြောင့် ဒီလူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ    လက်စွဲ စာအုပ်၊ ၂၀၂၁-၂၀၂၃ ခုနှစ် (Handbook on Human Resources Development Indicators, 2021-2024- HRDI) ဟာ  ဝန်ကြီးဌာနတွေ၊ အစိုးရဌာနဆိုင်ရာ တွေ၊ NGO, INGO တွေ၊ တက္ကသိုလ်၊ ကောလိပ်တွေ၊ ကျောင်းသား ကျောင်းသူတွေ၊ သုတေသီတွေအတွက် အထူးပင် အသုံးဝင်တန်ဖိုးရှိတဲ့   စာအုပ်တစ်အုပ် ဖြစ်လို့ မသိရှိသေးသောသူတွေအနေနဲ့ ကျော်သွား ခြင်းများမဖြစ်စေဖို့နဲ့  အများပိုမိုသိရှိ အသုံးပြုနိုင် စေဖို့ မျှဝေလိုက်ရခြင်း ဖြစ်ပါတယ်။    ။